မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည် ထူထောင်ရေးစခန်း(မန္တလေး)တွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဆင်းပွဲ အခမ်းအနားအား (၃၀.၅.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင် ရေးစခန်း(မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါကြွယ်က လူငယ်များကို အဓိက ခြိမ်းခြောက်လျက်ရှိသည်မှာ မူးယစ်ဆေးဝါးပင် ဖြစ်ပါကြောင်း၊ လူသားများ၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခြိမ်းခြောက်လျက်ရှိသော အရက်၊  ဆေးလိပ်၊ ဆေးရွက်ကြီး၊ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အလွန်အရေးကြီး ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးနိုင်စေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုး များကို ပိုမိုသိရှိနားလည်နိုင်စေရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲဆိုးကျိုးများကို ကိုယ်တိုင်နားလည်သဘောပေါက်ပြီး မူးယစ် ဆေးဝါးသုံးစွဲမှုများ လျော့ကျလာမည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းစဉ်(၅)ရပ်အနက် (၁)ခုဖြစ်သော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူ‌ထောင်ရေး လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နေပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း(၁၄)ခု၌ စခန်းအခြေပြု၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းများ ဖွင့်၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ်ပြီးသောလူငယ်/လူရွယ်များကို စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာများ ပြန်လည်ထူထောင်မှုပေးလျက်ရှိပါကြောင်း၊ ပြန်လည်ထူ ထောင်မှုသင်တန်းဆင်းသင်တန်းသားများအား  ရပ်ရွာသို့ ရောက်ရှိသည့်အခါ လူ့အသိုင်းအဝိုင်း အတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းနိုင်ရေး၊ မူးယစ်နွံထဲ နောက်တစ်ဖန်မကျရောက်စေရေးအတွက် နောက်ဆက်တွဲစောင့်ရှောက်မှုပေးသည့် အခန်းကဏ္ဏမှာ အလွန်အရေးကြီးသည့်အတွက်  စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်း သားများအနေဖြင့် သင်တန်းကာလအတွင်း သင်ကြားခဲ့ရသည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နည်းလမ်းများ၊ နောက်ဆက်တွဲစောင့်ရှောက်မှုပေးခြင်းဆိုင်ရာနည်းလမ်းများ၊ မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်းကို သိရှိနားလည်ပြီး ရပ်ရွာအတွင်းရောက်ရှိသည့်အခါ ဆေးပြတ်ပြီး သူလူငယ်များအား လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နိုင်ရန်၊ လူမှုအဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အရ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းဆင်းသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ခဲ့ပါသည်။ 

သင်တန်းဆင်းပွဲအခမ်းအနားတွင် စိတ်ကျန်းမာရေးဆေးရုံ (ထုံးဘို)၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူးယစ်အထူးတပ်ဖွဲ့စု၊ လူကုန်ကူးမှု/လူမှောင်ခိုနှင့်ကလေးသူငယ် စောင့်ရှောက်ရေးရဲတပ်ဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆန့်ကျင်ရေးအသင်း၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး အသင်း(ဗဟို)၊  မြို့နယ်ဥပဒေရုံး၊  မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းနှင့် လူကုန်ကူးခံရသူများယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများမှ တာဝန်ရှိသူများနှင့် သင်တန်း သားများ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ကြပါသည်။

စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၁/၂၀၂၃) ကို (၂၆.၅.၂၀၂၃) ရက်နေ့မှ (၃၀.၅.၂၀၂၃) ရက်နေ့အထိ သင်တန်းသား (၂၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း သင်တန်းနည်းပြများမှ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးစခန်း၏ လုပ်ငန်းတာဝန်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ၊ မူးယစ်ဆေးစွဲရောဂါနှင့် ကုသမှုပုံစံများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အန္တရာယ် များအကြောင်း၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၏ တာဝန်ဝတ္တရားများနှင့် လိုက်နာ ရမည့်စည်းမျဉ်းစည်းကမ်းများ၊ နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ၊ ကြုံတွေ့နိုင်သော အခက်အခဲများနှင့် ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်း သင်ကြားပို့ချပေးခဲ့ပြီး အခမ်း အနားအား  (၁၆:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR