ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ (၂၇-၆-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)အချိန်မှ (၁၂:၀၀)အချိန်ထိ လားရှိုးမြို့၊ အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ “ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းနှင့်  “မူးယစ်အန္တရာယ် လူ့ရန်စွယ်”ခေါင်းစဉ်ဖြင့် မူးယစ်ဆေးနှင့် လူကုန်ကူးမှုအန္တရာယ်တို့၏ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသုံးစာရေးကိရိယာများ၊  လက်ဆေး ဆပ်ပြာ ဆီ များနှင့် အဝတ်Mask များအား ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR