လွှတ်တော်အတွင်းဆောင်ရွက်ချက်များ

စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးကျော်စိုး ဗန်းမောက်မဲဆန္ဒနယ်၊
ဗန်းမောက်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနရုံးနှင့် စံပြမူကြိုကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန် တွင် ဖွင့်လှစ်ပေးမည်၊ မရှိပါက အဘယ်ကြောင့် နှင့်စပ်လျဉ်းသည့်မေးခွန်း။


အမှတ်စဉ်(၁) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်မှ (၁၁)ကြိမ်မြောက်         ပုံမှန် အစည်းအ‌ဝေးသို့ ဆက်လက်ထားရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များခင်ဗျာ။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်မှ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ဆက်လက်ထားရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဗန်းမောက်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၏ ဗန်းမောက် မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနရုံးနှင့် စံပြမူလတန်းကြို ကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်၊ မရှိပါက အဘယ် ကြောင့် မေးခွန်းနှင့်စပ်လျဉ်း၍ ကျွန်တော့်အနေနဲ့ ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။      ဥက္ကဋ္ဌကြီးခင်ဗျာ  Power Point  အသုံးပြုခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။

၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနသည်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်(၁) မြို့နယ်တွင် အနည်းဆုံးစံပြမူလတန်း ကြိုကျောင်းတစ်ကျောင်း ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိသော်လည်း နှစ်စဉ်ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည် ဆောင်ရွက်ရ၍ အရေအတွက်အားဖြင့် များစွာတိုးချဲ့နိုင်ခြင်းမရှိသေးပါ။ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာစေရေး ကူညီဆောင်ရွက်ပေးနိုင် ရန်နှင့် လူမှုဝန်ထမ်းလုပ်ငန်းရပ်များကို ပြည်သူများနှင့် နီးကပ်စွာ ပိုမိုဆောင်ရွက်နိုင်ရန် အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ခရိုင်အားလုံးတွင် ခရိုင်လူမှုဝန်ထမ်းရုံး (၁)ရုံး၊ မြို့နယ်အားလုံး တွင် မြို့နယ် လူမှုဝန်ထမ်းရုံး (၁)ရုံးနှင့် မြို့နယ်စံပြမူလတန်းကြိုကျောင်း (၁)ကျောင်းစီ ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ တစ်နှစ်လျှင် (၃၀)ကျောင်းနှုန်းဖြင့်လည်းကောင်း၊ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ တစ်နှစ်လျှင် (၂၇)ကျောင်းနှုန်းဖြင့်လည်းကောင်း (၉)နှစ်စီမံကိန်း ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။

၃။ အဆိုပါစီမံကိန်းအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွက် မြို့နယ် လူမှု ဝန်ထမ်းရုံး (၁)ရုံးနှင့် မြို့နယ်စံပြမူလတန်းကြိုကျောင်း (၁) ကျောင်း ဆောက်လုပ်ဖွင့်လှစ် မည်ဖြစ်သဖြင့် မြို့နယ်လူမှုဝန်ထမ်းရုံး ဆောက်လုပ်ရန် မြေအကျယ်အဝန်း (၁၀၀၊x၁၀၀၊)နှင့် မြို့နယ်စံပြ မူလတန်းကြိုကျောင်းဆောက်လုပ်ရန် မြေအကျယ်အဝန်း (၂၀၀၊ x ၂၀၀၊) လိုအပ် ပါတယ်။ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ရုံးများ ဖွင့်လှစ်နိုင်ရန် လိုအပ်သောမြေနေရာများ ရရှိရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် စာအမှတ်၊ ၃-၁/ ၁၉၅/ ၂၃၃၃ ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ ညှိနှိုင်းဆောင်ရွက် ထားရှိပါတယ်။ လူမှုဝန်ထမ်းဦးဌာနအနေဖြင့် စစ်ကိုင်းတိုင်းအတွင်း မုံရွာမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် ကလေး(၂၅၀)ဆံ့မူကြိုကျောင်း (၁)ကျောင်းစီ၊ စစ်ကိုင်းမြို့နယ်တွင် ကလေး(၁၅၀)ဆံ့ မူကြိုကျောင်း (၁)ကျောင်း၊ ဖောင်းပြင်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ ကလေးမြို့နယ်၊ အင်းတော် မြို့နယ်နှင့် လဟယ်မြို့နယ်တို့တွင် ကလေး(၁၀၀)ဆံ့ မူကြို ကျောင်း (၁)ကျောင်းစီနှင့် ဆားလင်းကြီးမြို့နယ်တွင် ကလေး (၁၀၀)ဆံ့ မူကြိုကျောင်း (၂)ကျောင်း (ဝက်မှေး-ကံတော်၊ ဆည်တည်း-ဇီးတော)၊ စုစုပေါင်း မူကြိုကျောင်း (၁၀)ကျောင်းကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ ပါတယ်။  

၄။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက် မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် မြို့နယ်စံပြမူလတန်းကြို ကျောင်းအတွက် မြေနေရာရရှိရေး စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ထပ်မံညှိနှိုင်းထားရှိပြီးဖြစ်ပါတယ်။ မြေနေရာ အလွန်အမင်း အခက်အခဲရှိသော မြို့နယ် များအတွက် ဌာနဘတ်ဂျက်ရန်ပုံငွေဖြင့် ဝယ်ယူပြီး မူကြိုကျောင်းများ ဆောက်လုပ်ပေးလျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ ဗန်းမောက်မြို့နယ်တွင် မြေနေရာရရှိပါက အနီးဆုံးဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေတွင် မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် မြို့နယ်စံပြ မူလတန်းကြိုကျောင်းဆောက်လုပ်ရန် ထည့်သွင်းတောင်းခံ၍ ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။



MOS

DSW

DDM

DOR