၁။           ASEAN Regional Mine Action Center (ARMAC) မှ နေပြည်တော်တွင် အစည်း အဝေးများ ကျင်းပပြုလုပ်မည့် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြ သည့် အစည်းအဝေးကို (၂၂.၄.၂၀၂၂) ရက်နေ့၊ နံနက်(၁:ဝဝ)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး (EC) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


၂။    အဆိုပါ အစည်းအဝေး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒီကနေ့ အစည်း အဝေးသည် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန တို့နှင့်ပူးပေါင်း၍ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးများနှင့် ပတ်သက်၍ နိုင်ငံခြားသားဧည့်သည်များပါဝင်ပြီး ဆောင်ရွက်မည့် အစည်းအဝေးဖြစ်သည့်အတွက် ကြိုတင် ဆောင်ရွက်ထားရှိရမည့် ကိစ္စရပ်များကို အလေးထားပြင်ဆင်သင့်ပါကြောင်း၊ မိုင်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများနှင့် မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီထောက်ပံ့ပေး ခြင်း လုပ်ငန်းတို့ကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်သင့်ပါကြောင်း၊ ဆောင်ရွက်လိုသည့် အစည်း အဝေးများနှင့် စပ်လျဉ်း၍သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းအကောင် အထည်ဖော်ဆောင်ရွက်စေချင်ပါကြောင်း၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစွာ ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


၃။           ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အစည်းအဝေးနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန အနေဖြင့် (CRC) အရ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မိုင်းကြောင့်ဖြစ်ပေါ်လာသော ဆက်နွယ်နေ သည့် လူနေမှုဘဝ ပုံစံပြောင်းလဲသွားမှုများအပေါ် ကူညီစောင့်ရှောက်ပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မိုင်းအန္တရာယ်အသိပညာပေးခြင်းကိုအဓိက အလေးထားဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။


၄။           ASEAN Regional Mine Action Center (ARMAC) မှ နေပြည်တော်တွင် အစည်း အဝေးများ ကျင်းပပြုလုပ်မည့် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးထံ (Power Point) ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

နောက်ဆုံးရသတင်းများ

မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့နှင့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအတွက် စိစစ် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operation Procedure – SOP) (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR