လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနသည် လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်‌ရေးလုပ်ငန်းတို့ကို (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးတွင် ကိုဗစ်-၁၉ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ သတ်မှတ်နေရာတို့တွင် ဆောင်ရွက်ခဲ့ပြီး (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင်လည်း ဆက်လက်‌ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNICEF (မြန်မာ)၊ SPPRG ၊ TDHL၊ World Vision၊ Kinnected Myanmar တို့နှင့်ပူးပေါင်း၍ ညှိနှိုင်းအစည်းအဝေးကို Virtual Meeting အဖြစ် ပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးတက်ရောက်လာသူများက ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းပေါ်နေကလေးများအား ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့ဆောင်ရွက်ခဲ့မှုဆိုင်ရာ အစီရင်ခံစာ၊ မြန်မာနိုင်ငံအတွင်း လက်ရှိဆောင်ရွက်နေသည့် လမ်းပေါ်နေကလေး ကာကွယ်စောင့်ရှောက်‌ခြင်းဆိုင်ရာ အစီအစဉ်တို့၏ တိုးတက်ပြောင်းလဲမှု အခြေအနေများ၊ နိုင်ငံတကာတွင် လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်‌ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် အလေ့အထကောင်းများ၊ လမ်းပေါ်နေ ကလေးများ ကာကွယ်စောင့်ရှောက်‌ရေးတွင် လိုအပ်သည့် အတန်းပညာ သင်ယူနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းပညာသင်ယူနိုင်ရေး၊ ဌာနအခြေပြု ပြုစုစောင့်ရှောက်ခြင်းတို့နှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း၊ စိန်ခေါ်မှုတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည့်အပြင် ရေရှည်ဆောင်ရွက်နိုင်မည့် မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ လုပ်ငန်းစီမံချက်များရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်လည်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာမူဝါဒနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတို့သည် လူတိုင်းအတွက် သေချာစေရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအခြေခံမူများနှင့် ကိုက်ညီမှုကို အားပေးစေသည့် တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပ
မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့နှင့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအတွက် စိစစ် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operation Procedure – SOP) (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

MOS

DSW

DDM

DOR