လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(တာချီလိတ်)၌ စခန်း အခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို (၁၂-၇-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ မေလအထိ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၄၁)ကြိမ်၊ သင်တန်းသား(၈၆၂)ဦး၊  ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၁၉)ကြိမ်၊ သင်တန်းသား (၆၂၀)ဦးကို ပြန်လည်ထူထောင်မှုပေးနိုင်ခဲ့ပြီး  စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၂၈)ကြိမ်၊ သင်တန်းသား(၆၈၅)ဦးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း (၄)ကြိမ်၊ သင်တန်းသား(၁၁၀)ဦးတို့ကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သည့် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအား နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကူညီထောက်ပံ့မှုများဖြင့် ဖွင့်လှစ်လျက်ရှိပါကြောင်း၊ သင်တန်းတွင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာထူထောင်ပေးခြင်းအသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးခြင်း၊ ကိုယ်လက်ကြံ့ခိုင် ရေးလေ့ကျင့်မှုနှင့် အားကစားနည်းမျိုးစုံ လုပ်ရှားမှုဆောင်ရွက်ပေးခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှု နှင့် အသိပညာမျှဝေပေးခြင်းတို့အပြင် မူးယစ်ဆေးသုံးစွဲမှု ကင်းစင်ရေးတို့အတွက် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လူငယ်များတွင် မူးယစ်ဆေးဝါးကြောင့် စာရိတ္တပျက်စီးခြင်း၊ မိသားစုစိတ်သော ကရောက်ခြင်းတို့ကြောင့် လမ်းမှန်ပြန်မရောက်ဘဲ လူငယ်များတွင် အနာဂတ် ပျောက်ဆုံးသွားနိုင် ပါကြောင်း၊ ဒါကြောင့် မူးယစ်ဆေးဝါးအန္တရာယ်ကို တာဆီးကာကွယ်ရန် အရေးကြီးပါကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး ရှောင်ကျဉ်နိုင်ရေး၊ မသုံးစွဲရေး၊ မိဘ ပြည်သူများကလည်း ဝိုင်းဝန်းကူညီပေးရန် လိုအပ်ပါကြောင်း၊ ဆေးစွဲလူငယ်တွေကို ပစ်ပယ်မထားဘဲ ဆေးဖြတ်လိုစိတ်ဖြစ်လာအောင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရ ခြင်းဖြစ်ပါကြောင်း၊  ယခုသင်တန်းအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးသော အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

                    အဆိုပါသင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ် အဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းသားများနှင့် အခမ်းအနားသို့ တက်ရောက်လာ သူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး နံနက်(၁၀:၀၀)နာရီတွင် ဖွင့်ပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။ အဆိုပါသင်တန်းသည် သင်တန်းသား(၂၀)ဦးဖြင့် သင်တန်းကာလ ရက်(၉၀)ကြာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ ဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR