လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်

လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်

မေးခွန်းအကြောင်းအရာ

မှတ်ချက်

ဦးစိုင်းဥက္ကာ

လဲချားမဲဆန္ဒနယ်၊

ရှမ်းပြည်နယ်၊

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အို များအား စရိတ်ထောက်ပံ့ရာတွင် မှတ်ပုံတင်အိမ် ထောင်စုစာရင်း မပြသနိုင်သော၊ မွေးသက္ကရာဇ် မှား ယွင်းနေသော သက်ကြီးရွယ်အိုများအား မည်သို့ ပြန် လည်စိစစ် ထည့်သွင်းပေးမည်နှင့် နောင်အနာဂတ် တွင် တိုးပွားလာမည့် သက်ကြီးရွယ်အိုများအတွက် နိုင်ငံတော်မှ ကူညီစောင့်ရှောက်ပေးသွားနိုင်ရန် ရေရှည်စီမံကိန်းအား မည်သို့ စီမံဆောင်ရွက်သွား မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊

 

ဒုဝန်ကြီးဖြေပြီး

(၂၁-၇-၂၀၂၀)

(အင်္ဂါနေ့)

 

အမှတ်စဉ်(၁)။  ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရှမ်းပြည်နယ်၊ လဲချားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းဥက္ကာ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။        လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျာ ရှမ်းပြည်နယ်၊ လဲချားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဥက္ကာ၏ သက်ကြီးရွယ်အိုများ၊ ဘိုးဘွားများနှင့် ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းနှင့် စပ်လျဉ်း၍ ကျွန်တော့်အနေနဲ့ ဆက်လက် ရှင်းလင်း ဖြေကြားသွားမှာဖြစ် ပါတယ်။  ဥက္ကဋ္ဌကြီးခင်ဗျာ Power Point အသုံးပြုခွင့်ပြုနိုင်ပါရန် တင်ပြ အပ်ပါတယ်။

၂။         လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သည် ၂၀၁၆ ခုနှစ်က အတည်ပြုပြဋ္ဌာန်းပြီးသော သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေရဲ့ အခန်း(၂)၊ ရည်ရွယ်ချက်၊  ပုဒ်မ ၃ (ခ)၊ အခန်း(၅)၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ၊ အခန်း ()၊ ဝင်ငွေ ပုံမှန်ရရှိရေးပါ ပြဋ္ဌာန်းချက်များအရ  အကောင်အထည်ဖော်သည့်အနေဖြင့် သက်ကြီးရွယ် အိုများ ဝင်ငွေ ပုံမှန်ရရှိနိုင်ရေးအတွက် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ လူမှုရေးပင်စင် ထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်လျက်ရှိ ပါတယ်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ အသက် (၉၀)နှစ်နှင့်အထက်  သက်ကြီးရွယ်အိုများကို တစ်ဦးလျှင် တစ်လ ကျပ် တစ်သောင်းနှုန်းဖြင့် သုံးလလျှင် တစ်ကြိမ်ထောက်ပံ့လျက်ရှိရာမှ  ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် အသက်ကန့်သတ်ချက်ကို (၈၅)နှစ်သို့ လျော့ချပြီး ထောက်ပံ့ပေး လျက်ရှိပါကြောင်းနှင့် လက်ရှိ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)အတွက် အကျိုးခံစားခွင့်ရှိသူ သက်ကြီးရွယ်အို (၂၀၀၃၀၁) ဦးရှိပါတယ်။ လဲချားမြို့နယ်ရှိ ရပ်ကွက် (၄)ခု၊ ကျေးရွာအုပ်စု (၈)ခုမှာတော့ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ (၄၁) ဦး ရှိပါတယ်။

၃။        အစီအစဉ်တွင်အကျုံးဝင်သော သက်ကြီးရွယ်အိုများ၏ အသက်အထောက် အထားအတွက် မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) အိမ်ထောင်စုလူဦးရေ ပုံစံ ၆၆/၆ ပါ မွေးနေ့သက္ကရာဇ်တို့ဖြင့် တိုက်ဆိုင် စစ်ဆေးခဲ့ပါတယ်။ ယင်း အထောက်အထားများမရှိသော သက်ကြီးရွယ်အို များနှင့် မွေးသက္ကရာဇ်မှားယွင်းနေသော သက်ကြီးရွယ်အိုများအတွက် တင်ပြပါအတိုင်း လုပ်ငန်းစဉ်(၄)ရပ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လုပ်ငန်းစဉ်() အနေနဲ့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာမှ ယုံကြည်လေးစားရသည့် ရပ်မိရပ်ဖ နှစ်ဦး၊ စုစုပေါင်း()ဦးမှ နိုင်ငံသားစိစစ်ရေးလက်မှတ် (သို့မဟုတ်) အိမ်ထောင်စု လူဦးရေ စာရင်းပုံစံ ၆၆/(လုံးဝ) မရှိကြောင်းထောက်ခံ၍ သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူးထံတင်ပြခြင်းဖြစ်ပါတယ်။  လုပ်ငန်းစဉ်() အနေနဲ့ကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးမှ ထပ်ဆင့်ထောက်ခံ၍ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လူမှု ဝန်ထမ်းရုံးများသို့ဆက်လက်တင်ပြခြင်းဖြစ်ပါတယ်။ လုပ်ငန်းစဉ်()အနေနဲ့တော့ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးသည် သက်ဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာနနှင့် ချိတ်ဆက်၍ သက်ကြီးရွယ်အိုများ စာရင်းအား စိစစ်တိုက်ဆိုင်စစ်ဆေးပြီး လူမှုဝန်ထမ်းဦးစီးဌာန (ရုံးချုပ်)သို့ တင်ပြခြင်းဖြစ်ပါတယ်။ နောက်ဆုံး လုပ်ငန်းစဉ် () အနေနဲ့ကတော့ လူမှုဝန်ထမ်းဦးစီး ဌာန(ရုံးချုပ်)သည် ပေးပို့လာသော သက်ကြီးရွယ်အိုများ စာရင်းကို စိစစ်အတည်ပြု၍ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်() ဆင့်ဖြင့် ဆောင်ရွက်ပေးလျက်ရှိတယ်။

၄။        ကျွန်တော်တို့ လူမှုဝန်ထမ်းရုံးရှိတဲ့ နေရာတွေမှာတော့ လူမှုရေးပင်စင် ထောက်ပံ့မှုကို သက်ဆိုင်ရာ လူမှုဝန်ထမ်းရုံးက တိုက်ရိုက်ထောက်ပံ့ပြီး တော့ လူမှုဝန်ထမ်းရုံး မရှိသည့် ခရိုင်/မြို့နယ်များတွင် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များက တစ်ဆင့် ထောက်ပံ့ပါတယ်။  သက်ကြီးရွယ်အို ဘိုး/ဘွားများ စာရင်း ကောက်ယူမှုကိုတော့ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြား ချက်ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဆောင်ရွက် ပါတယ်။ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်နှင့် လဲချားမြို့နယ်တို့မှာ လူမှုဝန်ထမ်းရုံး ဖွင့်လှစ်နိုင်ခြင်း မရှိ သေးသည့်အတွက် လဲချားမြို့နယ်အတွင်း လဲချားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက တစ်ဆင့် စာရင်း ပြုစုခြင်း၊ ထောက်ပံ့ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။

၅။        သက်ကြီးရွယ်အိုများ၏ အသက်အထောက်အထားအတွက် ပြည်သူများ ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ရုပ်မြင်သံကြား၊ ရေဒီယိုအစီအစဉ်များတွင် ထုတ်လွင့်ပေးခြင်း၊ တစ်တိုင်း တစ်ပြည်နယ်လုံးမှာရှိတဲ့ လူမှုဝန်ထမ်းရုံးများမှ လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်နှင့် ပတ်သက်တဲ့ ရပ်ရွာအတွင်း အသိပညာပေးခြင်း အစီအစဉ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခု လွှတ်တော်ကိုယ် စားလှယ်ကြီး တင်ပြချက်အရဆိုလို့ရှိရင် ပြည်သူများအကြားမှာ ပြည့်ပြည့် ဝဝ အသိပညာ၊ ဗဟုသုတ မရှိ နိုင်သေးတဲ့အတွက် ဆက်လက်ပြီး ဒီလုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

၆။        ၂၀၁၈ ခုနှစ်မှစ၍ ယနေ့အထိ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ သက်ကြီးရွယ်အို ဘိုး/ဘွားများမှ လူမှုရေးပင်စင် မရရှိမှုနှင့် အပြည့်အဝ မရရှိမှုများနှင့် ပတ်သက်၍ တင်ပြမှုများအား ဖြေကြားဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း တင်ပြချက် (၁၈)ခုအနက် တင်ပြ ချက် (၁၂)ခုအား ဖြေရှင်းဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် တင်ပြချက် (၆)ခုအား ဆောင်ရွက်ဆဲဖြစ်ပါကြောင်းတင်ပြလိုပါတယ်။ ထပ်မံပေါ်ပေါက်လာမည့် စိစစ် တွေ့ရှိလာတဲ့  သက်ကြီးရွယ်အို ဘိုး/ဘွားများကို  ဖြည့်စွက်ရန်ပုံငွေများတွင်  ထည့်သွင်း တောင်းခံ၍ ထောက်ပံ့ပေးလျက်ရှိပြီး အထောက်အထားပြည့်စုံကြောင်း တင်ပြလာသည့် လမှ စပြီးတော့မှ ထောက်ပံ့ပေးပါတယ်။

၇။        အနာဂါတ်တွင် အစီအစဉ်အကောင်အထည်ဖော်မှုအတွက် ရေရှည် ရန်ပုံငွေ ရရှိနိုင်ရေးအား ရည်ရွယ်၍ ကာလရှည်ရန်ပုံငွေရရှိရေး မဟာဗျူဟာ (Long-term Financing Strategy)အား ဆက်စပ်ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အပြီးသတ် ရေးဆွဲလျက်ရှိ ပါတယ်။ ဒီမဟာဗျူဟာမှာဆိုရင် ယေဘုယျအားဖြင့် အစီအစဉ် အကောင် အထည်ဖော်မှုအတွက် ဘဏ္ဍာရေးနှစ်လိုက် ရင်းနှီးမြှပ်နှံရမယ့် ရန်ပုံငွေ ပမာဏကို ကြိုတင်ခန့်မှန်းတွက်ချက်မှုများ၊ ထိုရင်းနှီးမြှပ်နှံရမယ့် ပမာဏ အတွက် ရန်ပုံငွေ ရရှိနိုင်မယ့် အဆိုပြုနည်းလမ်းများနှင့် တိုးချဲ့ဆောင်ရွက်သွားနိုင်မယ့်အစီအစဉ်များလည်း ပါဝင်မှာ ဖြစ် ပါတယ်။

၈။        သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ အသက် အထောက်အထား မရှိသော သက်ကြီးရွယ်အိုများနှင့် မွေးသက္ကရာဇ်မှားယွင်းနေသော သက်ကြီးရွယ်အိုများကို စိစစ်အတည်ပြု၍ ထောက်ပံ့ပေးနိုင်ရန် ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိ ပါကြောင်းနှင့် နောင် အနာဂတ်တွင် တိုးပွားလာမည့် သက်ကြီးရွယ်အိုများအတွက် ရန်ပုံငွေ အပြည့်အဝ ရရှိနိုင်ရေး Long- term Financing Strategy ရေးဆွဲနိုင်ရေး ဆောင်ရွက်လျှက် ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

 

            အားလုံးကို ကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR