ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

(၆-၁၀-၂၀၂၃)ရက်နေ့(၁၅း၁၅)ချိန်တွင် တနင်္သာရီမြို့၊ နိဗ္ဗာန်လမ်း၌ မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သည့် ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း၊ လုံးဝပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)ကျပ် လူဦးရေ(၂)ဦးအတွက် (၇)စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀ိ/-)ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် (၄၅၉၀၀ိ/-)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံးတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၉-၁၀-၂၀၂၃)ရက်နေ့ (၁၄း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 
Source:
  DDM


နောက်ဆုံးရသတင်းများ

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာနှင့် တြိန်း ကျွန်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးအတွက် ထောက်ပံ့မှု သတင်း

MOS

DSW

DDM

DOR