မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့အား ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို (၂၅.၃.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်လည် ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေး၌ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အမှာစကားပြောကြားရာတွင် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်က မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ UNICEF၊ INGO ၊ NGO များနှင့်ပူးပေါင်း၍ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြောင်း၊ မိုင်းအန္တရာယ် အသိပညာပေး Toolkit များ၊ Pamphlet များနှင့် ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ကြောင်း၊ မို်ငးအန္တရာယ်နှင့် ပတ်သက်၍ KAP Survey ကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုအခါ COVID -19 ကမ္ဘာ့ကပ်ရောဂါနှင့် နိုင်ငံရေး အကြပ်အတည်းများကြောင့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ အားနည်း ခဲ့ကြောင်း၊ ယခုအခါ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဦးဆောင်၍ ပြန်လည်ပြင်ဆင် ဖွဲ့စည်းနိုင်ရန် အစည်းအဝေးခေါ်ယူ ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။