လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးမင်းသိန်းတောင်တွင်းကြီး၊မကွေးတိုင်းဒေသကြီး။
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အစိုးရမြို့မ မူကြိုကျောင်းကို အဆောက်အဦသစ် ဆောက်လုပ်ပေးရန် အစီအစဥ် ရှိ/မရှိနှင့် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် စီစဥ်ထားရှိ ကြောင်းကို သိလိုခြင်းနှင့်စပ်လျဥ်းသည့်မေးခွန်း

၂။ဦးကျော်ရွှေရမ်းဗြဲမဲဆန္ဒနယ်၊ရခိုင်ပြည်နယ်။
ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်၊ လေးတောင်နယ် ဒေသရှိ ဆန်တင်မော်ဆိပ်ကမ်းနေ ရေလုပ်သား များအတွက်နှင့် ကျောက်ဦးမော်ဆိပ်ကမ်းနေ ရေလုပ်သားများအတွက် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ခိုနားနိုင်ရန် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦ (Multi Purpose Cyclone Shelter)တစ်လုံးစီ ဆောက်လုပ်ပေးရန် အစီအစဥ် ရှိ/မရှိနှင့် စပ်လျဥ်း သည်‌့မေးခွန်း။

၃။ဦးထွန်းဝင်းကျောက်တော်မဲဆန္ဒနယ်၊ရခိုင်ပြည်နယ်။
ရခိုင်ပြည်နယ်မြို့နယ်များရှိ ကျေးရွာအုပ်စုကြီး များတွင် ဒေသကိုယ်စားပြု ဘက်စုံသုံးအ ဆောက်အဦ(Community hall)များ တည် ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း။


အမှတ်စဉ်(၁) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအ‌ဝေးတွင် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၏ “မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အစိုးရ မြို့မမူကြိုကျောင်းကို အဆောက်အဦသစ် ဆောက်လုပ်ပေးရန် အစီအစဥ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စီစဥ်ထားရှိကြောင်းကို သိလိုခြင်း”  မေးခွန်းနှင့် စပ်လျဥ်း၍ ဖြေကြားသွားမှာဖြစ်ပါတယ်။ 

၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန သည် အသက်(၃)နှစ်မှ(၅)နှစ်အရွယ်ရှိ ကလေးသူငယ်များအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းလမ်းများနှင့်အညီ ပြုစုပျိုးထောင်ပေးနိုင်ရန် အတွက် မူလတန်းကြိုကျောင်းများ တည်ထောင်ဖွင့်လှစ်ြခင်းနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်းများအား အသိအမှတ်ပြုထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ 

၄။ တစ်နိုင်ငံလုံးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ဖွင့်လှစ်ထားသော မူလတန်းကြို ကျောင်း(၁၀၄)ကျောင်းရှိပြီး ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်း(၉၈၆)ကျောင်းအား အသိအမှတ်ပြု၍ ဆရာမလစာနှင့် သင်ထောက်ကူပစ္စည်းများအတွက် နှစ်စဥ်ထောက်ပံ့ပေး လျက်ရှိပါတယ်။ ထို့အပြင် မူကြိုကျောင်းအသစ်များ တည်ဆောက်ခြင်း၊ အဟောင်းများ ပြုပြင်ခြင်း၊ လိုအပ်သော အဆောက်အဦများကို အသစ်ပြန်လည်     တည်ဆောက်ခြင်းများကို ဘတ်ဂျက်ရရှိသည့်အပေါ်မူတည်၍ နှစ်စဥ် ဆောင်ရွက်လျက်ရှိပါတယ်။ 

၅။ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအနက် လူမှုဝန်ထမ်းဦးစီးဌာန၏ ဌာနပိုင်မူလတန်းကြိုကျောင်းအဖြစ် လွှဲပြောင်းပေးအပ်သော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်ခံ၍ ဖွင့်လှစ်ပေးခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ထောက်ပံ့ကြေးပေးလျှက်ရှိသော ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၆၀)ကျောင်းရှိ ပါတယ်။ 

၆။ အဆိုပါ ထောက်ပံ့ကြေးပေးလျက်ရှိသော ကျောင်းများအနက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းကို ၁၉၉၂ ခုနှစ်တွင်( ၈၃ ပေ x ၃၇ ပေ x ၁၁  ပေ ) (၁)ထပ်၊ အုတ်ညှပ်ကျောင်းဆောင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၆) ရက်နေ့တွင် လူမှုဝန်ထမ်း ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ ကိုယ့်အားကိုယ်ကိုး မြို့မမူလတန်းကြိုကျောင်းကို ၂၀၁၆ ခုနှစ်၊  မေလ(၁)ရက်နေ့တွင်  တောင်ပြင်(၂)မူလတန်းကြိုကျောင်းအဖြစ် အမည်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ကျောင်းသား(၁၀၀)ဆံ့ မူလတန်းကြိုကျောင်းအဖြစ် မူကြိုအရွယ် ကလေးငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္တ ဘက်စုံ ဖွံ့ဖြိုးစေရန် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၇။ တောင်ပြင်(၂) မူလတန်းကြိုကျောင်းအဆောက်အဦသည် နှစ်ကာလကြာရှည်ပြီဖြစ်ခြင်း၊ အုတ်နံရံများအက်ကွဲခြင်းများကြောင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ထိန်းသိမ်း စရိတ် ငွေကျပ်(၂,၃၀၀,၀၀၀) (ငွေကျပ် နှစ်ဆယ့်သုံးသိန်း)အား ခွင့်ပြုခဲ့ပြီး ပြန်လည်ပြင်ဆင်၍ အသုံးပြုလျက်ရှိပါတယ်။ သို့ရာတွင် အဆောက်အဦကြံ့ခိုင်မှုအားနည်းခြင်း၊ ကလေးဦးရေနှင့် အခန်းလုံလောက်မှု မရှိခြင်းတို့ကြောင့် ယခင်ကျောင်းဆောင်ဟောင်း (၈၃ ပေ x ၃၇ ပေ x ၁၁ ပေ ) (၁)ထပ်၊ အုတ်ညှပ်အား  ဖျက်သိမ်း၍ ( ပေ ၉၀ x ပေ ၃၀ x ၂၄ ပေ ) (၂) ထပ် RC ကျောင်းဆောင်(၁)လုံး ဆောက်လုပ်ခြင်း(ရေ၊ မီး၊ မိလ္လာ၊ ပေါ်တီကိုအပါ အဝင်)အသစ် တည်ဆောက်ရန်အတွက် ကုန်ကျငွေကျပ်(၁၅၈.၆၁၀)သန်းအား ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေး နှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ၍ ပထမဦးစားပေးအဖြစ် လျာထားပြီးဖြစ် ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


အမှတ်စဉ်(၂) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမမှ နဝမပုံမှန်အစည်းအဝေးသို့ ဆက်လက် ထားရှိသည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေ၏  ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။ 

၂။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်မှ နဝမပုံမှန်အစည်းအဝေးသို့ ဆက်လက် ထားရှိသည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေ၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်နယ်ဒေသရှိ ဆန်တင်မော်ဆိပ်ကမ်းနေ ရေလုပ်သား များအတွက်နှင့် ကျောက်ဦးမော်ဆိပ်ကမ်းနေ ရေလုပ်သားများအတွက် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ခိုနားနိုင်ရန် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦ (Multi Purpose Cyclone Shelter)တစ်လုံးစီ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဥ်း၍ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ်‌ဖြေကြားသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power Point အသုံးပြုခွင့်ပြုနိုင် ပါရန် တင်ပြအပ်ပါတယ်။

၃။ ရခိုင်ပြည်နယ်သည် ရေမြေသဘာ၀အနေအထားအရ ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်တွင် တည်ရှိပြီး မုန်တိုင်းအန္တရာယ်ကို နှစ်စဉ်တွေ့ကြုံ ခံစားရသည့်ဒေသဖြစ်ရာ ပြည်နယ်အတွင်းရှိ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သော နေရာများ၌ ဘေးဒဏ်ခံ ဘက်စုံသုံး ခိုလှုံရန် အဆောက်အဦများကို ဆောက်လုပ်ပေးခဲ့ရာ ၂၀၁၃-၂၀၁၄ခု၊ ဘဏ္ဍာရေး နှစ်မှ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်အထိ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ၊ ဝန်ကြီးဌာန ဘတ်ဂျက်ရန်ပုံငွေနှင့် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်တို့ဖြင့်  မြေပုံ၊ ပေါက်တော၊ တောင်ကုတ်၊ မာန်အောင်၊ အမ်း၊ စစ်တွေ၊ မင်းပြား၊ ကျောက်ဖြူမြို့နယ်တို့တွင် Shelter စုစုပေါင်း (၂၄)လုံးကို ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

၄။ ဆက်လက်၍ ၂၀၁၈ ခုနှစ်အတွင်း Cyclone Shelter များကို စစ်တွေ မြို့နယ်တွင် (၃)လုံး၊ ကျောက်ဖြူမြို့နယ်တွင် (၄)လုံး၊ ရမ်းဗြဲမြို့နယ်တွင် (၄)လုံး၊ မာန်အောင်မြို့နယ်တွင် (၈)လုံး၊ မြောက်ဦးမြို့နယ်တွင် (၁)လုံး၊  မောင်တောမြို့နယ်တွင် (၁)လုံး၊  ပေါက်တောမြို့နယ်တွင် (၃) လုံး၊ တောင်ကုတ်မြို့နယ်တွင် (၂)လုံး၊ စုစုပေါင်း(၂၆)လုံးကို အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့်လည်းကောင်း၊  စစ်တွေ၊  ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တို့၌ (၄)လုံးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့်လည်းကောင်း စုစုပေါင်း(၃၀) လုံး ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။

၅။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ်ပေးမည့် (၂၆)လုံး အနက် ရမ်းဗြဲမြို့နယ်အတွက် (၄)လုံးပါဝင်ခဲ့ရာ ဘေးဒဏ်ခံခိုလှုံရန် အဆောက်အဦ (၁)လုံးစီကို သင်ပေါင်းချောင်း၊ သင်္ဂနက်၊ မကျဉ်းနှင့် စက္ကုကျွန်းရေကောင်းချောင်း ကျေးရွာတို့တွင် စတင် ဆောက်လုပ်လျှက်ရှိပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရမ်းဗြဲမြို့နယ်၊ အောင်လှပြင် ကျေးရွာတွင် ဆောက်လုပ် လျက်ရှိသော Cyclone Shelter မှာ (၈၅)ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီးပြီ ဖြစ်ပါတယ်။

၆။ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသည့် လေးတောင်နယ်ဒေသ၊ ဆန်တင်မော် ဆိပ်ကမ်းသည် ရမ်းဗြဲမြို့နယ်၊ ဇရပ်ပြင်ကျေးရွာအုပ်စု၊ နဂါးကျေးရွာ၊ ကင်းချောင်းဝ ပင်လယ် ကမ်းခြေတွင် တည်ရှိပြီး ကျောက်ဦးမော်ဆိပ်ကမ်းမှာ ဇရပ်ပြင်ကျေးရွာ၊ ဆန်တင်မော်ဆိပ်ကမ်း နှင့် (၆ မိုင် ၇ ဖာလုံ)ခန့်အကွာ ပင်လယ်ကမ်း‌ခြေတွင် တည်ရှိသည့် ရေလုပ်ငန်းလုပ်ကိုင်ကြ သော ဆိပ်ကမ်းနေရာများဖြစ်ကြပါတယ်။  

၇။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ချက်အရ ဆန်တင်မော်နှင့် ကျောက်ဦးမော်ဆိပ်ကမ်းတို့မှ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အစီအစဉ်ဖြင့် ဆောက်လုပ်လျက်ရှိသည့် အောင်လှပြင်ကျေးရွာ၊ Cyclone Shelter သို့  သွားလိုလျှင် ဇရပ်ပြင်ကျေးရွာမှတဆင့် ကျောက်ချောလမ်းဟောင်း အတိုင်း ခြေလျင်ဖြင့် (၃)နာရီခွဲခန့်၊  ဆိုင်ကယ်ဖြင့် (၁)နာရီခန့်သွားလာရကြောင်း၊ ဇရပ်ပြင် ကျေးရွာသို့ ခြေလျင်ဖြင့် ဆန်တင်မော်ဆိပ်ကမ်းမှ (၁)နာရီခန့်၊ ကျောက်ဦးမော်ဆိပ်ကမ်းမှ (၂) နာရီခန့် သွားရောက်ရကြောင်း သိရှိရပါတယ်။

၈။ ဥက္ကဋ္ဌကြီးခင်ဗျာ တင်ပြပါမှတ်တမ်းဓါတ်ပုံများကတော့  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဆိပ်ကမ်း(၂)နေရာကို သွားရောက် စစ်ဆေးမှု မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါတယ်။  ကျောက်ချောလမ်းအတိုင်း ဇရပ်ပြင်မှ အောင်လှပြင်ကျေးရွာသို့ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။  

၉။ ဆန်တင်မော်ဆိပ်ကမ်းနှင့် ကျောက်ဦးမော်ဆိပ်ကမ်းတို့တွင်   ရေလုပ်ငန်းဖြင့်  အသက်မွေးဝမ်း ကျောင်းလုပ်ကိုင်လျှက်ရှိကြရာ ဆန်တင်မော်ဆိပ်ကမ်းတွင် အိမ်ခြေ(၁၅၀)ခန့်၊ လူဦးရေ (၇၀၀)ကျော်နှင့် ကျောက်ဦးမော် ဆိပ်ကမ်းတွင် အိမ်ခြေ(၁၀၀)ခန့်၊ လူဦးရေ (၅၀၀)ခန့်ရှိပြီး ပွင့်လင်းရာသီတွင် ရေလုပ်ငန်းလုပ်ကိုင်သူဦးရေမှာ ယခုထက် ပိုမိုများပြားစွာ နေထိုင်လျက်ရှိ ကြောင်း သိရှိရပါတယ်။

၁၀။ အဆိုပါဆိပ်ကမ်း(၂)ခုရှိ ရေလုပ်သားများ၏ နေထိုင်ရာနေရာမှာ ပင်လယ်ကမ်းခြေနှင့် နီးကပ်စွာ တည်ရှိပြီး ဇရပ်ပြင်ကျေးရွာအုပ်စုရှိ ကုန်းတွင်းပိုင်းကျေးရွာများနှင့်  (၆)မိုင်ခန့်   ကွာဝေးခြင်း၊ အနီးပတ်ဝန်းကျင်တွင် တောင်ကုန်းတောင်တန်းများ မရှိခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ပြောင်းရွှေ့ခိုနားနိုင်ရန် အဆောက်အဦများ မရှိခြင်းတို့ကြောင့် ယင်းဒေသရှိ ရေလုပ်သားများနှင့် မိသားစုဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ခိုလှုံနိုင်ရန်အတွက် ဆန်တင်မော်ဆိပ်ကမ်းနှင့် ကျောက်ဦးမော်ဆိပ်ကမ်းတို့ အနီးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စိစစ် ရွေးချယ်ပေးသည့် သင့်လျော်သည့် မြေနေရာ၌  ဘက်စုံသုံးမုန်တိုင်းဒဏ်ခံ အဆောက်အဦ (Multi Purpose Cyclone Shelter)တစ်လုံးအား ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဦးစားပေးဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ 

အားလုံးကို ကျေးဇူးတင်ပါတယ်။

အမှတ်စဉ်(၃) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအ‌ဝေးတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ကျောက်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း၏ ရခိုင်ပြည်နယ် မြို့နယ်များရှိ ကျေးရွာအုပ်စုကြီးများတွင် ဒေသကိုယ်စားပြု ဘက်စုံသုံးအဆောက်အဦ ( Community  hall ) များ တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း၍  ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်စား  ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။

၃။ ရခိုင်ပြည်နယ်သည် ရေမြေသဘာ၀အနေအထားအရ ပင်လယ်ကမ်းရိုးတန်းတစ်လျောက်တွင် တည်ရှိသည့်အတွက် မုန်တိုင်းအန္တရာယ်ကို နှစ်စဥ်တွေ့ကြုံခံစားရသည့်ဒေသဖြစ်ရာ မုန်တိုင်း ဒဏ်ခံ ခိုလှုံရာအဆောက်အဦများကို ပြည်နယ်တစ်ခုလုံး၏ လိုအပ်ချက်အပေါ်မူတည်၍ ဆောက်လုပ်ပေးနိုင်ရေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

၄။ ရခိုင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကျေးရွာအုပ်စုကြီးများတွင် ဘက်စုံသုံးအဆောက်အဦများ သည် ပြည်သူများ ဘေးကင်းခိုလှုံရာနေရာအဖြစ်လည်းကောင်း၊ စာသင်ကျောင်းအဖြစ်အသုံး ပြု၍ လည်းကောင်း၊ လူမှုရေးအခမ်းအနားနှင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာနေရာအဖြစ် လည်းကောင်း စသည်ဖြင့် ဘက်စုံအသုံးပြုဆောင်ရွက်နိုင်ပြီး ရခိုင်ပြည်နယ်အတွင်း မြို့နယ် များရှိ ကျေးရွာအုပ်စုကြီးများတွင် လိုအပ်လျက်ရှိပါတယ်။ အမှန်တကယ်ပြည်သူများအတွက် အသုံးဝင်သည့် ဘက်စုံသုံးအဆောက်အဦများ (Multi Purpose, School Cum,  Cyclone Shelter) အား ဆောက်လုပ်ပြီးစီး (၂၄)လုံး၊ ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ရန်ကျန် (၃၀)လုံးအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထောက်ပံ့ငွေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောက်လုပ်နေဆဲ (၄) လုံးနှင့် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တင်ဒါစနစ်ဖြင့် (၂၆)လုံး ဆောက်လုပ်ပေးရန် ဖြစ်ပါတယ်။

၅။ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် တိုင်းဒေသကြီး/ပြည်နယ်(၄)ခုဖြစ်သည့် ဧရာဝတီတိုင်း ဒေသကြီးတွင် (၅၇)လုံး၊ ရခိုင်ပြည်နယ်တွင် (၂၆)လုံး၊ ရှမ်းပြည်နယ်တွင် (၁)လုံး၊ ချင်းပြည်နယ် တွင် (၃)လုံး၊ စုစုပေါင်း Shelter (၈၇)လုံး ဆောက်လုပ်ပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမ အကြိမ် တင်ဒါဖွင့်ဖောက်ပွဲ၌ ကုမ္ပဏီ(၂၂)ခုမှ Shelter (၃၅) လုံးအတွက် တင်ဒါအောင်မြင်ခဲ့ရာ ရခိုင်ပြည်နယ်အတွက် ပါဝင်သည့် (၂၆)လုံးအနက် ကုမွဏီ(၈)ခုမှ Shelter (၁၅)လုံး တင်ဒါ အောင်မြင်ခဲ့သဖြင့် လုပ်ငန်းများစတင်ဆောင်ရွက်လျက်ရှိပါတယ်။ တင်ဒါအောင်မြင်ခြင်း မရှိသည့် Shelter (၅၂)လုံးအတွက် ဒုတိယအကြိမ် တင်ဒါကို ဆောင်ရွက်ခဲ့ရာ တင်ဒါ ဖွင့်ဖောက်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးတို့ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

၆။ အဆိုပါ (၅၂)လုံးတွင် ရခိုင်ပြည်နယ်အတွက် Shelter (၁၁)လုံးပါဝင်ခဲ့ရာ ကုမွဏီ(၆)ခုမှ တင်ဒါ အောင်မြင်ခဲ့သဖြင့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ လုပ်ငန်းအပ်နှံနိုင်ရေး ဆောင်ရွက် လျက်ရှိ ပါတယ်။ ရခိုင်ပြည်နယ်အတွက် တင်ဒါအောင်မြင်ပြီးသည့် Shelter (၂၆)လုံး ဆောက်လုပ်ပြီးစီး ပါက ရခိုင်ပြည်နယ်အတွက် Shelter (၅၄)လုံး ရှိမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ် အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လွယ်သော  မြို့နယ်(၁၁)မြို့နယ်၊ ကျေးရွာ(၅၄)ရွာ တို့တွင် အမှန်တကယ်လိုအပ်၍ ဆောက်လုပ်ထားရှိသည့် Cyclone Shelterများ၌ ကိုယ်စား လှယ်ကြီး မေးမြန်းချက်တွင်ပါရှိသည့် ကျေးလက်နေပြည်သူတို့အတွက် လိုအပ်လျှက်ရှိသည့် ဒေသကိုယ်စားပြု ဘက်စုံသုံးအဆောက်အဦ(Community hall )များအဖြစ် အသုံးပြုဆောင် ရွက်နိုင်မှာဖြစ်ပါတယ်။ 

၇။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘက်စုံသုံး Cyclone Shelter များကို သဘာဝဘေးအန္တရာယ်ကျရောက်လွယ်သော နေရာများတွင် အဓိက ဦးစားပေး၍ ပြည်သူများ ဘေးကင်းခိုလှုံရာနေရာအဖြစ် အရေးပေါ်အသုံးပြုနိုင်ရန် ရန်ပုံငွေရရှိ မှုနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်အရ ရန်ပုံငွေ ရရှိမှုအပေါ်တွင် မူတည်၍ ဆောက်လုပ်ပေးလျှက်ရှိပါသဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ကျေးလက်နေပြည်သူများအတွက် ကျေးရွာအုပ်စုကြီးများတွင် လိုအပ်လျှက် ရှိသည့် Community Hall များအတွက် ဆောက်လုပ်ပြီး Shelter များတွင် သာမန်အချိန်၌ စာသင်ကျောင်း၊ ဆေးပေးခန်းများ အသုံးပြုပြီး သဘာဝဘေးဖြစ်ပွားချိန်တွင် မြို့နယ်အတွင်းရှိ နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာများမှ ခိုလှုံနိုင်မှာ ဖြစ်ပါတယ်။

၈။ ဥက္ကဋ္ဌကြီးခင်ဗျာ ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ရန် လျာထားတဲ့ Shelter (၅၄)လုံးကို မြေပုံနှင့်တကွ တင်ပြနိုင်ရေး Powerpoint အသုံးပြုခွင့်ပြုနိုင် ပါရန် တင်ပြအပ်ပါတယ်။   တင်ပြပါ  ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇)မြို့နယ်အနက် အနီရောင်  ခြယ်သထားတဲ့ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ သံတွဲမြို့နယ်၊ ဂွမြို့နယ်စတဲ့ မြို့နယ် (၆)မြို့နယ်ကတော့ Shelter လျာ ထားဆောက်လုပ်ထားခြင်းမရှိသေးတဲ့ မြို့နယ်များဖြစ်ပြီး အစိမ်းရောင်ဖြင့် ခြယ်သထားတဲ့ မြို့ နယ် (၁၁)မြို့နယ်ကတော့  Cyclone Shelter ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲနှင့် ဆောက်လုပ် ရန် လျာထားတဲ့မြို့နယ်များ ဖြစ်ပါတယ်။

၉။ လိမ္မော်ရောင်အစက်ဖြင့် တင်ပြချက်ကတော့    ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်ပြီး Shelter (၂၄)လုံး ဖြစ်ပါတယ်။ အဝါရောင်အစက်ဖြင့် တင်ပြချက်ကတော့ အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ်မည့် Shelter (၂၆)လုံးအနက် ပထမအကြိမ် တင်ဒါခေါ်ယူ ပြီးသည့် ဆောက်လုပ်ဆဲ Shelter (၁၅)လုံးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထောက်ပံ့ငွေဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဆောက်လုပ်ဆဲ Shelter (၄)လုံးဖြစ်ပါတယ်။  အပြာရောင်အစက်ဖြင့် တင်ပြချက်ကတော့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ်မည့် Shelter (၂၆)လုံးအနက် ဒုတိယအကြိမ် တင်ဒါ ခေါ်ယူပြီး ဆက်လက်ဆောက်လုပ်မည့် Shelter (၁၁)လုံး ဖြစ်ပါတယ်။

၁၀။ အဆိုပါ Shelter (၅၄)လုံး ဆောက်လုပ်ပြီးချိန်တွင်လည်း သဘာဝဘေးလျော့ပါးရေးအတွက် ထပ်မံလိုအပ်မှုများ တွေ့ရှိပါက  ထိုကျန်နေရာများကို စိစစ်၍ နှစ်အလိုက် ဆက်လက် ဆောင်ရွက်နိုင်ရန် လိုအပ်သော နေရာများကို လျာထားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR