လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးမြင့်ဦး သနပ်ပင်မဲဆန္ဒနယ်် ပဲခူးတိုင်းဒေသကြီး၊
သနပ်ပင်မြို့နယ်ရှိ ဒီရေတိုက်စား ကမ်းပါးပြိုခြင်း ခံရသော ကသစ်ခုံကျေးရွာအား လုံခြုံစိတ်ချရ သောနေရာတွင် စနစ်တကျပြန်လည်နေရာချထား ပေးရန်နှင့် ဘေးဒုက္ခရောက်နေ သောပြည်သူများ အားထိရောက်သည့်ထောက်ပံ့ကူညီမှုများ အလျင် အမြန် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ

၂။ဦးထွန်းထွန်း ပွင့်ဖြူမဲဆန္ဒနယ််မကွေးတိုင်းဒေသကြီး၊
မေးမြန်းထားရှိတဲ့ ယနေ့ပြည်သူကိုယ်စားပြုသော အစိုးရလက်ထက်တွင် အာဇာနည်နေ့ အခမ်း အနားများကို လွတ်လပ်စွာ ကျင်းပခွင့်ပြုရန် အာဇာနည် ကျောက်တိုင်ကွင်းများအား ပြန် လည်ပြုပြင်ခြင်းများနှင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ပေါ်ရှိ အာဇာနည်ကျောက်တိုင် ကွင်း ၏ ဘေးပတ်ချာလည်မှ ဆိုင်ခန်းများ၊ ဌာန ဆိုင်ရာအဆောက်အဦများ ပိတ်ဆို့ဆောက်လုပ် ထားမှုကို ဖယ်ရှားပေးရန် အစီအစဉ်ရှိ/မရှိ

၃။ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွန့်မြို့နယ်မဲဆန္ဒနယ််မှ ရန်ကုန်တိုင်းဒေသကြီး၊
မင်္ဂလာစျေးကို မည်သည့်အချိန်တွင် စတင် တည် ဆောက်ပါမည်၊ မည်ကဲ့သို့ တည်ဆောက်ပါမည် (ယခင်အတိုင်း ပြန်လည်တည်ဆောက်ခြင်း (သို့) အသစ်ပြန်လည်တည်ဆောက်ခြင်း) ဆောက်လုပ် လျှင် အချိန်မည်မျှကြာမြင့်ပါမည်တို့ကို သိရှိလိုခြင်း 

၄။ဦးလာမာလေး ကချင်ပြည်နယ်၊ ဆော့လော်မဲဆန္ဒနယ်် 
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ် ဒေသတွင် သဘာဝရေဘေးအန္တရာယ်ကြောင့် ချီဖွေမြို့နယ်၊ကန်ဖါဒေသ၊ဆော့လော် မြို့နယ်၊ လန်ဆယ်ဒေသ၊ ခေါင်လန်ဖူးမြို့နယ် နယ်စပ် ဒေသအထိ ဆက်သွယ် ဖောက်လုပ်ထားသော လမ်းမကြီးနှင့်လမ်းမကြီးပေါ်ရှိ တံတားများ မြေပြိုပျက်စီးသွားခဲ့ပြီး ရေဘေးသင့် လန်ဆယ် 


အမှတ်စဉ်(၁) ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပဲခူးတိုင်း ဒေသကြီး၊ သနပ်ပင်မဲဆန္ဒနယ်မှကိုယ်စားလှယ် ဦးမြင့်ဦး၏ ကြယ်ပွင့်ပြမေးခွ န်းအား ရှင်းလင်း ဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး မေးမြန်းထားရှိတဲ့ ပဲခူးတိုင်းဒေသကြီး၊သနပ်ပင်မြို့နယ်ရှိ ဒီရေတိုက်စား ကမ်းပါးပြိုခြင်းခံရသော ကသစ်ခုံကျေးရွာအား လုံခြုံစိတ်ချရသော နေရာတွင် စနစ်တကျ ပြန်လည်နေရာချထားပေးရန်နှင့် ဘေးဒုက္ခရောက်နေသော ပြည်သူများအား ထိရောက်သည့် ထောက်ပံ့ကူညီမှုများ အလျင်အမြန် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ   သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်    မေးခွန်းအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။

၃။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပေါင်းလောင်းမြစ်နှင့် ခပေါင်းချောင်းတို့ ပေါင်းစည်းမှုကြောင့် ဖြစ်တည်လာသော စစ်တောင်းမြစ်သည် မုတ္တမပင်လယ်ကွေ့သို့ စီးဝင်ရာ၌ ရေစီးရေလာကြမ်းတမ်း မှုနှင့် ဒီရေအတက်အကျတို့ကြောင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ကျွဲတဲ၊ ကမ်းပြို၊ ရွှေအိုး၊ သနတ္တန်းနှင့် ကသစ်ခုံကျေးရွာအုပ်စုတို့တွင် မြစ်ရေတိုက်စားမှု၊ ကမ်းပါးပြိုကျမှုတို့ ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့အပြင် ပဲခူးခရိုင်အတွင်းရှိ ဝေါ၊ သနပ်ပင်၊ ကဝမြို့နယ်များသည် စစ်တောင်းမြစ်ဘေးရှိ  ရေမြေသဘောသဘာဝ အနိမ့်ပိုင်းဖြစ်သည့်အတွက် နှစ်စဉ်ရေကြီးနစ်မြှုပ်မှုများ၊ ကမ်းပြိုမှုများကို ရှေးယခင်ဆယ်စုနှစ်များ ကပင် ကြုံတွေ့နေရသော ဒေသများဖြစ် ပါတယ်။

၄။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၁၄-၁-၂၀၁၆ ရက်နေ့တွင် စစ်တောင်း မြစ်ရေတိုက်စားမှု ကြောင့် ကမ်းပြိုမှုဒဏ်ခံနေရသည့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ကသစ်ခုံ ကျေးရွာသို့ကွင်းဆင်း၍ အရေးပေါ်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၁၄၈)စုအတွက် တစ်အိမ်ထောင်လျှင် ကျပ်(၅၀၀၀၀) နှုန်းဖြင့် ငွေကျပ်(၇၄)သိန်း တိတိထောက်ပံ့ ဆောင်ရွက်ခဲ့ပါတယ်။ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီတို့မှလည်း ကသစ်ခုံကျေးရွာရှိ အိမ်ခြေ(၃၆၈)လုံး၊အိမ်ထောင်စု(၃၆၈)စု၊ လူဦးရေ စုစုပေါင်း (၁၇၇၆)ဦးအတွက် တစ်နေ့လျှင် ဆန်နို့ဆီဗူး(၂)ဗူးနှုန်းဖြင့် (၃)ရက်စာ ရိက္ခာဖိုးနှင့်ထောက်ပံ့ရေးပစ္စည်း(၉)မျိုးအား ထောက်ပံ့ ပေးခဲ့ပါတယ်။

၅။ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ကသစ်ခုံကျေးရွာအုပ်စု၊ ကသစ်ခုံကျေးရွာသည် စစ်တောင်းမြစ် ရေတိုက်စားရာမှ ကမ်းပါးပြိုကျမှုကြောင့်  ၂၀၁၀ခုနှစ်တွင် အိမ်ထောင်စု(၃၃)စု၊ လူဦးရေ(၁၆၃)ဦး၊ ၂၀၁၃ ခုနှစ်တွင် အိမ်ထောင်စု(၂၇၃)စု၊ လူဦးရေ (၁၃၃၇)ဦးနှင့် ၂၀၁၅ခုနှစ်တွင် အိမ်ထောင်စု(၃၈)စု၊ လူဦးရေ(၁၇၈)ဦး စုစုပေါင်း အိမ်ထောင်စု(၃၄၄)စုနှင့်လူဦးရေ(၁၆၇၈)ဦးတို့မှာ အဆင်ပြေရာနေရာ များသို့ အသီးသီးပြောင်းရွှေ့နေထိုင်ခဲ့ကြသဖြင့် လက်ရှိအချိန်တွင် မူလကသစ်ခုံကျေးရွာ၌ လုံးဝ ပြောင်းရွှေ့ခြင်းမရှိသေးသည့် အိမ်ထောင်စု(၂၆)စုနှင့် လူဦးရေ (၁၁၀)ဦးသာ ကျန်ရှိပါတယ်။ စိုက်ပျိုးမြေ အနေဖြင့်လည်း ကသစ်ခုံကျေးရွာတွင် လယ်မြေ(၆၄၈၃.၇၉)ဧကရှိရာမှမြစ်ရေတိုက်စားမှုခံရမှုကြောင့် လယ်မြေ(၅၇၉၉) ဧက ပြိုကျပျက်စီးခဲ့သဖြင့် လက်ရှိအခြေအနေတွင် လယ်မြေ(၆၈၄.၇၉)ဧက ကျန် ရှိခဲ့ပြီး အဆိုပါလယ်မြေများအား ကသစ်ခုံကျေးရွာတောင်သူ(၁၂၄)ဦးနှင့် အခြားကျေးရွာတောင်သူ (၃၁၆)ဦး၊စုစုပေါင်း တောင်သူ(၄၄၀)ဦးမှ လုပ်ကိုင် ဆောင်ရွက် လျက်ရှိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၆။ ကသစ်ခုံကျေးရွာမြစ်ကမ်းပါးပြိုကျမှုနှင့်စပ်လျဉ်း၍ ၂၄-၄-၂၀၁၆ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ သနပ်ပင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး နှင့်အတူ ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်၊ကသစ်ခုံကျေးရွာအုပ်စု၊ ကသစ်ခုံကျေးရွာသို့ သွားရောက်ကာ ရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်တွင် ကမ်းပါးပြိုကျမှုပြင်းထန်စွာ ခံစားနေရသော ကသစ်ခုံကျေးရွာအား လုံခြုံစိတ်ချရသော နေရာသို့ စနစ်တကျ ပြန်လည်နေရာချထားပေးနိုင်ရန်အတွက် ကျွဲဖြူချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၇၂)၊ ကသစ်ပင်တောင်ကွင်းရှိ လယ်မြေ ဧရိယာ(၃၁.၂၄)ဧကနေရာ၌ပြောင်းရွှေ့ နေထိုင် ကြရန် ဆုံးဖြတ်ခဲ့ပြီး လယ်ပိုင်ရှင်နှင့် စျေးနှုန်းညှိနှိုင်း၍ ရွာသူရွာသားများဘက်မှလည်း သင့်တော်သည့် အချိုးကျငွေထည့်ပေးသွားရန် ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်းနှင့် မိုးမကျမီ ပြောင်းရွှေ့နေထိုင်နိုင်ရေး အတွက် လယ်ပိုင်ရှင်နှင့် စျေးနှုန်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR