ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာနှင့် တြိန်းကျွန်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာတို့၌ (၂၀-၇-၂၀၂၄) ရက်နေ့နှင့် (၂၁-၇-၂၀၂၄)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ လူနေအိမ်(၃၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၅၀၀,၀၀၀ိ/-)နှင့်  ဘေးသင့်ပြည်သူ (၁၄၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၀၀,၃၀၀ိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၈၀၀,၃၀၀ိ/-) တို့အား (၂၂-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ လူမှုရေးပရဟိတအဖွဲ့အစည်းများနှင့်အတူ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ အထက(၁) မေခခန်းမတွင်ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာ၌ ဖြစ်ပွားသော ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းလမ်းအတွင်း တောဆင်ရိုင်းဝင်ရောက် ဖျက်ဆီးမှုကြောင့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR