မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နောက်ဆက်တွဲ စောင့်ရှောက်မှုလုပ်ငန်းကို ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး များနှင့် တွေ့ဆုံကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့်ကျင်းပခဲ့ပါသည်။ 

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးက ယခုကျင်းပ သည့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများနှင့် တွေ့ဆုံသည့် အစည်းအဝေးသည် မိမိ အနေဖြင့်ပထမအကြိမ်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ကို ဇန်နဝါရီလတွင် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ် ရေးမှူးများနှင့် အစည်းအဝေးကျင်းပရန် စီစဉ်ထားရှိခဲ့သော်လည်း အသင်းအဖွဲ့များ၏ စာရင်းများ ပြုစုခြင်းနှင့်အဆက်အသွယ်ရရှိရေး ဆောင်ရွက်နေခြင်းတို့ကြောင့် ယခုအချိန်မှသာ အစည်းအဝေး ကို ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခင်က လူမှုဝန်ထမ်းဦးစီးဌာနတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူး တာဝန်အား (၆)နှစ်ကာလ ထမ်းဆောင်နေချိန်က မန္တလေးတိုင်းဒေသကြီးစေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးများနှင့်လက်တွဲဆောင်ရွက်ခြင်းများရှိခဲ့ပြီးအောင်မြင်မှုများရှိခဲ့ပါကြောင်း၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနနှင့်ယခုကျင်းပတဲ့အစည်းအဝေးတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စေတနာ့ ဝန်ထမ်း မူးယစ်ကြီး ကြပ်ရေးမှူးများတက်ရောက်သည်ကိုသိရှိရပါကြောင်း၊ ဦးစီးဌာနလုပ်ငန်းစဉ် (၅)ရပ်အနက် အဓိကလုပ်ငန်းတာဝန်တစ်ခုမှာ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းဖြစ်ပါကြောင်း၊ ဦးစီးဌာန၏ဖွဲ့စည်းပုံတွင် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ဦးစီးရုံးများ မရှိ သေးသော်လည်း နယ်ရုံးများရှိ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး စခန်းများ အနေဖြင့် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများဆောင်ရွက်လျက်ရှိပြီး ရပ်ရွာအခြေပြု သင်တန်းများကို ကိုဗစ်-၁၉ကာလဖြစ်၍ ဆောင်ရွက်နိုင်ခြင်းမရှိသေးသဖြင့် မျှော်မှန်းထားသည့် အခြေအနေထိ မရောက်ရှိသေးပါကြောင်း၊ လူငယ်များကြားတွင် မူးယစ်ဆေးဝါးကို ကျယ်ကျယ် ပြန့်ပြန့် နည်းမျိုးစုံဖြင့် ရောက်ရှိနေသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းကိုလည်း ရပ်တန့်မနေပဲ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ထမ်း အင်အားသာမက စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၏ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုများ လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူသူ များအား နောက်ဆက်တွဲ စောင့်ရှောက်မှုလုပ်ငန်းများကို လက်တွဲဆောင်ရွက်သွားရမည် ဖြစ် ပါကြောင်း၊ အဆိုပါ လုပ်ငန်းသည် ခက်ခဲသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ထိထိရောက်ရောက် မဆောင်ရွက်နိုင်ပါက မူးယစ်ဆေးစွဲခဲ့သည့် လူငယ်များအနေဖြင့် မူးယစ်သံသရာသို့ ပြန်လည် ရောက်ရှိနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်း အားနည်းလာသည်ဟု သုံးသပ်ရပါ သဖြင့် ယခုအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေး သင်တန်းသို့ တက်ရောက်ပြီးသူများအတွက် နောက်ဆက်တွဲ စောင့်ရှောက်ခြင်းလုပ်ငန်းများကို စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းများမှ ယခင် အတိုင်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် အများအကျိုးအတွက် လုပ်အားဒါနအဖြစ် အချိန်ပေးဆောင်ရွက်သည့်အတွက် ဌာနကိုယ်စား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း စေတနာ့ဝန်ထမ်းတာဝန် ထမ်းဆောင် ခဲ့သည့် အရေအတွက်မှာ (၃)သောင်းခန့်ရှိခဲ့ပြီး တတိယလှိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများသည် ပြည်သူ အကျိုးပြုလုပ်ငန်းဖြစ်ပြီး လုပ်ငန်းများရပ်တန့် လိုက်ပါက  မူးယစ်ဆေးစွဲလူငယ်များအား ထိခိုက် နစ်နာနိုင်ပါကြောင်း၊ မူးယစ်ကြီးကြပ်ရေးမှူး အသင်းများ အနေဖြင့်လည်း ပူးပေါင်း၍ အကောင် အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ 

အခမ်းအနား အစီအစဉ်အရ တက်ရောက်လာသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းမူးယစ် ကြီးကြပ်ရေးမှူး အသင်းများမှ တာဝန်ရှိသူများက ၎င်းတို့ ဆောင်ရွက် နေသည့် လုပ်ငန်းများ၊ လိုအပ်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေး တင်ပြကြပါသည်။  မူးယစ်ဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဉာဏ်မြင့်အောင်က လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မူးယစ်ဌာနခွဲမှ အရာထမ်း၊အမှုထမ်းများ၊နယ်ရုံးများမှ စခန်းမန်နေဂျာ များနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်သူများအသင်းအဖွဲ့များမှ တာဝန်ခံများ၊ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးအား နေ့လယ်( ၁၂ ) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။


နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR