မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၀) ဆုံးဖြတ်ချက်အရ မသန်စွမ်းသူများအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ (Barrier Free Tourism Pilot Project) ဝန်ဆောင်မှုများနှင့် လုပ်ငန်းအစီအစဉ်တို့ကို အများနည်းတူ ရရှိ ခံစားနိုင်ရေးအတွက် သေချာစေမည့် အမျိုးသားအဆင့် လုပ်ငန်းစဉ်တစ်ရပ်ချမှတ်နိုင်ရန် အကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် Video Conference ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အကြိုညှိနှိုင်းအစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) တို့ကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အတားအဆီးကင်းသော ပတ်ဝန်းကျင်များ ဖန်တီးဆောင်ရွက်ရန် လိုအပ်ပုံ၊ အထူးသဖြင့် နိုင်ငံတော်၏ဝင်ငွေကို အထောက်အပံ့ဖြစ်စေသည့် ဟိုတယ်နှင့် ခရီးသွား လာရေးကဏ္ဍ၏ အရေးပါပုံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းအစီအစဉ်တို့တွင် မသန်စွမ်းမှု ဆိုင်ရာ အသိပညာပေးအစီအစဉ်များ ပို့ချနိုင်ရေး၊ မသန်စွမ်းသူများအတွက် အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲရန်လိုအပ်သည့် အခြေခံအဆောက်အဦဆိုင်ရာ သတ်မှတ် ချက်များ၊ မသန်စွမ်းမှုအလိုက် ကျွမ်းကျင်မှုရှိသော မသန်စွမ်းဝန်ထမ်းများ ခန့်အပ်ခြင်း၊ မသန်စွမ်း သူများအတွက် အတားအဆီးကင်းသောဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအတွက် ရေရှည်လုပ်ငန်းစဉ် တစ်ရပ် ချမှတ်နိုင်ရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းရေး၊ ယင်းလုပ်ငန်းအဖွဲ့၏ တာဝန်ဝတ္တရားတို့ကို ရေးဆွဲချမှတ်ရေး စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)၊ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ မြန်မာနိုင်ငံအော်တစ်ဇင်အသင်း၊ Future Star ၊ Myanmar Centre for Responsible Business (MCRB)၊ ရွှေရောင်လှိုင်းသစ်မသန်စွမ်းသူများအဖွဲ့နှင့် မေရီ ချက်ပ်မင်းနားမကြားသောကလေးများကျောင်းတို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR