၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနလက်အောက်ရှိ သတင်းအချက်အလက်မျှဝေရာစင်တာ၊ ရန်ကုန်မြို့၏ လုပ်ငန်းဆောင်ရွက် ချက်များ ရှင်းလင်းခြင်းအစည်းအဝေးကို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀:၀၀) အချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၂။ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူ လူထုအား ဝန်ဆောင်မှုများ (Public Service) ဆောင်ရွက်ပေးနေသည့်ဌာနဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက် ရာတွင် ပြည်သူလူထုအနေဖြင့် အစိုးရအပေါ် ယုံကြည်မှုရရှိအောင် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူလူထုကိုဝန်ဆောင်မှုပေးရာတွင် နဲသည်များသည်ဟု မယူဆဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့် ဖြင့် အပြန်အလှန်ချိတ်ဆက်၍ အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ဖုန်းနှင့်ချိတ်ဆက် ဆောင်ရွက်ခြင်းထက် ပိုမိုထိရောက်သည့် ချိတ်ဆက်ဆောင်ရွက်မှုများ အထူးသဖြင့် လူမှုကွန်ယက် စာမျက်နှာ (Facebook Page) တစ်ခု တည်ထောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

၃။ အစီအစဉ်ရ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူတစ်ဦးမှ သတင်းအချက်အလက်မျှဝေရာစင်တာ၊ ရန်ကုန်မြို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည် များကို ဖြည့်စွက်ညွှန်ကြားခဲ့ပါသည်။

၄။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာန၊ ဦးစီးဌာန၏ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုအား ထိရောက်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ရေးအတွက် တစ်ဦးချင်းစီ၏ အရည်အသွေးတိုးတက်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ထမ်းများအတွက် Case Management (CM) နှင့် ပတ်သက်၍လည်းကောင်း ၊ စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် Counselling ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆရာဖြစ်ဆင့်ပွား သင်တန်းများ ဖွင့်လှစ် သင်ကြားပေးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခုတင်ပြသည့် သတင်း အချက်အလက်မျှဝေရာစင်တာ၏ လုပ်ဆောင်ချက်များသည် သတင်းအချက်အလက်များကိုသာ မျှဝေ ပေးသည့်ကဏ္ဍတစ်ခုသာ မဟုတ်ဘဲ ဝန်ဆောင်မှုများစွာကို ဆောင်ရွက်ပေးနေသည့်အတွက် မိမိတို့ ပေးနေသည့် ဝန်ဆောင်မှုများကို ပြည်သူလူထုအနေဖြင့် သေသေချာချာသိရှိအောင် ဆောင်ရွက်ရန်လို အပ်ကြောင်း နိဂုံးချုပ်အနေဖြင့် ပြည်သူများအတွက် ပိုမိုထိရောက်သည့် ဝန်ဆောင်မှုများကို အထူး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

၅။ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်း (၁၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ အစည်းအဝေးကို နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR