ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း



(၁-၂-၂၀၂၁) ရက်နေ့ (၁ဝ:၀၀) နာရီအချိန်တွင် Covid-19 ကူးစက်ရောဂါ ကာကွယ်ရေး အတွက် အသုံးပြုနိုင်ရန် ရွှေဘိုတက္ကသိုလ် Quarantine Center အတွက် Hygiene Kit-E (၂၀) ဖာနှင့် လက်သန့်ဆေးရည် (500ml) (၁၀) ဘူးတို့အား သွားရောက်ထောက်ပံ့ခဲ့မှုအား လည်းကောင်း၊

ညောင်တုန်းမြို့နယ်၊ ရွာသာကြီး၊ ရွာသာအေး၊ ရွာသာညွန့်ကျေးရွာတို့၌ (၃၀-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးခဲ့သည့်နေအိမ် (၁၁) လုံး၊ အမိုးလန်နေအိမ် (၂၆)လုံး၊ စုစုပေါင်း နေအိမ် (၃၇) အိမ်ထောင်စု (၃၇) မှ လူဦးရေ (၁၂၉)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁၁)စုစာ တန်ဖိုး (၅၀၆၃၉၆/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးဖေထောက်ပံ့ငွေ (၂၇၀၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၃၁၇၇၂၉၆/-)ကျပ်အား (၁-၂-၂၀၂၁) ရက်နေ့ (၁၈:၀၀) နာရီအချိန်တွင် လေဘေးသင့် ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ မှုအားလည်းကောင်း၊

ညောင်တုန်းမြို့နယ်၊ ထိပ်ဝကြီး ကျေးရွာအုပ်စု၊ ထိပ်ဝကြီးကျေးရွာနှင့် ကညင်ကောက် ကျေးရွာတို့၌ (၃၀-၁-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွား ခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့ သည့်နေအိမ် (၁) လုံး၊ အမိုးလန်နေအိမ်(၂) လုံး၊ စုစုပေါင်း နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃)စု မှ လူဦးရေ (၈) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁)စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာ ငွေကျပ်(၁၆,၈၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၂၀၀,၀၀၀/-)၊ စုစုပေါင်းငွေကျပ်(၂၁၆,၈၀၀/-)အား (၁-၂-၂၀၂၁)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူ များ လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ခဲ့မှုအား လည်းကောင်း၊

 (၃၁-၁-၂၀၂၁) ရက်နေ့တွင် လျှပ်စစ်မိန်းခုံရှော့ဖြစ်၍ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား ခဲ့သော မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းကျေးရွာ မီးဘေးသင့်လုံးဝပျက်စီး အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ မီးဘေးသင့် လူ ဦးရေ (၅၆) ဦးအတွက် (၇) ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၁၁၇,၆၀၀/-) ကျပ်၊ ၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၁၇,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ပါ (၃)ပုံးတို့အား (၁-၂-၂၀၂၁) ရက်နေ့ (၁၆:၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့မှုအား လည်းကောင်း၊

 (၂၉-၁-၂၀၂၁)ရက်နေ့၊ (၀၉:၂၀)နာရီအချိန် ခန့်တွင် ချောက်မြို့နယ်၊ ဓါတ်မြေကျေးရွာ အုပ်စု၊ ဓါတ်မြေကျေးရွာရှိ နေအိမ်တွင် တပ်ဆင်အသုံးပြုသည့် 30W ဆိုလာပြားနှင့် ချိတ်ဆက်ထားသော ဝါယာကြိုးဆွေးမြေ့ပေါက်ပြဲရာမှ မီးလောင်ကျွမ်းခဲ့ရာ နေအိမ် (၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၄,၂၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀ဝိ/-)၊ စုစုပေါင်း(၁၀၄,၂၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့အား (၁-၂-၂၀၂၁)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့မှု အားလည်းကောင်း၊

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပင်းဝကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ၌ (၃၁-၁-၂၀၂၁) ရက်နေ့တွင် ရေနွေးအိုးတည်ရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ် ၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ငွေ(၆,၃၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၆၃၀၀)ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှုးနှင့်အတူ တာဝန်ရှိသူများထံ  (၂-၂-၂၀၂၁)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့မှုအား လည်းကောင်း  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ပါသည်။

Source:EOC

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ မြစိမ်းရောင်ကျေးရွာနှင့် နန်းတော်ဦးကျေးရွာတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိ သော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ရှောင်ရန် အချက်များအား အသိပညာ ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR