မသန်စွမ်းသူများအသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်ရန် အတွက် Standard Operation Procedure –SOP (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force)၏ ပထမအကြိမ် အစည်းအဝေးကို (၂၅--၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီတွင် ပြန်လည်ထူ ထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်

 

ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ Task Force အဖွဲ့ခေါင်းဆောင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

          ပြန်လည်ထူထောင်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် မိုင်းအန္တရာယ်အသိပညာပေးခြင်းနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ မသန်စွမ်းသူများပြန်လည်ထူထောင်ရေး လုပ်ငန်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်း၊ လူကုန်ကူးခံရသူများပြန်လည်ထူ ထောင်ရေးလုပ်ငန်းစသည့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသင်းအဖွဲ့များ၏ အသင်းအဖွဲ့မှတ်ပုံတင်ရရှိရေးအတွက် ထောက်ခံချက်တောင်းခံလာပါက ဝန်ကြီး ဌာနတွင် ဖွဲ့စည်းထားရှိသည့် Core Group ဖြင့် စိစစ်၍ ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီသို့ တင်ပြ အတည်ပြုချက်ရရှိမှသာ ထောက်ခံချက်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ပါကြောင်း၊ မသန်စွမ်းသူ များ၏ အခွင့်အရေးဥပဒေ (၂၀၁၅) အရ မသန်စွမ်းမှုအမျိုးအစားအလိုက်ဖြစ်စေ၊ မသန်စွမ်းအမျိုးအစား များ စုပေါင်း၍ဖြစ်စေ သက်ဆိုင်ရာ မသန်စွမ်းသူများအသင်းအဖွဲ့တစ်ခုခုကို မှတ်ပုံတင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မသန်စွမ်းသူများအသင်းမှတဆင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်သို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး မြန်မာနိုင်ငံမသန်စွမ်းသူ များအသင်းချုပ်အနေဖြင့် လျှောက်ထားချက်ကို စိစစ်ပြီး သဘောထားမှတ်ချက်နှင့်အတူ အမျိုးသား ကော်မတီသို့ တင်ပြရမည်ဖြစ်ပါကြောင်း၊ အမျိုးသားကော်မတီအနေဖြင့် အသင်းချုပ်၏ တင်ပြချက်များကို စိစစ်ပြီး အသင်းအဖွဲ့၏ မှတ်ပုံတင်ခွင့်သက်တမ်းနှင့် စည်းကမ်းချက်များ သတ်မှတ်ပြီး မှတ်ပုံတင်ခွင့် ပြုခြင်း သို့မဟုတ် မှတ်ပုံတင်ရန် ငြင်းပယ်ခြင်းပြုနိုင်ပြီး မှတ်ပုံတင်ခွင့်ပြုသော မသန်စွမ်းအသင်းအဖွဲ့အား သတ်မှတ်ထားသော မှတ်ပုံတင်ခပေးသွင်းစေပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည် ဖြစ်ပါကြောင်း၊ (၁၄--၂၀၂၄)ရက်နေ့တွင် မသန်စွမ်းအသင်းအဖွဲ့များ မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် မသန်စွမ်းအသင်းအဖွဲ့များ၏ မှတ်ပုံတင်လျှောက်ထားခြင်းလုပ်ငန်းအား စိစစ်နိုင်ရေး အတွက် SOP (မူကြမ်း) ရေးဆွဲနိုင်ရေး Task Force အဖွဲ့ကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း၍ SOP (မူကြမ်း) တွင် မသန်စွမ်းအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းလုပ်ငန်းအား အသေးစိတ်စိစစ်နိုင်မည့် အချက်အလက်များ ထည့်သွင်းရေးဆွဲရန် ဆုံးဖြတ် ခဲ့ပါကြောင်း၊ SOP (မူကြမ်း)ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များအရ ပြင်ဆင်ဖြည့်စွက်ပြီး အဆင့်ဆင့်တင်ပြမှာဖြစ်ကြောင်း၊ ဆက်လက်၍   မသန်စွမ်းသူများ၏အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီသို့တင်ပြအတည်ပြုချက်ရယူသွားမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။

              ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသည့် Task Force အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ဌာနဆိုင်ရာအသီးအသီးမှ တာဝန်ရှိသူ (၂၀) ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။      

နောက်ဆုံးရသတင်းများ

မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကျင်းပ ဆောင်ရွက်ခြင်း
မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာမူဝါဒနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတို့သည် လူတိုင်းအတွက် သေချာစေရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအခြေခံမူများနှင့် ကိုက်ညီမှုကို အားပေးစေသည့် တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပ

MOS

DSW

DDM

DOR