ပြန်လည်ထူထောင်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအကြား သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တို့နှင့်စပ်လျဉ်းသည့် အခြေခံသဘောတရား လုပ်ငန်းအစီအစဉ်များ ဆောင်ရွက် ပုံနည်းလမ်းများ၊ အတွေးအမြင်၊ ဗဟုသုတစသည်တို့ကိုသိရှိနားလည်ပြီး စွမ်းဆောင်ရည်ပိုမို ပြည့်ဝ လာစေရန်ရည်ရွယ်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲ (Talk show) အစီအစဉ်ကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။            

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲ(Talk Show) အစီအစဉ်တွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်တောင်စုဝန်ကြီး၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် Operational Excellent ဖြစ်စေရန် ရည်ရွယ်၍ ယခုလို စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို ဒုတိယအကြိမ် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ယခုအစီအစဉ်သို့ တက်ရောက်ကြသည့် ဝန်ထမ်းများအနေဖြင့် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာတို့ကို သိရှိ နားလည်နိုင်ရေးအပြင် လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ အတွေ့အကြုံတို့ကိုလည်း သိရှိနိုင်မည် ဖြစ်ကြောင်း၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပသို့သွားရောက်သည့်အခါဖြစ်စေ ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအစီအစဉ်တို့ကို ဆွေးနွေးပြောကြားနိုင်သည့် စွမ်းဆောင်ရည်မြင့်တက်လာနိုင်မည်ဖြစ် ကြောင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် ပါဝင်ဆွေးနွေးခြင်းအားဖြင့် မိမိကိုယ်မိမိယုံကြည် မှုတို့ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြင့်မားရေးအစီအစဉ်တို့ကို ယခုလို Talk Show အစီအစဉ်အပြင် Workshop တို့ကိုပါ ပြုလုပ် သွားမည် ဖြစ်သောကြောင့် သေချာစွာလေ့လာလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်းအဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီးစကားဝိုင်ဆွေးနွေးပွဲ(Talk Show) ကို ကျင်းပပြုလုပ်ရာ ဦးဆောင်ဆွေးနွေး သူနှင့် ပါဝင်ဆွေးနွေးသည့် အရာထမ်းများက မူးယစ်ဆေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲပါက ရရှိနိုင်သောဆိုးကျိုးများ၊ မူယစ်ဆေးသုံးစွဲ ထားသည်ကို သိသာစေသောအချက်များ၊ မူးယစ်ဆေးပြန်လည်သုံးစွဲရသော အကြောင်းအရင်း များ၊ မူးယစ်ဆေးစွဲသူများ၏ ဘဝလမ်းကြောင်းများ၊ မူးယစ်ဆေးစွဲသူများနှင့် ပတ်သက်၍ လူမှုရေးဆိုင်ရာကူညီပေးရေးကိစ္စများ၊ မူးယစ်ဆေးကို စတင်အသုံးပြုရသော အကြောင်းအရင်း များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးဆိုင်ရာဥပဒေနှင့် ဥပဒေ ပြင်ဆင်ချက်များ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာမူဝါဒ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး၊ တက်ရောက်လာကြသူများက သိရှိလိုသည့် မေးခွန်း များမေးမြန်းခြင်း၊ ဖြည့်စွက်ဆွေး‌နွေးလိုသည့်အချက်များ တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါ သည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ကTalk Show အစီအစဉ်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်အလက်တို့ကို အကြံပြုပြောကြား ပေးခဲ့ပါသည်။ ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ အဓိက အုပ်စုကြီး(၃)စု အကြောင်းများ၊ မူးယစ်ဆေးဝါး ဆိုင်ရာဗဟုသုတများ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေများအကြောင်း၊ မူးယစ်သမိုင်းစဉ်နှင့်ပတ်သက်သည့် လေ့လာမှတ်သားဖွယ်ရာများ၊ အပြည်ပြည်ဆိုင်ရာက သတ်မှတ်ထားသော ပြန်လည်ထူထောင်မှု လုပ်ငန်းစဉ် (၇) ချက်နှင့်အညီ မူးယစ်ဆေးစွဲသူများကို ပြန်လည်ထူထောင်ပေးပြီး လူမှုအသိုင်း အဝိုင်းထဲသို့ ပြန်လည်ဝင်ဆံ့လာအောင်  ဆောင်ရွက်ပေးခြင်း၊ Follow Up ပြုလုပ်ရာတွင် ထိရောက်အောင် ပြုလုပ်ရန်လိုအပ်ကြောင်း၊ စခန်းဂေဟာများမှလည်း ထိရောက်သော နည်းပညာသစ်များ၊ ပညာရပ်များ၊ နည်းလမ်းများကို ရှာဖွေပြီး ခေတ်နှင့်လျော်ညီသော ကုသမှု ကုထုံးတို့ကို ဆောင်ရွက်ရန်လိုကြောင်း သုံးသပ်ဆွေးနွေး ပြောကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR