လွှတ်တော်အတွင်းဆောင်ရွက်ချက်များ

စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဒေါက်တာမောင်သင်း၊မိတ္ထီလာမဲဆန္ဒနယ်၊မန္တလေးတိုင်းဒေသကြီး။

နိုင်ငံတော်အစိုးရကရခိုင်ပြည်နယ်အတွင်းတွင်ဘင်္ဂါလီများကိုလက်ခံရေးကိစ္စအားပွင့်လင်းမြင် သာရေးအတွက် ပြည်သူများအား အသေးစိတ် ရှင်းပြပေးရန် အစီအစဥ်ရှိ/မရှိ။

(၁) နှစ်နိုင်ငံသဘောတူညီမှုအရပြန်လည်လက်ခံရေး။

(၂) ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန် လည် လက်ခံမည့် အစီအစဥ်။

(၃) ရခိုင်ပြည်နယ်အတွင်းမှ  ထွက်ခွာသွားသူ များ  ဟုတ်/မဟုတ်။

(၄) ARSA အဖွဲ့ဝင်များနှင့် ပတ်သက်နေမှု၊ဖြေရှင်း ဆောင်ရွက်နေမှု။

(၅) မွတ်ဆလင်များအတွက် သီးခြားနယ်မြေ (Save Zone)ထားရှိခြင်း။


၂။ဦးကျော်အောင်လွင်စေတုတ္တရာမဲဆန္ဒနယ်၊မကွေးတိုင်းဒေသကြီး။
မုန်းတမံရေပြင်ကြီးနှင့် ကြီးအုံကြီးဝတမံရေပြင်ကြီး နှစ်ခုကြားတွင် ရေကန်ကြီးအတွင်း နေထိုင်ရ သော စေတုတ္တရာမြို့သည် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက၂၀၁၅ရေဘေး ကဲ့သို့ မြို့တစ်မြို့လုံးရေပြင် အောက်နစ်မြှုပ် နိုင်သည့် အန္တရာယ်ရှိပါသဖြင့် မြို့သူမြို့သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် မုန်တိုင်း Shelter တည်ဆောက် ပေးရန် အစီအစဥ် ရှိ/မရှိ နှင့် အစီအစဥ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက် ပေးမည်၊ အစီအစဥ်မရှိပါက အဘယ်ကြောင့် ဆိုသည်ကို သိလိုခြင်း။

၃။ဦးဝင်းမင်းလှိုင်သာယာမဲဆန္ဒနယ်၊ရန်ကုန်တိုင်းဒေသကြီး။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့/ရွာနှင့် ဦးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ယူဆောင်ရွက်နေသည့် လှိုင်သာယာစက်မှုရုံ နေ့ကလေးထိန်းကျောင်းများ ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ။

၄။ဦးလာမာလေးဆော့လော်မဲဆန္ဒနယ်၊ကချင်ပြည်နယ်။
၂၀၁၆ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့ ရေကြီးရေလျှံမှု ကြောင့် ပျက်စီးခဲ့ရသော ကချင်ပြည်နယ်၊ ဆော့လော်မြို့၊ လန်ဆယ်ကျေးရွာအုပ်စုအတွင်း ရှိ လန်ဆယ်ရွာမကြီး၊ သဘန်ခကျေးရွာနှင့် အခြား ရေဘေးသင့်ကျေးရွာများအား ပြန်လည် ထူ ထောင်ရေးလုပ်ငန်းများ    ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးနိုင်မည် သို့မဟုတ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက အဘယ်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကို သိရှိလို ခြင်းနှင့်စပ်လျဥ်းသည့်မေးခွန်း။

၅။ဦးကျော်စိုးဗန်းမောက်မဲဆန္ဒနယ်၊စစ်ကိုင်းတိုင်းဒေသကြီး။
ဗန်းမောက်မြို့နယ်အတွင်းရှိ မူကြိုကျောင်းများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်မှ မည်သို့စီစဥ်ဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်းနှင့် စပ်လျဥ်းသည့် မေးခွန်း။

၆။ဦးဦးလှစောမြောက်ဦးမဲဆန္ဒနယ်၊ရခိုင်ပြည်နယ်။
အိန္ဒိယအစိုးရထံမှ ရရှိမည့် အမေရိကန် ဒေါ်လာ (၂၅)သန်း ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရ နှင့် ပြည်ထောင်စုအစိုးရကြားတွင် မည်သို့စီမံခန့်ခွဲ ကြမည်၊ ရခိုင်ပြည်နယ်၏ မည်သည့်ဒေသများတွင် သုံးစွဲမည်နှင့်ဒေသများ ရွေးချယ်ရာတွင် မည်သည့် စံနှုန်းများဖြင့် သတ်မှတ်မည်တို့ကို သိရှိလို ပါကြောင်းနှင့်စပ်လျဥ်းသည့် မေးခွန်း။


အမှတ်စဥ်(၁) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအ‌ဝေးတွင် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၏" နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီများကို လက်ခံရေးကိစ္စအား ပွင့်လင်းမြင်သာရေးအတွက် ပြည်သူများ အား အသေးစိတ်ရှင်းပြပေးရန် အစီအစဥ် ရှိ/မရှိ" မေးခွန်းနှင့်စပ်လျဥ်း၍ လွှတ်တော်ကိုယ်စားလှယ်ကြီး ၏ မေးမြန်းထားသည်‌့ အချက်များပေါ်တွင်မူတည်ပြီး ကျွန်တော့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ရရှိတဲ့သတင်းအချက်အလက်များကို အခြေခံ၍ ပေါင်းစပ်ညှိနှိုင်း ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

၃။ ကိုယ်စားလှယ်တော်ကြီး သိလိုတဲ့ ပထမအချက်အနေနဲ့ နှစ်နိုင်ငံ သဘောတူညီမှုအရ ပြန်လည်လက်ခံရေး ကိစ္စနှင့်ပတ်သက်၍ နေပြည်တော်၌ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်း စဉ် Arrangement on Return of Displaced Persons From Rakhine State သဘောတူညီချက်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ လက်မှတ်ရေးထိုးခဲ့ကြပြီး သဘောတူညီချက်နှင့်အညီ   မြန်မာနိုင်ငံအတွင်း အမှန်တကယ် နေထိုင်ခဲ့ ကြောင်း စိစစ်တွေ့ရှိ သူများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ၁၉၉၃ ခုနှစ်၊ နှစ်နိုင်ငံ သဘောတူညီချက်(၄)ချက်နှင့်အညီ စိစစ်လက်ခံသွားမှာဖြစ်ပါတယ်။ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ရေး အတွက်နှစ်နိုင်ငံပြန်လည်လက်ခံရေး ပူးတွဲလုပ်ငန်း အဖွဲ့ကို  ဘင်္ဂလားဒေ့ရှ်ဘက်မှ ကိုယ်စားလှယ်များ၊ မြန်မာဘက်မှ ဌာနဆိုင်ရာကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ကျင်းပခဲ့ပြီး Physical Arrangement For Repatriation of Displaced Myanmar Residents From Bangladesh ကို ဇန်နဝါရီလ(၁၆)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အစည်း အဝေးတွင် ဆန္ဒအလျောက်ပြန်လည်ဝင်ရောက်လိုသူများ ဖြည့်သွင်းရမည့်ပုံစံကို နှစ်ဖက် အကြေအလည် ဆွေးနွေးခဲ့ပါတယ်။

၄။ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊  လုံခြုံရေးနှင့်  တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်မှ (၁၇)ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စု (၁၆၇၃)စု၊ လူဦးရေ (၈၀၃၂)ဦး၏ အချက်အလက်များကို မြန်မာနိုင်ငံဘက်သို့ ပေးအပ်ခဲ့ပါတယ်။ အဆိုပါစာရင်းကို နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့မှ ညှိနှိုင်း သဘောတူထားသည့် ပုံစံကို အသုံးပြုထားမှုမရှိဘဲ သီးခြားပုံစံဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပြုစုပေးပို့ခဲ့သည့်အတွက် နေထိုင်ခဲ့ခြင်း ရှိ/မရှိ စိစစ်ရာတွင် အခက်အခဲ များစွာကြုံတွေ့ရပြီး နောင်တွင်ရှုပ်ထွေးမှုများစွာဖြစ်လာနိုင်ခြင်းတို့ကို တွေ့ရှိရသဖြင့် နှစ်နိုင်ငံပူးတွဲ လုပ်ငန်းအဖွဲ့မှ အတည်ပြုထားသော သဘောတူညီချက် နောက်ဆက်တွဲပုံစံ၌  ပြည်လည်ဖြည့်စွက်ပြီး  သံတမန်လမ်းကြောင်းမှ ပြန်လည်ပေးပို့ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြောင်း ကြားထားရှိပါတယ်။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို နှစ်နိုင်ငံအကြား သဘော တူညီချက်များနှင့်အညီ အမြန်ဆုံးစိစစ်လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါတယ်။ 

၅။ လွှတ်တော်ကိုယ်စားလှယ်ကြီးသိလိုတဲ့ ဒုတိယအချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံမည့် အစီအစဉ်နှင့် ပတ်သက်၍ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဌအဖြစ် ဦးဆောင်ကာ ဒုတိယဥက္ကဌအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်နှင့် သတင်းနှင့်ဆက်သွယ်ရေးဒါရိုက်တာ ဦးကျော်မြိုင်တို့ ပါဝင်သော ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီတွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များပါဝင်သော လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့ကိုဖွဲ့စည်းကာ UMFCCIနှင့်ပူးပေါင်း၍ ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံလုပ်ငန်းစဉ်များ၌ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ UEHRD အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့တွင် နေပြည်တော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် UEHRD စီမံကိန်း၏ ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် အကောင် အထည်ဖော် မည့်အစီအစဉ်တို့ ရှင်းလင်းပွဲတစ်ရပ်ကို UEHRD ကော်မတီ ဒုတိယဥက္ကဌ ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ရှိသူများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း များသို့လည်း ရှင်းလင်းအသိပေးပြောကြားခဲ့ပါတယ်။ UEHRD ရှင်းလင်းပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ရာ    ရခိုင်ပြည်နယ်ဆိုင်ရာ  အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ UEHRD ညှိနှိုင်းရေးမှုးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် UEHRD Task Forcesအဖွဲ့ခေါင်းဆောင်များဖြင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

၆။ ပြန်လည်ဝင်ရောက်လာသူများအတွက် ပြန်လည်လက်ခံမှုအစီအစဉ်အရ ကုန်းလမ်းမှ ဝင်ရောက်လာသူများကို တောင်ပြိုလက်ဝဲလက်ခံရေးစခန်းမှလည်းကောင်း၊ ရေလမ်းမှ ဝင်ရောက်လာသူ များကို  ငါးခူရလက်ခံရေးစခန်းမှ လည်းကောင်း၊  စခန်းတစ်ခုလျင် (၁)ရက်လူ(၁၅၀)နှုန်းဖြင့် (၁)ရက် လျှင် လူ (၃၀၀)ဦးကို ရက်သတ္တတစ်ပတ်တွင်(၅)ရက် လက်ခံဆောင်ရွက်မှာဖြစ်ပါတယ်။ ပြန်လည် ဝင်ရောက်လာသူများအတွက် အစားအသောက်၊ အဝတ်အထည်၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို ကနဦး ထောက်ပံ့မည်ဖြစ်ပြီး ပြန်လည်လက်ခံရေးစခန်းများတွင် (၁)ညတာ နေထိုင်စေမှာဖြစ်ပါတယ်။ ပြန်လည် လက်ခံရေး လုပ်ငန်းများကို စနစ်တကျစိစစ်ဆောင်ရွက်ပြီးနောက်ရက်တွင် ၄င်းတို့အခြေချ နေထိုင်မည့် ကျေးရွာများ တည်ဆောက်ဆဲကာလအတွင်း ခေတ္တနေထိုင်နိုင်ရန်အတွက် စီစဉ်ထားသော လှဖိုးခေါင် ကြားစခန်းသို့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ လှဖိုးခေါင်ကြားစခန်းတွင် လူသားချင်းစာနာထောက်ထားမှု အတွက် ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းများ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက်လာသူ များအနေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းများအပြင် ဆောက်လုပ်ရေးလုပ်ငန်း၊ လမ်းလုပ်ငန်း၊ လျှပ်စစ်မီးသွယ် တန်းခြင်းနှင့်ဆက်သွယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက်လာသူများ နေထိုင်မည့် ကျေးရွာ တည်ထောင်မည့်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်စေခြင်းဖြင့် လုပ်ငန်းပြီးစီးမှု မြန်ဆန် နိုင်သည့်အပြင်  တစ်ဦးချင်းဝင်ငွေများလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက်လာသူများ အတွက် ယခင်နေထိုင်ခဲ့သည့် မူလနေရာများနှင့် မူလနေရာနှင့် အနီးဆုံးပတ်ဝန်းကျင်တွင် ပြန်လည်  နေရာချထားနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ တစ်ဖက်နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာ သူများအတွက် ကျေးရွာသစ်များထူထောင်ပေးရာတွင် မြေနေရာရှင်းလင်းမှုများ၊ အိမ်ရာကွက်များကို မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက Village Plan နှင့်အညီ အိမ်ရာ၊ ဆေးခန်း၊ ကျောင်း၊ စျေး စသည်တို့ပါဝင်တဲ့ရွာများကို တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။

၇။ ရခိုင်ပြည်နယ်အတွင်းမှ လူနည်းစုတိုင်းရင်းသားများ၊ ဒေသခံ တိုင်းရင်းသားများအတွက် နေအိမ်များ၊ ကျေးရွာများ ထူထောင်ပေးခြင်းများကို UEHRD ၏ စီစဉ်မှုဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုငွေဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊  တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့တို့၏  အစီ အစဥ်နှင့် တပ်မတော်၏အစီအစဥ်တို့ဖြင့်လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ အလှူငွေဖြင့်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိရာ သက်လူမျိုး၊ ဒိုင်းနက်လူမျိုး၊ မြိုလူမျိုး၊ ခမီ လူမျိုး၊ ချင်းလူမျိုး၊ မာရမကြီးလူမျိုး၊ ရခိုင်လူမျိုးများအတွက် အိမ်ရာများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက် အဦများ၊လမ်းများ၊မီး၊ရေ ရရှိရေးလုပ်ငန်းများ၊ ဆေးပေးခန်း၊ စာကြည့်တိုက်များ ဆောက်လုပ် ပေးလျက်ရှိပါတယ်။

၈။ ကိုယ်စားလှယ်တော်ကြီးသိလိုတဲ့ တတိယအချက်အနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှ ထွက်ခွာ သွားသူများ ဟုတ်/မဟုတ်မည်သို့ စိစစ်လက်ခံမှာလဲဆိုတဲ့ အချက်နဲ့ပတ်သက်၍ ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်၍ ကျင်းပပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများအား စနစ်တကျ ပြန်လည်လက်ခံရေးညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၁၉၉၃ ခုနှစ် ပြန်လည် လက်ခံရေးမူ(၄)ချက်နှင့်အညီ စနစ်တကျ စိစစ်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့သူဟုတ်/  မဟုတ် စိစစ်ရန် ပုံစံကို အချက် (၁၆)ချက်ဖြင့် သတ်မှတ်၍ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန တို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပူးတွဲပေးပို့ခဲ့ပါတယ်။ ယင်းအစည်းအဝေးက ကုန်းလမ်းမှ ပြန်လည် ဝင်ရောက်လာသူများအတွက် တောင်ပြိုလက်ဝဲစခန်း၌ လည်းကောင်း၊ ရေလမ်းမှပြန်လည် ဝင်ရောက် လာသူများအတွက် ငါးခူရစခန်း၌ လည်းကောင်း စိစစ်လက်ခံရေးစခန်းများဖွင့်လှစ်၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အဖွဲ့ဝင်များပါဝင်သော ပြန်လည်လက်ခံရေးအဖွဲ့များက စိစစ်လက်ခံဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

၉။ ပြန်လည်လက်ခံရာတွင် လျှောက်လွှာပုံစံများအား ပြန်လည်ပေးပို့ရာ၌ မြန်မာနိုင်ငံမှ တရားဝင်ထုတ်ပေးထားသော နိုင်ငံသား/ ဧည့်နိုင်ငံသား/ နိုင်ငံသား ပြုခွင့်ရသူစိစစ်ရေးကတ်ပြား၊ အမျိုးသားမှတ်ပုံတင် သက်သေခံလက်မှတ်၊ ယာယီ သက်သေခံလက်မှတ်အပ်နှံပြီးကြောင်းပြေစာ၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) သို့မဟုတ် မိတ္တူမှန်များ ပူးတွဲတင်ပြ ရမည်ဖြစ်ပြီး ကတ်ပြားပျက်စီးပျောက်ဆုံးပါက ရခိုင်ပြည်နယ်အနောက်ဘက်ဒေသတွင် နှစ်စဉ် ကောက်ယူခဲ့သော သုံးမျိုးစာရင်းကောက်ယူရေးလုပ်ငန်းမှ အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်များနှင့် မိသားစုဓါတ်ပုံများ၊ လျှောက်လွှာ၌ ပါရှိသော အချက်အလက်များအား တိုက်ဆိုင်စစ်ဆေး၍ သတ်မှတ် အရည်အချင်းနှင့်ကိုက်ညီသူများအား နိုင်ငံတော်အစိုးရသို့ တင်ပြလက်ခံဆောင်ရွက်သွားမှာဖြစ်ပြီး ပြန်လည်လက်ခံရေးစခန်းတို့တွင်လည်း နိုင်ငံတော်အစိုးရမှ ပြန်လည်လက်ခံရန် အတည်ပြုပြီးသူများ ကိုသာ ကိုယ်ရေးအချက်များ၊ ဓါတ်ပုံများဖြင့် တိုက်ဆိုင်စစ်ဆေး၍ စိစစ်လက်ခံမှာဖြစ်ပါတယ်။ သည့်အပြင် ပြန်လည်ဝင်ရောက်လာသူများထဲတွင် ARSA အကြမ်းဖက်အဖွဲ့များနှင့် အကြမ်းဖက်သမား များ ပါဝင်လာမှုမရှိစေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက စနစ်တကျစိစစ်လျက်ရှိပါတယ်။

၁၀။ စိစစ်လက်ခံပြီးသူများအားနိုင်ငံတော်မှ ထုတ်ပေးထားသည့်သက်ဆိုင်ရာကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်ထားခြင်းမရှိပါက (National Verification Card- NVC) တစ်ပါတည်း စိစစ်ထုတ်ပေး၍ Biometric နည်းဖြင့် ယင်းတို့၏ ပေါ်လွင်ထင်ရှားသည့် အမှတ်အသားများအား မှတ်တမ်းရယူမှာဖြစ် ပါတယ်။ ယင်းနောက်ပြန်လည် စိစစ်လက်ခံပြီးသူများအားလွှဲပြောင်းအပ်နှံသွားမှာ ဖြစ်ပါ တယ်။ ပြန်လည်ဝင်ရောက်လာသူများအားလုံးသည် ပြန်လည် ဝင်ရောက်လာ ချိန်တွင် National Verification Process ကို ဆောင်ရွက်ပြီး NV Card ကိုင်ဆောင်ရမည်ဖြစ်ပါတယ်။ 

၁၁။ ဆက်လက်ပြီး ကိုယ်စားလှယ်တော်ကြီး သိလိုတဲ့ စတုတ္ထအချက်ဖြစ်တဲ့ ARSA အဖွဲ့ဝင် များနှင့် ပတ်သက်နေမှု၊ ဖြေရှင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ(၂၅)ရက်နေ့မှာ ARSA အကြမ်းဖက်အဖွဲ့အစည်းက ရခိုင်ပြည်နယ် မောင်တောဒေသရှိ နယ်စပ် လုံခြုံရေးကင်းစခန်းပေါင်း(၃၀)ကို အချိန်ကိုက် တစ်ပြိုင်နက် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့မှု ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့ကို ဦးတည်ဖြေရှင်း ဆောင်ရွက်မှုကို စိုးရိမ်ကြောက်လန့်၍  နေရပ်ကိုစွန့်ကာ တစ်ဘက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်း၊ အကြမ်းဖက်သမားများ၏ စည်းရုံးလှုံ့ဆော်မှုကို လက်ခံ၍ နေရပ်စွန့်ခွာထွက်ပြေးခြင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ နည်းမျိုးစုံတို့ဖြင့် ဖိအားပေးနေမှုများနှင့် ARSA များ၏ အကြမ်းဖက်ဆောင်ရွက်နေမှုတို့ကို နိုင်ငံတကာအဖွဲ့အစည်းသတင်းဌာနများမှ ထိန်ချန်ကာ မဟုတ်မမှန် ဝေဖန် ထိုးနက်မှုများ ရှိနေသည်ကိုလည်း သတိထားရှိရန် လိုအပ်ပါတယ်။ 

၁၂။ မြန်မာနိုင်ငံမှပြန်လည်လက်ခံရေးကိစ္စများကို နိုင်ငံတကာမှ စိတ်ဝင်တစား စောင့်ကြည့်နေ သည့်အချိန်ကာလ ဖြစ်သည့်အတွက်  နိုင်ငံတကာသတင်းမီဒီယာအား ထိုးဖောက်နိုင်မှုအခြေအ​နေ၊ နိုင်ငံတကာမှ ဖိအားပေးနေမှု အခြေအနေ၊ မိမိနိုင်ငံနှင့် မဟာမိတ်ပေါင်းသင်းနေသည့် နိုင်ငံအင်အား အခြေအနေတို့အပေါ် အတိမ်းအစောင်းမရှိစေရန် သတိထားဆောင်ရွက်နေရသည့် အခြေအနေများကို ပြည်သူများသိရှိနိုင်ရန် သတင်းဌာနများမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပြီး အနောက်ဘက် နယ်စပ်ဒေသလုံခြုံရေး၊     ဒေသနေတိုင်းရင်းသား လူနည်းစုများ၏ ရေရှည်တည်တံ့နေထိုင်ရေး နယ်မြေ စိုးမိုးမှုရရှိအောင် အကောင်းဆုံး အစီအမံများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 

၁၃။ မြန်မာနိုင်ငံ၊အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၁၇ခုနှစ်၊ သြဂုတ်လ (၂၅)ရက်တွင် အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၇)ဖြင့် အကြမ်းဖက်မှုတိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အစွန်းရောက် အကြမ်းဖက်သမားများနှင့် ယင်းအကြမ်းဖက်မှုများအတွက် တာဝန်ရှိသော Arakan Rohingya Salvation Army (ARSA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထိုသို့ ထုတ်ပြန် ကြေညာခဲ့မှုအား ကုလသမဂ္ဂအကြမ်းဖက်မှုတိုက်ဖျက်ရေး အမှုဆောင်အရာရှိချုပ်ရုံး (UNCTED)၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(INTERPOL)၊ ဥရောပရဲအဖွဲ့ (EUROPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL)နှင့် အာဆီယံအကြမ်းဖက်မှု က်ဖျက်ရေးကွန်ဗင်းရှင်း အတွင်းရေးမှူးချုပ်ရုံးနှင့် မြန်မာနိုင်ငံရှိ နိုင်ငံတကာမှ သံရုံးများအားလုံးကို အကြောင်းကြားစာများ ပေးပို့ထားရှိခဲ့ပြီး ဖြစ်ပါတယ်။

၁၄။ ကုလသမဂ္ဂမှ ARSA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စာရင်းသွင်း နိုင်ရန်အတွက် ကုလသမဂ္ဂ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ (United Nations Counterterrirosm Executive Directorate -UNCTED) ထံသို့ မြန်မာအဖွဲ့ရုံး၊ နယူးယောက်မြို့မှတစ်ဆင့် ၅-၉-၂၀၁၇ ရက်တွင် အကြောင်း ကြားခဲ့ပြီး မြန်မာအဖွဲ့ရုံး၊ နယူးယောက်မြို့မှ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဆောင်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအောက်ရှိ ISIL (Da’esh)and Al-Qaida Sanctions Committee မှ ကိုယ်စားလှယ်နှင့် ၂၀၁၇ခုနှစ်၊ အောက်တိုဘာ လ (၁၁)ရက်တွင်  တွေ့ဆုံခဲ့ပါတယ်။

၁၅။ ထို့အပြင် ARSA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ATTULAH ABU AMMAR JUNNI (ခ) Hafiz Tohar သည် ဆော်ဒီအာရေဗျနိုင်ငံအတွင်းရှိ အရင်းအမြစ်များနှင့် ဆက်စပ်မှုရှိကြောင်း သတင်းအချက် အလက်များကို ရန်ကုန်မြို့ရှိ ဆော်ဒီအာရေဗျသံရုံးသို့ အကြောင်းကြားထားပါတယ်။

၁၆။ လွှတ်တော်ကိုယ်စားလှယ်ကြီးသိလိုတဲ့ ပဉ္စမအချက်ဖြစ်တဲ့ ဘင်္ဂါလီများအတွက် သီးခြား နယ်မြေ (Save Zone)ထားရှိခြင်းကိစ္စနှင့်ပတ်သက်၍ ဖြေကြားရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် က (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မူဝါဒမိန့်ခွန်းပြောကြားမှုတွင် နေရပ်စွန့်ခွာသူများ အတွက် မြန်မာနိုင်ငံအတွင်း (Save Zone)များ ထူထောင်ပေးနိုင်ရေးကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။  မောင်တောဒေသအကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်နေရာများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားတဲ့ နေရပ်စွန့်ခွာသူများကို အကြောင်းပြလျက် International safe zone အဖြစ် သတ်မှတ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံတကာမျက်နှာစာမှာ ကြိုးပမ်းခြင်း ဖြစ်ပါတယ်။ 

၁၇။ ဘင်္ဂလားဒေ့ရှ်အစိုးရက ရုရှားနှင့်တရုတ်အပါအဝင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၊ အီးယူ၊ အိုအိုင်စီ၊ အာဆီယံ၊ အိန္ဒိယ၊ ဂျာမနီနိုင်ငံများသို့ ချဉ်းကပ်၍ အထက်ပါ International safe zone သတ်မှတ်နိုင်ရေး အပါအဝင်ဘက်ပေါင်းစုံမှ မြန်မာနိုင်ငံအား ဖိအားပေးရန် ကြိုးပမ်းခြင်း ဖြစ်ပါတယ်။

၁၈။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ လူ့အခွင့်အရေး ကောင်စီ၊ နိုင်ငံတကာအဖွဲ့အစည်းများထံသို့ စာတမ်းများဖြန့်ဝေခဲ့တဲ့အပြင် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ မူဝါဒရေးရာမိန့်ခွန်း ပြောကြားမှုအစီအစဉ်မှာလည်း ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါတယ်။ ဒါကို လည်း မြန်မာကိုယ်စားလှယ်အဖွဲ့မှ တုံ့ပြန်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

၁၉။ International safe zone ကို ၁၉၉၂ ခုနှစ်မှာ ဘော့စ်နီးယား-ဟာဇီဂိုဗီးနားနဲ့ လက်ရှိ ပြည်တွင်းစစ်ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံတို့မှာ သတ်မှတ်ခဲ့တာကိုတွေ့ရှိရပါတယ်။ အဆိုပါနိုင်ငံ တွေမှာ  ပြည်တွင်းစစ်ဖြစ်ပွား နေတာဖြစ်တဲ့အတွက် ဒီနိုင်ငံတွေရဲ့ဖြစ်စဉ်နဲ့ ရခိုင်ပြည်နယ်ရဲ့ဖြစ်စဉ်ဟာ ကွဲပြားခြားနားပါတယ်။ 

၂၀။ International safe zone ဆိုတာဟာ နှစ်နိုင်ငံစစ်ဖြစ်နေလျှင် လည်းကောင်း၊ ပြည်တွင်းစစ်ပွဲ များဖြစ်ပွားနေသည့် ကာလများတွင်လည်းကောင်း ပဋိပက္ခဖြစ်ပွားရာဒေသတွင်းရှိ အရပ်သားများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာနိုင်ငံက ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသည့်အခြေအနေမှသာလျှင်    ကုလသမဂ္ဂကဲ့သို့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုခုက ဦးဆောင်၍ ဝင်ရောက်ထိန်းသိမ်းရသည့် အခြေအနေမျိုးသာဖြစ်ပါတယ်။ ဒီ့အပြင် ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်း အာတီကယ် ၂(၄) အရလည်း သက်ဆိုင်ရာနိုင်ငံရဲ့ သဘောတူညီချက်ရရှိမှသာ safe zone ကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ 

၂၁။ အဆိုပါ safe zone ထူထောင်ရန် ကုလသမဂ္ဂမျက်နှာစာ၌ကြိုးပမ်းခြင်းကို မြန်မာနိုင်ငံက ပြတ်ပြတ်သားသား ပယ်ချထားပြီးပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုလသမဂ္ဂ မျက်နှာစာတွင် စည်းရုံး လှုပ်ရှားဆောင်ရွက်နေမှုများကို  နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စောင့်ကြည့်လျက်ရှိသလို မြန်မာနိုင်ငံ နှင့် ချစ်ကြည်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများနှင့်လည်း ထိတွေ့စည်းရုံးမှုများ ပြုလုပ်ကာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

၂၂။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးရဲ့ နောက်ထပ်သိလို့တဲ့ အချက်ဖြစ်တဲ့ လူမှုစာမျက်နှာ များပေါ်တွင် ထွက်ခွာသွားစဥ်က အမျိုးသမီးထုများပြီး ပြန်လာတော့ အမျိုးသားထုများပြားနေကြောင်း ဖော်ပြထားမှုကို ရှင်းလင်းပြောကြားရမယ်ဆိုရင် ထွက်ခွာသွားစဉ်အခါက  အမျိုးသမီး၊အမျိုးသား အရွယ်မရွေး မိသားစုအလိုက် ထွက်ခွါသွားကြသော်လည်း  မြန်မာနိုင်ငံဘက်သို့ ပြန်လည် လွှဲပြောင်း ပေးမည့် နေရပ်စွန့်ခွာသူ လူဦးရေ (၈၀၃၂)ဦးအနက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏  ၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက်နေ့ အထိ စိစစ်ချက်အရ မြန်မာနိုင်ငံတွင်း နေထိုင်ခဲ့ သူမှန်ကန်ကြောင်း စိစစ်တွေ့ရှိရ သူများစာရင်းတွင် အမျိုးသမီးဦးရေ (၂၃၃)ဦး၊ အမျိုးသားဦးရေ (၂၀၂)ဦး၊ အမျိုးသားအမျိုးသမီးစိစစ်၍မရသူ (၄)ဦး၊ စုစုပေါင်း (၄၃၉)ဦးဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒိအတွက် ကြောင့် ပြန်လည်လက်ခံသူများကို စနစ်တကျစိစစ် နေဆဲဖြစ်သည့်အတွက် ပြန်လည်လက်ခံခြင်း လည်းမရှိသေးပါသဖြင့် ပြန်လည်ဝင် ရောက်လာသူများအနက် အမျိုးသားဦးရေများပြားနေခြင်းဆိုသည့် အချက်မှာ မှန်ကန်မှုမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

၂၃။ ရခိုင်ပြည်နယ်တွင်း ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်နေရာချ ထားရေးအတွက် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးနှင့်သတင်းမီဒီယာများ တွေ့ဆုံမေးမြန်းမှုကို အများပြည်သူ သိရှိနိုင်ရေး အတွက် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက် နေ့ထုတ်ဝေသည့် ကြေးမုံသတင်းစာတွင် ထည့်သွင်းဖော်ပြ ထားပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ သတင်းမီဒီယာ များနှင့် တွေ့ဆုံရှင်းလင်းပွဲကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက် နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကာ သတင်း မီဒီယာများမှ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။

၂၄။ သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ "နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီများကို လက်ခံရေးကိစ္စအား ပွင့်လင်းမြင်သာရေး အတွက် ပြည်သူများအား အသေးစိတ်ရှင်းပြ ပေးရန် အစီအစဥ်ရှိ/မရှိ"မေးခွန်းနှင့် စပ်လျဥ်း၍ နိုင်ငံတော်အစိုးရအနေဖြင့်  ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ  သတင်းမီဒီယာများထံ သို့ သိရှိလိုသည်များကို အသေးစိတ်ဖြေကြားခြင်းဖြင့် ပွင့်လင်းမြင်သာစွာ  ပြည်သူများထံ ရှင်းလင်းချပြ ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပြန်လည်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့အနေဖြင့် လည်း နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ပြီးဖြစ်ပါကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ သူများကို ပြန်လည်လက်ခံနိုင်ရေး၊ နေရာချထားနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး မှလည်း စနစ်တကျ စိစစ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီးသိရှိလိုသော အစိုးရ၏ ကောင်းမွန်သော လက်ခံရေးအစီအစဉ်များကို တင်ပြပါအတိုင်း ဆောင်ရွက်ပေးလျှက်ရှိသကဲ့သို့ ပြည်သူများပိုမိုသိရှိ နားလည်စေရန်အတွက် နေ့စဉ်မြန်မာ၊ အင်္ဂလိပ်သတင်းစာများတွင် ရခိုင်ပြည်နယ် သတင်းအဖြစ် သီးသန့်စာမျက်နှာဖြင့် ဖော်ပြလျှက်ရှိသကဲ့သို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ကလည်း TV အစီအစဉ်၊ FMရေဒီယိုအစီအစဉ်များဖြင့် ထုတ်လွှင့်လျှက်ရှိပါကြောင်း၊ နောင်တွင်လည်း ဆောင်ရွက်မှု အဆင့်တိုင်း၌ ပြည်သူများထံ အသေးစိတ်ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါကြောင်းနှင့် ယနေ့မွန်းလွဲပိုင်း မှာလည်း ရခိုင်ပြည်နယ်ဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းသမားများနှင့် သတင်းစာရှင်းလင်းပွဲကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။


အမှတ်စဉ်(၂) ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် မကွေးတိုင်း ဒေသကြီး၊စေတုတ္တရာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပေါင်းစပ်ဖြေကြားချက် 

၁။ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်၏ "မုန်းတမံရေပြင်ကြီးနှင့် ကြီးအုံကြီးဝတမံရေပြင်ကြီးနှစ်ခုကြားတွင် ရေကန်ကြီးအတွင်း နေထိုင်ရသော စေတုတ္တရာမြို့သည် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက ၂၀၁၅ ရေဘေးကဲ့သို့ မြို့တစ်မြို့လုံး ရေပြင်အောက်နစ်မြုပ်နိုင်သည့် အန္တရာယ်ရှိ ပါသဖြင့် မြို့သူမြို့သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် မုန်တိုင်း Shelter တည်ဆောက်ပေးရန် အစီအစဥ် ရှိ/မရှိနှင့် အစီအစဥ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်၊ အစီအစဥ်မရှိပါက အဘယ်ကြောင့် ဆိုသည်ကို သိလိုခြင်း " မေးခွန်းနှင့်စပ်လျဥ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ေရးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် မကွေးတိုင်း ဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်း‌ခြောက်သွေ့သောဒေသတွင်တည်ရှိခြင်း၊ မိုးရာသီ ကာလအတွင်းပုံမှန်ဧရာဝတီမြစ်ရေကြီးမြင့်မှုနှင့်ရံဖန်ရံခါလျှပ်တစ်ပြက်ရေကြီးမှုဒဏ်ကို ကြုံတွေ့ခံစားရ သောဒေသဖြစ်သောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ဘေးကျရောက်နိုင်ခြေရှိသော ဒေသများတွင် မိုးမကျမီရေဘေးကြိုတင်ကာကွယ်ရေးအစီအမံများကိုနှစ်စဥ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၂။ မကွေးတိုင်းဒေသကြီးသည်ပထဝီအနေအထားအရ  ပင်လယ်နှင့်ဝေးကွာသဖြင့် တခြားသော ဒေသများနှင့် နှိုင်းယှဥ်ပါက ပြင်းထန်သည့် မုန်တိုင်းဒဏ်ကို ကြုံတွေ့ခံစားရမှု နည်းပါးသော ဒေသဖြစ် သော်လည်း၊ စေတုတ္တရာမြို့သည် မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများကြောင့် အများပြည်သူ ရေဘေးလွတ်ရာ ကုန်းမြင့်နေရာ(သို့မဟုတ်)ခိုလှုံရန်အဆောက်အဦလိုအပ်မည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး အလေးထားတောင်းဆိုသည့် မြို့သူမြို့သားများ၏ အသက်အိုးအိမ် စည်းစိမ်ကာကွယ်နိုင်ရန်အတွက် Community Shelter တည်ဆောက်ပေးနိုင်ပါကြောင်းနှင့်အဆိုပါ အဆောက်အဦအတွက် မြေနေရာရရှိရေးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း‌ဖြေကြားအပ်ပါတယ်။


အမှတ်စဉ်(၃) ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပေါင်းစပ်ဖြေကြားချက် 

၁။ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမင်း၏ "ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ယူဆောင်ရွက်နေသည့် လှိုင်သာယာစက်မှုဇုန်နေ့ကလေးထိန်းကျောင်း များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စီမံဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ" မေးခွန်းနှင့်စပ်လျဥ်း၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသည် ၂၀၁၄ ခုနှစ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူ၀ါဒတို့ကို ချမှတ်ခဲ့ပြီး နေ့ကလေးထိန်းဌာနနှင့် မူလတန်းကြိုကျောင်းများကိုမှန်ကန်သော ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး နည်းလမ်းများဖြင့် ဖွင့်လှစ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်လျှက်ရှိပြီး မူဝါဒပါ မဟာဗျူဟာလုပ်ငန်းစဉ် များကို ဆက်စပ်၀န်ကြီးဌာနများနှင့်‌အတူ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

၂။ ယင်းသို့ဆောင်ရွက်ရာတွင်အသက်(၃)နှစ်မှ (၅)နှစ်အရွယ်အထိ ကလေးသူငယ်များအတွက် မူလတန်းကြိုကျောင်းများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် စေတနာ့၀န်ထမ်းအဖွဲ့အစည်းများမှတည်ထောင် ဖွင့်လှစ်သော ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား အသိအမှတ်ပြုခြင်း၊ နည်းပညာ အကူအညီပေးခြင်း၊ သင်ထောက်ကူပစ္စည်းများနှင့် တာ၀န်ခံဆရာမတစ်ဦးလျှင် တစ်လကျပ် ၃၀၀၀၀ိ/-ကျပ်နှုန်းဖြင့်လည်းကောင်း၊ စာသင်ဆရာမတစ်ဦးလျှင် တစ်လကျပ် ၂၀၀၀၀ိ/-နှုန်းဖြင့်လည်းကောင်း၊ တစ်နှစ်လျှင်ကျပ် ၆၀၀၀၀၀ိ/-နှုန်းဖြင့် ထောက်ပံ့ပေး လျက်ရှိပါတယ်။ 

၃။ နေ့ကလေးထိန်းဌာန(သို့မဟုတ်)မူလတန်းကြိုကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမများအတွက်  ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးရေးဆိုင်ရာ နည်းဥပဒေ အခန်း(၅)၊ ပုဒ်မ(၂၉)အရ နေ့ကလေးထိန်းဌာနများနှင့် မူလတန်းကြိုကျောင်းများတွင် တာဝန် ထမ်းဆောင် လိုသောတာဝန်ခံကျောင်းအုပ်နှင့် အနည်းဆုံး ဆရာ/ဆရာမ(၁)ဦးသည် လူမှုဝန်ထမ်း ဦးစီးဌာနက ကြီးကြပ်ဖွင့်လှစ်သော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး သင်တန်းတစ်ခုခုကို သော်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြုလက်ခံသော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး ပုဂ္ဂလိကသင်တန်းတစ်ခုခုကိုသော်လည်းကောင်း  တက်ရောက်အောင်မြင်ပြီးသူများ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊‌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာနနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများမှကြီးမှူး၍ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းများကို ပုံမှန်ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပါတယ်။ 

၄။ လူမှု၀န်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ အနေဖြင့်‌ လူမှု၀န်ထမ်းဦးစီးဌာန၏ဌာနပိုင်မူလတန်းကြိုကျောင်းအဖြစ် လွှဲပြောင်းလိုပါက   မြေပိုင်ဆိုင်မှု အား    လူမှု၀န်ထမ်းဦးစီးဌာန၏မြေအဖြစ်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်းအပါအ၀င် အောက်ဖော်ပြပါ လိုအပ်ချက်များနှင့်အညီ လူမှု၀န်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးရမှာဖြစ်ပါတယ်- 

(က) တာဝန်ခံကျောင်းအုပ်၏ ဌာနပိုင်အဖြစ် အပ်နှံလိုကြောင်းနှင့် ကျောင်းအဆောက်အဦ  မြေနေရာများအား လွှဲပြောင်းစာ(မူရင်း)၊

( ခ) ကျောင်းကြီးကြပ်မှု ကော်မတီ၏ အစည်းအဝေးမှတ်တမ်းနှင့် ကော်မတီဝင်များ၏ သဘောတူကြောင်းလက်မှတ်(မူရင်း)၊

( ဂ) ကျောင်းကြီးကြပ်မှု ကော်မတီဥက္ကဌ၏ သဘောတူကြောင်း လွှဲပြောင်းစာ၊

(ဃ) တာဝန်ခံဆရာမနှင့် စာသင်ဆရာမများ၏ ကိုယ်ရေးအကျဥ်းနှင့် ဆက်လက်  တာဝန် ထမ်းဆောင်လိုခြင်းရှိ/မရှိ၊

( င) ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သဘောတူကြောင်း

ထောက်ခံလွှဲ ပြောင်းစာ၊

( စ) တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူကြောင်း သဘောထားမှတ်ချက်၊

(ဆ) ကျောင်းပိုင်ပစ္စည်းစာရင်း၊

( ဇ) ကျောင်းအဆောက်အဦမှတ်တမ်းဓါတ်ပုံ၊

(ဈ) ကျောင်းပုံစံ (ကျောင်းဝင်းအတွင်းရှိ အဆောက်အဦများတည်ရှိပုံ) ကျောင်းအခန်း တည်ဆောက်ပုံနှင့် မှတ်တမ်းဓါတ်ပုံများ၊

(ည) အဆောက်အဦပုံစံ(SidePlan)နှင့်မြေပိုင်ဆိုင်မှုအထောက်အထား(ပုံစံ-၁၀၅၊ပုံစံ-၁၀၆)၊

( ဋ) တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး၏  စစ်ဆေးချက်အစီရင်ခံစာ(ကလေးဝင်ဆံ့မှုအခြေ အနေပါရှိရမည်)။

၅။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် လှိုင်သာယာ မြို့သစ်တည်ဆောက်ရေးစီမံကိန်းကို တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် မြို့သစ်နေပြည်သူများအလုပ် အကိုင်ရရှိရေး ၊ အလုပ်ဌာနများသို့ သွားလာမှု လွယ်ကူစေရေးနှင့် မြို့သစ်ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်များဖြင့် စက်မှုဇုန်ကြီးများထူထောင်ပေးခဲ့ပြီး လှိုင်သာယာမြို့နယ်တွင်မြို့ရွာနှင့်  အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ထူထောင်ပေးခဲ့သည့် စက်မှုဇုန်အသီးသီးတွင် အလုပ်ဝင်ရောက် လုပ်ကိုင်နေကြ သော အိမ်ထောင်ရှင်အမျိုးသမီး အလုပ်သမားများ လုပ်ငန်းခွင်သာယာရေးနှင့်အလုပ်အကိုင် တည်မြဲရေး အတွက် နေ့ကလေးထိန်းကျောင်းများဖွင့်လှစ်ပေးရန်လိုအပ်ပါသဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကုန်ကျခံ၍ စက်မှုဇုန်နေ့ကလေးထိန်းကျောင်း (၃)ကျောင်းတည်ဆောက်ပေးခဲ့ပါတယ်။ နေ့ကလေး ထိန်းကျောင်း(၁)ကျောင်းလျှင် ဆရာမ(၅)ဦး၊ ဝန်ထမ်း(၂)ဦးခန့်ထား၍လစာပေးနိုင်ရေးအတွက် Sinking Fund ကျပ်(၁၀၀)သိန်းစီ၊ မြန်မာ့စီးပွားရေးဘဏ်တွင် Joint Account ဖွင့်လှစ်အပ်နှံပေးထားပါတယ်။

၆။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် လှိုင်သာယာ မြို့နယ်၊ စက်မှုဇုန်များရှိ အမှတ် (၁) ၊ အမှတ်(၂) ၊ အမှတ်(၃) နေ့ကလေးထိန်းကျောင်းများကို  မြေ ၊  ဆောက်အဦ၊  ဝန်ထမ်းနေအိမ်၊   Sinking Fund ဘဏ်လက်ကျန်ငွေ၊ ဆရာမများ၊ အမှုထမ်းများနှင့် တကွဆောက်လုပ်ရေးဝန်ကြီးဌာနမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနသို့လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။

၈။ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်များရှိ အမှတ်(၁)၊အမှတ်(၂) ၊ အမှတ်(၃) နေ့ကလေးထိန်း ကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း မြေ၊ အဆောက်အဦ၊ ဝန်ထမ်း၊  နေအိမ်၊  Sinking Fund  ဘဏ်လက်ကျန်ငွေ၊ ဆရာမများ/ အမှုထမ်းများနှင့်တကွ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ပါကြောင်း ပြန်ကြားချက်ရရှိပြီး ဖြစ်ပါသဖြင့်ဝန်ကြီးဌာန၏ တင်ပြပါ လွှဲပြောင်းလက်ခံမည့် စာရင်းဇယားများနှင့်အညီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စနစ်တကျလွှဲပြောင်းလက်ခံပြီး ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။


အမှတ်စဉ်(၄) ဒုတိယအကြိမ်၊ပြည်သူ့လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေးတွင် ကချင်ပြည်နယ်၊ ဆော့လော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေး၏ ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍ ပေါင်းစပ်ဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်း အပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေးတွင် ကချင်ပြည်နယ်၊ ဆော့လော် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေး၏ "၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော ကချင်ပြည်နယ်၊ ဆော့လော်မြို့၊ လန်ဆယ်ကျေးရွာ အုပ်စု အတွင်းရှိ လန်ဆယ်ရွာမကြီး၊ သဘန်ခကျေးရွာနှင့် အခြားရေဘေးသင့် ကျေးရွာများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ဆောင်ရွက်ပေးနိုင်မည် ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည် သို့မဟုတ် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက အဘယ်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကိုသိလိုခြင်း" မေးခွန်းနှင့် စပ်လျဥ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ်ဖြေကြားမှာဖြစ်ပါတယ်။  ကျွန်တော်အနေနဲ့ ရှင်းလင်းလွယ်ကူစွာတင်ပြနိုင်ရေးအတွက် Power Point သုံးစွဲပြသခွင့်ပြုပါရန်တင်ပြအပ်ပါတယ်။

၃။ ဆော့လော်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်ရေဘေးကြောင့် လန်ဆယ် ကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီအား ဖွဲ့စည်းထားရှိပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား ၂၀၁၆ ခုနှစ်၊ မေလ(၆)ရက်နေ့မှ စ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများဖြင့် စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါတယ်။

၄။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ဘေးသင့်ကျေးရွာ (၈) ရွာအတွက် နေအိမ်(၂၁၂)လုံး၊အိမ်ထောင်စု(၂၁၂)စုမှ လူဦးရေစုစုပေါင်း(၁၃၅၁)ဦးအတွက် ဆန်ရိက္ခာ (၅)ရက်စာ ငွေကျပ် (၂,၀၃၅,၅၀၀ိ/-)( ငွေကျပ် နှစ်ဆယ်သိန်း သုံးသောင်းငါးထောင်ငါးရာ )၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၁၀,၆၀၀,၀၀၀ိ/-) (ငွေကျပ် တစ်ရာ့ ခြောက်သိန်း)၊ ကယ်ဆယ် ရေးပစ္စည်း(၉)မျိုး (တန်ဖိုးငွေကျပ် ၄,၆၇၇,၉၉၂/-) (ငွေကျပ် လေးဆယ့်‌ခြောက်သိန်းခုနှစ်သောင်း ခုနှစ်ထောင်ကိုးရာကိုးဆယ့်နှစ်)၊   မိုးကာစ (၂၁၂)စ (တန်ဖိုးငွေကျပ် ၁၆၃၂၀၀၀ိ/-)  ( ငွေကျပ် တစ်ဆယ့်ခြောက်သိန်း သုံးသောင်း နှစ်ထောင် )၊ အိမ်မိုးသွပ် (၃၄၂၀)ချပ် (တန်ဖိုးငွေကျပ် ၁၃၆၈၀၀၀၀ိ/-)၊(ငွေကျပ်တစ်ရာသုံးဆယ့်‌ခြောက်သိန်းရှစ်သောင်း) ခေါက်ဆွဲခြောက် (၂၇၀၂)ထုပ် (တန်ဖိုးငွေကျပ် ၃၇၈,၂၈၀ိ/-) ( ငွေကျပ် သုံးသိန်းခုနှစ်သောင်း ရှစ်ထောင်နှစ်ရာရှစ်ဆယ်)၊ ငါးသေတ္တာ(၁၀၆၀)ဘူးတို့ကိုထောက်ပံ့ပေးခဲ့သည့် (တန်ဖိုးငွေကျပ် ၃၇၁,၀၀၀ိ/-)(ငွေကျပ် သုံးသိန်း ခုနှစ်သောင်း တစ်ထောင်)၊ အပြင် ပြည်ထောင်စုဝန်ကြီးမှ ၂၀၁၆ ခုနှစ်၊ မေလ (၆) ရက်နေ့တွင် ရဟတ်ယာဥ်ဖြင့်သွားရောက်စဥ် လန်ဆယ်မှ ရဟတ်ယာဥ်ဖြင့် ခေါ်ဆောင်လာသည့် ကျောင်းသား/သူ(၁၁၉)ဦးအတွက် ပညာသင်စရိတ်ထောက်ပံ့ငွေ ငွေကျပ်(၃,၅၇၀,၀၀၀ိ/-) (ငွေကျပ် သုံးဆယ့်ငါးသိန်းခုနှစ်သောင်း)၊ ထောက်ပံ့မှုစုစုပေါင်း (တန်ဖိုးငွေကျပ် ၃၆၉၄၄၇၇၂ိ/-) (ငွေကျပ် သုံးရာ‌ြေခာက်ဆယ့်ကိုးသိန်း လေးသောင်း လေးထောင် ခုနှစ်ရာ ခုနှစ်ဆယ့်နှစ် ) တို့ကို ထောက်ပံ့ပေးခဲ့ပါတယ်။

၅။ ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ ပြတ်တောက်သွားမှု၊ ပြတ်လပ်မှု မရှိစေရေး ၂၀၁၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာအထိ အလှူရှင်များမှ လှူဒါန်းငွေကျပ် (၅၀,၇၀၀,၀၀ဝိ/-)(ငွေကျပ် ငါးရာ ခုနှစ်သိန်း) ဖြင့်လည်းကောင်း၊ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီမှမတ်လအထိ အလှူရှင်များမှ လှူဒါန်းငွေကျပ် (၄၆,၀၅၂,၀၅ဝိ/-) (ငွေကျပ် လေးရာ့‌ ခြောက်ဆယ်သိန်း ငါးသောင်းနှစ်ထောင် ငါးဆယ်)ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စားနပ်ရိက္ခာဆန် ထောက်ပံ့ ဆောင်ရွက်ခဲ့ပါတယ်။

၆။ မြို့ပြနှင့် သွားလာရေးခက်ခဲမှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းအနေဖြင့် လမ်းကြောင်း ဖောက်လုပ်ရန်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၁၆ ခုနှစ်၊မေလ(၂၅)ရက်နေ့ တွင် ငွေကျပ် (၄၅)သိန်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ(၁၁) ရက်နေ့တွင် စက်သုံးဆီဖိုးငွေ ကျပ်(၅၈)သိန်း၊ လုပ်အားခငွေ ကျပ်သိန်း (၁၀၀)တို့ကို ထောက်ပံ့ဆောင်ရွက် ခဲ့ပါတယ်။

၇။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ အဖွဲ့မှ ရေဘေးသင့်အိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းများဝယ်ယူနိုင်ရန် ၂၀၁၆ ခုနှစ်၊ မေလ(၆)ရက်နေ့တွင် တစ်အိမ်ထောင်လျှင်ကျပ်(၁၀၀,၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းကျပ် (၁၃,၀၀၀,၀၀ဝိ/-) (ငွေကျပ် သိန်းတစ်ရာ့သုံးဆယ်)ကို ထောက်ပံ့ပေးအပ်ခဲ့မှုအပေါ် ရေဘေးသင့် အိမ်ထောင်စုအလိုက် ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ 

၈။ ရေဘေးသင့်ဒေသအတွင်း   ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား  (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေး နှစ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆော့လော် -လန်ဆယ်- လကင် လမ်းပေါ်ရှိ (၁၄၀)ပေ၊ (၂)ထပ်သံဘောင် ဘေလီတံတားတည်ဆောက်ခြင်း လုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။ လန်ဆယ်ကျေးရွာတွင် ပေ(၂၀၀) (၂)ထပ် သံဘောင်ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။ လန်ဆယ် - လကင်လမ်းပေါ်ရှိ လုံချောင်းကူး (၄၀)ပေ(၂)ထပ် ဘေလီသံဘောင် တံတားအား ပေ(၈၀)အဖြစ် ပြန်လည်တည်ဆောက်ြခင်းလုပ်ငန်းမှာ နည်းပညာမှားယွင်းမှုကြောင့် အသစ် ပြန်လည်တည်ဆောက်လျက်ရှိရာ (၂၅%) ဆောင်ရွက်ပြီးစီပြီဖြစ်ပါကြောင်း သိရှိရပါတယ်။ လန်ဆယ် - လကင်မြေသားလမ်း (၂၀)မိုင် အနက်(၁၅)မိုင် ပြုပြင်ခြင်း(အစား)ချီဖွေ-လန်ဆယ်-လကင် လမ်းကြောင်းပေါ်ရှိ မြေလမ်း(၂၅)မိုင် အနက်(၁၅)မိုင်‌ မြေပြိုဖယ်ရှားခြင်း (၂၀) ပေ အကျယ် လမ်းတာချဲ့ခြင်းနှင့် Box Culvert (၅x၅x၂၄)ပေ(၁၄)စင်း တည်ဆောက်ခြင်း လုပ်ငန်း(၁၀၀%) ဆောင်ရွက် ပြီးစီးပြီးဖြစ်ပါတယ်။ ခြီဝင်ရွာ(၂)ထပ် ဘေလီတံတား (၁၁၅)ပေ တည်ဆောက်ခြင်း လုပ်ငန်း(၁၀၀%) ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါတယ်။

၉။ ထို့ပြင် လန်ဆယ်တံတားအထက်ချောင်းနှင့် ရဝမ် ယဉ်ကျေးမှုရုံးကြား၌ ရေထိန်းနံရံရေကာတာ အမြင့်(၁၅)ပေနှင့် အရှည်ပေ(၃၀၀)ခန့် ရေကာတာ တည်ဆောက်ရန် လိုအပ်ချက်အား မြို့နယ် အုပ်ချုပ်ရေးမှူးမှ တော်ဝင်မြစ်ကြီးနား ဆောက်လုပ်ရေးကုမ္ပဏီနှင့် ညှိနှိုင်းခဲ့သဖြင့် ကုမ္ပဏီမှ ဆောက်လုပ်ခဲ့သည့် လုပ်ငန်းမှာလည်း (၁၀၀%)ဆောင်ရွက် ပြီးစီးပြီးဖြစ်ပါတယ်။ ရေဘေးသင့်မှု ကြောင့် ပျက်စီးခဲ့သည့် လကင်ကြိုးတံတားအား ရပ်ရွာအဖွဲ့အစည်း၊ ဌာနေပြည်သူ့စစ်အဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကိုယ်ထူကိုယ်ထဆောင်ရွက်ထားသည့် လုပ်ငန်းမှာလည်း (၁၀၀%) ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။ ပြည်နယ်အ‌ခြေခံပညာဦးစီးဌာန၏ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်၊ (၀၄-၀၂)ရန်ပုံငွေခေါင်းစဥ်အောက်မှ ရန်ပုံငွေကျပ် (၁၉.၅)သန်းဖြင့် အလက(ခွဲ)-လန်ဆယ်တွင် Type”C” ယာယီကျောင်းဆောင်(၁၀၀x၃၀)​ပေ၊ Steel Structure(၁)ထပ် စတင် ဆောက်လုပ်ြခင်းလုပ်ငန်းမှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့တွင် (၉၀%)ပြီးစီးပြီး ဖြစ်ပါတယ်။

၁၀။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးမှု စီမံကိန်းဖြင့် လန်ဆယ်ရွာအတွင်းရှိ ရေမျောသစ်တုံးများ ဖယ်ရှားခြင်းနှင့် ရွာတွင်းလမ်း ဖောက် လုပ်ခြင်းများကို  ကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ခုနှစ်၊ မတ်လ(၂၅) ရက်နေ့ တွင် (၇၀%)ပြီးစီးနေပြီဖြစ်ပါတယ်။ ရေဘေးသင့်ခဲ့သည့်ဒေသဖြစ်သည့်အတွက် ပြန်လည်ထူ ထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အမှန်တကယ်လိုအပ်သည့် လုပ်ငန်းများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ခန့်မှန်းကုန်ကျစရိတ်များကို တွက်ချက်၍ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံခြင်းများ ဆောင်ရွက်လျက် ရှိပါတယ်။

၁၁။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ကျယ်ပြန့်သည့်အတွက် ဘေးအန္တရာယ်များကျရောက် လာပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရအဖွဲ့များနှင့် ပူးပေါင်း ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိပါတယ်။ ၎င်းအပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိရောက်ရောက်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက််နေ့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို အသစ်ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

၁၂။ လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်းတွင်ပါသော တင်ပြပါလုပ်ငန်းများ ပိုမိုလျင်မြန်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက်ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်း များသည် ရေတို/ ရေရှည် သတ်မှတ်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့်အတွက် ကဏ္ဍများ အလိုက် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အရေးပေါ်လိုအပ် ပါကလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့တင်ပြ၍ လမ်းညွှန်မှု ခံယူကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။ 


အမှတ်စဥ်(၅) ဒုတိယအကြိမ်၊ပြည်သူ့လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ဗန်းမောက်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ အဋ္ဌမပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၏ "ဗန်းမောက်မြို့နယ်အတွင်းရှိ မူကြိုကျောင်းများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်မှ မည်သို့စီစဥ်ဆောင်ရွက်ပေး နိုင်မည်ကို သိလိုခြင်း" မေးခွန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းဖြေကြားမှာ ဖြစ် ပါတယ်။ 

၃။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ တင်ပြလာသော ဗန်းမောက်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းပေါင်း (၁၃၅)ကျောင်းသည် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ကျောင်းများဖြစ်ပြီး ၂၀၁၇-၂၀၁၈ ခု၊ ပညာသင်နှစ်တွင် မရပ်တည်နိုင်သဖြင့် ပိတ်ခဲ့ရသည့် မူလတန်းကြိုကျောင်း(၆)ကျောင်းသည်လည်း ပညာရေးဝန်ကြီးဌာနမှ ပညာရေးကျောင်းများနှင့် တွဲဖက်ဖွင့်လှစ်ထားသည့် မူလတန်းကြို အတန်းများဖြစ်ပါတယ်။ 

၄။ ပညာရေး၀န်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ၂၀၁၂-၂၀၁၃ ပညာသင် နှစ်တွင် မူလတန်းကြိုကျောင်း(၁၄)ကျောင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် မူလတန်းကြို ကျောင်း (၄၃)ကျောင်း၊  ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မူလတန်းကြိုကျောင်း(၇၈)ကျောင်းနှင့် စုစုပေါင်းမူလတန်းကြိုကျောင်း(၁၃၅)ကျောင်းကို UNICEF၏  ပံ့ပိုးမှုဖြင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊  ၂၀၁၅-၂၀၁၆ ပညာသင်နှစ်နှင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်များတွင် မူလတန်းကြိုကျောင်း (၁၃၅) ကျောင်းကို ရပ်ရွာ၏ အကူအညီဖြင့် ဆက်လက်ဖွင့်လှစ်နိုင်ခဲ့သော်လည်း  ၂၀၁၇-၂၀၁၈ ပညာ သင်နှစ်တွင် မူလတန်းကြိုကျောင်း(၁၂၉)ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ပြီး မူလတန်းကြိုကျောင်း (၆) ကျောင်းပိတ်ခဲ့ရကြောင်း သိရှိရပါတယ်။ အဆိုပါမူကြိုကျောင်းများမှာ ပညာရေး၀န်ကြီးဌာနမှ သီးသန့်ဖွင့်လှစ်ထားသည့် မူကြိုကျောင်းများမဟုတ်ဘဲ Unicef နှင့် ရပ်ရွာတို့ပူးပေါင်း၍ ဖွင့်လှစ် ထားသည့် မူကြိုကျောင်းများသာဖြစ်ပါတယ်။ ဗန်းမောက်မြို့နယ်အတွင်း မူလတန်းကြို ကျောင်း များပိတ်သိမ်းရခြင်းမှာပိတ်သိမ်းခဲ့သည့် မူလတန်းကြိုကျောင်းများတွင် တာဝန်ထမ်းဆောင်နေ သည့် မူကြိုဆရာမများသည် ပညာရေး၀န်ကြီးဌာနမှ အမြဲတမ်းခန့်သည့်ဝန်ထမ်းများ မဟုတ် ခြင်း၊ လစာချီးမြှင့်ငွေနည်းပါးခြင်း၊ မူကြိုကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် မူကြို ဆရာမများ၏ ချီးမြှင့်လစာငွေများအား ရပ်ရွာလူ့အဖွဲ့အစည်းများမှ ထောက်ပံ့ကျခံသုံးစွဲနေရ သည့် အခက်အခဲ များရှိသဖြင့် ရေရှည်တွင်မရပ်တည်နိုင်ခြင်း၊ ပြင်ပအလုပ်အကိုင် အခွင့်အလမ်း များ ပိုမိုကောင်းမွန်ခြင်းတို့ကြောင့် သင်ကြားပြသမည့် မူကြိုဆရာမများမရှိတော့ဘဲ မူလတန်း ကြိုကျောင်းများပိတ်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပညာရေး၀န်ကြီးဌာနမှ အချက်အလက်များ ပေးပို့ လာပါတယ်။

၅။ အဆိုပါ ၂၀၁၇-၂၀၁၈ ခု၊ ပညာသင်နှစ်တွင် မရပ်တည်နိုင်သဖြင့် ပိတ်ခဲ့ရသည့် မူလတန်းကြို ကျောင်း(၆)ကျောင်းအား ဆက်လက်ရပ်တည်နိုင်ရေးအတွက် လူမှု၀န်ထမ်းဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအဖြစ် သတ်မှတ်ချက်များနှင့် အညီ စစ်ကိုင်းတိုင်းဒေသကြီး လူမှု၀န်ထမ်းရုံးသို့ လျှောက်ထားနိုင်ပြီး လူမှု၀န်ထမ်းဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများဖြစ်ပါက တာဝန်ခံဆရာမ(၁)ဦး တစ်လလျှင် ငွေကျပ် ၃၀၀၀၀ိ/- နှုန်းဖြင့်လည်းကောင်း၊  စာသင်ဆရာမ(၁)ဦး တစ်လလျှင် ငွေကျပ် ၂၀၀၀၀ိ/-နှုန်းဖြင့်လည်းကောင်း     ထောက်ပံ့ပေးလျက်ရှိပြီး သင်ထောက်ကူပစ္စည်း ဝယ်ယူရန်အတွက်  ကျောင်း(၁)‌ကျောင်းလျှင် နှစ်စဥ် ငွေကျပ် ၁၀၀၀၀၀ိ/- နှုန်းဖြင့် ထောက်ပံ့ ပေးခြင်းနှင့် နည်းပညာအကူအညီပေးခြင်းများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိတွင် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းပေါင်း (၇၀)ကျောင်း ရှိပါတယ်။ 

၆။ လူမှု၀န်ထမ်းဦးစီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအဖြစ် လျှောက်ထားလိုခြင်းမရှိပါက ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ရပ်ရွာအခြေပြု၊ အိမ်အခြေပြုလုပ်ငန်းများ အဖြစ် မိခင်ဝိုင်းများကို တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်များတွင် နှစ်စဥ်စီမံကိန်းများချမှတ်၍ ဖွင့်လှစ်ပေး လျက်ရှိပါတယ်။ ယင်းမိခင်ဝိုင်းများရှိ ကလေးများအားအာဟာရကျွေးမွေးရန်အတွက် ကလေး တစ်ဦး တစ်ရက်လျှင် ကျပ် ၃၅၀ိ/-နှုန်းဖြင့်‌လည်းကောင်း၊ မိခင်ဝိုင်းခေါင်းဆောင် တစ်ဦးအား တစ်လလျှင် ကျပ် ၃၀၀၀၀ိ/-နှုန်းဖြင့်လည်းကောင်း ထောက်ပံ့မှုများပေးနိုင်ပါတယ်။ မိခင်ဝိုင်းများ ဖွင့်လှစ်ခြင်းအားဖြင့် ရပ်ရွာအတွင်းရှိ မူကြိုအရွယ်ကလေးသူငယ်များအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းစနစ်များနှင့်အညီ ပြုစုပျိုးထောင်ပေး နိုင်မည်ဖြစ်ပြီး မိခင်ဝိုင်းခေါင်းဆောင်များအား ကြီးကြပ်မှုအဖြစ် ချီးမြှင့်ငွေ ထောက်ပံ့ခြင်းအားဖြင့် ရပ်ရွာအတွင်းရှိ မိခင်များအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။

၇။ ထို့အပြင် လူမှု၀န်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုပြီးသော ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများကိုလည်း  လူမှု၀န်ထမ်းဦးစီးဌာနပိုင်အဖြစ်  သတ်မှတ်ချက်များနှင့်အညီ  လွှဲပြောင်း လက်ခံ၍ ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်ရာတွင် ၀န်ထမ်းဖွဲ့စည်းပုံ၊ အုပ်ချုပ်မှုနှင့်လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မြို့ပေါ်ရှိ ကျောင်းများကိုသာ စံပြမူလတန်းကြို ကျောင်းများအဖြစ်ဦးစားပေး လွှဲပြောင်းလက်ခံ ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများတွင်မူ အိမ်အခြေပြုရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းအဖြစ် မိခင်ဝိုင်းများဖွဲ့စည်း၍ မိခင်ဝိုင်းခေါင်းဆောင်နှင့် ကလေးများအားအာဟာရ ထောက်ပံ့ခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါတယ်။

၈။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှု၀န်ထမ်းဦးစီးဌာန သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူလတန်းကြိုကျောင်းပေါင်း (၇)ကျောင်းဖွင့်‌လှစ်ထားရှိပြီး ကလေးဦးရေ (၁၀၀၅)ဦး ကို ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။ 

၉။ သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ဆက်လက်ဖွင့်လှစ်နိုင်ခြင်း မရှိ သည့် မူကြိုကျောင်း(၆)ကျောင်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် အဆိုပါမူလတန်းကြို ကျောင်းများတွင် ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် (၁.၆.၂၀၁၈)ရက်နေ့မှ စတင်၍ အသက်(၅)နှစ် အောက်ကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိခင်ဝိုင်း (၆)ဝိုင်းကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီးမိခင်ဝိုင်း(၁)ဝိုင်းလျှင် ကလေး(၂၀)ဦးနှုန်းဖြင့် (၆)ဝိုင်းအတွက် ကလေး(၁၂၀)ဦး အား အာဟာရထောက်ပံ့ငွေ တစ်ဦးလျှင်တစ်ရက်ကျပ် ၃၅၀ိ/-နှုန်းဖြင့်‌လည်းကောင်း၊ မိခင်ဝိုင်း ခေါင်းဆောင်တစ်ဦးအားတစ်လလျှင် ကျပ် ၃၀၀၀၀ိ/-နှုန်းဖြင့်လည်းကောင်း ထောက်ပံ့ပေးလျက် ရှိပြီး နည်းပညာအကူအညီများကိုလည်း  ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


အမှတ်စဥ်(၆) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက် 

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန် ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ မြောက်ဦး မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော၏ အိန္ဒိယအစိုးရထံမှ ရရှိမည့် အမေရိကန် ဒေါ်လာ (၂၅)သန်း ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရကြားတွင် မည်သို့ စီမံခန့်ခွဲကြမည်‌၊ ရခိုင်ပြည်နယ်၏ မည်သည့်ဒေသများတွင် သုံးစွဲမည်နှင့် ဒေသများ ရွေးချယ်ရာတွင် မည်သည့်စံနှုန်းများဖြင့် သတ်မှတ်မည်တို့ကို သိရှိလိုပါကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ် ဖြေကြားသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power Point အသုံးပြုခွင့်ပြုပါရန်နှင့် အချက်များ ပြည့်စုံစွာ ဖြေကြားနိုင်ရေးအတွက် အချိန်ပိုမိနစ်အနည်းငယ်ခန့် ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ် ပါတယ်။ 

၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့သည် ရခိုင်ပြည်နယ် တွင်နေထိုင်သော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ ပေးခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးကို  မြှင့်တင်နိုင်ရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနားလည်မှု စာချွန်လွှာကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရ ကိုယ်စား အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန်တို့မှ လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။ နားလည်မှုစာချွန်လွှာပါ အချက်အလက််များကို Power Point ဖြင့် တင်ပြအပ် ပါတယ်။

၄။ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ပထမမေးခွန်းဖြစ်သည့် အိန္ဒိယအစိုးရထံမှရရှိမည့် အမေရိကန် ဒေါ်လာ(၂၅)သန်းထောက်ပံ့ငွေများကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရကြားတွင် မည်သို့ စီမံခန့်ခွဲကြမည်နှင့် ပတ်သက်၍  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၂၀၁၇ခုနှစ်၊ ဧပြီလ(၁)ရက် ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း၏ အခန်း(၁၃)၊ ထောက်ပံ့ငွေအပိုဒ် ၁၇၁ တွင် “နိုင်ငံတော်မူဝါဒအရ ထောက်ပံ့ငွေများ သုံးစွဲရာတွင် ထောက်ပံ့ငွေရရှိသည့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ထောက်ပံ့ ငွေ ရငွေခေါင်းစဉ်အောက်တွင် ရငွေစာရင်းသွင်းပြီး အသုံးစရိတ်များကို သုံးစွဲရာတွင် သာမန် အသုံးစရိတ်အတွက်ဖြစ်ပါက သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်တွင်လည်းကောင်း၊ ငွေလုံး ငွေရင်းအသုံးစရိတ်ဖြစ်ပါက ငွေလုံးငွေရင်း အသုံးစရိတ်ခေါင်းစဉ်အောက်တွင်လည်းကောင်း စာရင်းသွင်းရမည်” ဟု ဖော်ပြထားရှိရာ အိန္ဒိယအစိုးရမှ ထောက်ပံ့မည့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ(၅)သန်းဖြင့် (၅)နှစ် အတွက် အမေရိကန်ဒေါ်လာ(၂၅)သန်းကို ပြည်ထောင်စုဘတ်ဂျက်ရှိ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ပြည်ပအကူအညီရငွေ၊ ငွေလုံး ငွေရင်းရငွေ၊ ၀၁။ ပစ္စည်းခေါင်းစဥ်တွင် (၁)နှစ်လျှင် အမေရိကန်ဒေါ်လာ(၅)သန်းနှင့်ညီမျှသော မြန်မာကျပ်ငွေကိုရငွေအဖြစ်လည်းကောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ်၊ တည်ဆောက်ရေးခေါင်းစဥ်တွင် (၁)နှစ်လျှင် အမေရိကန်ဒေါ်လာ (၅)သန်းနှင့်ညီမျှသော မြန်မာကျပ်ငွေကို သုံးငွေအဖြစ်လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေး နှစ်မှ စတင်၍ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ် ထည့်သွင်းလျာထားဆောင်ရွက်မှာ ဖြစ်ပါတယ်။

၅။ နားလည်မှုစာချွန်လွှာပါသဘောတူညီမှုအရ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၅)သန်း သတ်မှတ် ထားသော်လည်း လုပ်ငန်းလိုအပ်ချက်အရ ဒေါ်လာ(၂၅)သန်းကို (၅)နှစ်အတွင်း လိုအပ်သလို မျှဝေသုံးစွဲပိုင်ခွင့်ရှိပါတယ်။ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ  ဆောင်ရွက်ရန်ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ကြိုတင်ညှိနှိုင်းပြီး လုပ်ဆောင်လိုသော လုပ်ငန်းများကို အိန္ဒိယနိုင်ငံအစိုးရသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် ပေးပို့ဆောင်ရွက်မှာ ဖြစ်ပါတယ်။

၆။ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ဒုတိယမေးခွန်းဖြစ်သည့် ရခိုင်ပြည်နယ်၏ မည်သည့် ဒေသ များတွင် သုံးစွဲမည်နှင့် တတိယမေးခွန်းဖြစ်သည့် ဒေသများရွေးချယ်ရာတွင် မည်သည့်စံနှုန်းများ ဖြင့် သတ်မှတ်မည်ကို သိရှိလိုခြင်းနှင့်ပတ်သက်၍  စီမံကိန်းများ အကောင်အထည်ဖော်ရန် စီမံကိန်းဒေသများရွေးချယ်ရာတွင် ကျွန်တော်တို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ထံသို့  ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း က လျာထားစီမံကိန်းများ တောင်းခံခဲ့ပါတယ်။ ထိုသို့တောင်းခံရာတွင် နားလည်မှုစာချွန်လွှာပါ စီမံကိန်းများရွေးချယ်မှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်  နည်းလမ်းများကို အခြေခံ၍ စီမံကိန်းများ လျာထားပေးပို့စေခဲ့ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာန၏ တောင်းခံမှုအရတင်ပြပါ ပြည်ထောင်စုဝန်ကြီးဌာန(၅)ခုက စီမံကိန်းလုပ်ငန်း (၁၇)ခု အတွက် စုစုပေါင်း US$(၂၆.၅၄၄၂၂၄) သန်း၊  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းလုပ်ငန်း(၁၀)ခုအတွက် စုစုပေါင်း US$(၂၄.၅၁၄၅၄၉) သန်းတို့ကို အဆိုပြု တင်ပြထားခဲ့ပါတယ်-

(က) နယ်စပ်ရေးရာဝန်ကြီးဌာန

(၁) တောင်ပဇာ-ပန်ဇီ - ဗန္ဓုလ လမ်း(၄၅)မိုင် ကွန်ကရစ်လမ်း၊ တောင်ပဇာ - မီရွက် ဆင်ဖြူတော်-ဝါးနက်ရုံလမ်း ၁၈မိုင်/၂ ဖာလုံကို ကွန်ကရစ်လမ်း ဆောင်ရွက်ခြင်း။

(ခ ) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

(၁) ကျောက်တော်၊ ကျောက်ဖြူ၊ မြောက်ဦးနှင့် မောင်တောမြို့တို့တွင် စက်မှုလယ်ယာ လေ့ကျင့်ပညာပေးရေးစခန်း၊ စက်မှုလယ်ယာ၀န်ဆောင်မှု လုပ်ငန်းများ၊ သုတေသန စင်တာ တည်ဆောက်ခြင်း။

(၂) မြို့နယ်(၁၇)မြို့နယ်တွင် သဘာ၀သားစပ်နည်းဖြင့် မျိုးမြှင့်တင်ခြင်း၊ ကျေးလက် တိရစ္ဆာန်ကျန်းမာရေးသင်တန်း၊ တိရစ္ဆာန် ကျန်းမာရေးနှင့် စီမံခန့်ခွဲရေးသင်တန်းများ လေ့ကျင့်သင်ကြားပေးခြင်းများဆောင်ရွက်သွားမှာဖြစ်ပြီး

(ဂ ) အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

(၁) NEC’s Neo Face Reveal Software နှင့် Hardware ဝယ်ယူလိုခြင်း။

(ဃ) ပညာရေးဝန်ကြီးဌာန

(၁) စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်တို့တွင် ကွန်ပျူတာအလုံး(၄၀)နှင့် ဆက်စပ်ပစ္စည်းများ၀ယ် ယူလိုခြင်း၊ တက္ကသိုလ်၀န်ထမ်း အိမ်ရာစီမံကိန်း၊ တက္ကသိုလ်ပရဝုဏ်လမ်း ဖောက်လုပ်ခြင်းနှင့် တက္ကသိုလ် ဘောလုံးကွင်း                                      ဆောက်လုပ်ခြင်းများ။

(၂) ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် စွမ်းအင်ထုတ်လေရဟတ်များအတွက် အဆင့်မြှင့် ဆောင်ရွက်နိုင်သော Modular Multilevel  Converter (MMC) အတွက်  ထိန်းချုပ် ဆက်သွယ်မှုပြုနိုင်မည့် ပုံစံဒီဇိုင်းနှင့် တည်ဆောက်ခြင်းများ။

(င ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

(၁) မြို့နယ် (၁၇) မြို့နယ်တွင် မူလတန်းကြိုကျောင်း(၁၇)ကျောင်း ဖွင့်လှစ်ခြင်း။

(၂) ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ပေးသော သင့်လျော်သည့်နေရာတွင် အမျိုးသမီးကလေးများနှင့် လူငယ်သင်တန်းကျောင်း ဖွင့်လှစ်ခြင်း။

(၃) ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ပေးသော သင့်လျော်သည့်နေရာတွင် အမျိုးသမီးနှင့် အမျိုးသမီးငယ်ရွယ်များအတွက် အသက်မွေး၀မ်းကျောင်း သင်တန်း ကျောင်း(၁) ကျောင်း ဖွင့်လှစ်ခြင်းတို့ဖြစ်ပါတယ်။

( စ ) ရခိုင်ပြည်နယ်အစိုးရအဖွဲ့

(၁) ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇) မြို့နယ်တွင် (၆၀x ၃၀­­­­) ပေ လေ့ကျင့်ရေး စင်တာ(၁)ခုစီ   တည်ဆောက်ခြင်း။

(၂) မာန်အောင်၊ ရမ်းဗြဲ၊ ပေါက်တောနှင့် စစ်တွေမြို့နယ်များတွင် သဘာဝဘေးဒဏ်ခံ (၁၃၀ x ၃၀ x ၁၇ )ပေ School Cum Shelter (၁)လုံးစီနှင့် ကျောက်ဖြူ၊ မြောက်ဦးမြို့ နယ်တို့တွင် (၆၀x၇၀x၁၇)ပေ Multipurpose Shelter(၁)လုံးစီ                                                တည်ဆောက်ခြင်း။

(၃) အသက်မွေး၀မ်းကျောင်း သင်တန်းများဖွင့်လှစ်ခြင်း။

(၄) မြို့နယ်(၈)မြို့နယ်တွင် အရန်သားဖွားသင်တန်း၊ လူထုကျန်းမာရေးလုပ်ငန်း သင်တန်း (၁)ကြိမ်စီ ဖွင့်လှစ်ခြင်း၊ ဆေးပစ္စည်း ကိရိယာများ ထောက်ပံ့ပေးခြင်း၊ မြို့နယ်/တိုက်နယ် ဆေးရုံ(၂၅)ခုတွင် အမှိုက်မီးရှို့စက်(၂၅)လုံး တပ်ဆင်ခြင်း။

(၅) မြို့နယ်(၁၇)မြို့နယ်ရှိ ကျေးရွာ (၃၄)ရွာတွင်  (၆၀ x ၃၀)ပေ RCC(၁)ထပ် ကျောင်း ဆောင်သစ်(၁)လုံးစီဆောက်လုပ်ခြင်း။

(၆) မြို့နယ်(၁၇)မြို့နယ်တွင်(၈၀ x ၃၂)ပေ (၄) ခန်းတွဲ ပညာရေးဝန်ထမ်းအိမ်ရာသစ် (၁) လုံးစီ ဆောက်လုပ်ခြင်း။

(၇) ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်(၁၇) မြို့နယ်နှင့် မြို့နယ်ခွဲ ဖြစ်သော ကျိန္တလီနှင့်မအီတို့တွင် လမ်း တံတား လုပ်ငန်းများ ဆောင်ရွက်ခြင်း။

(၈) ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူမြို့နယ်မပါ ကျန်(၁၆)မြို့နယ်တွင် အိမ်တိုင် ရာ ရောက် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(၉) စိုက်ပျိုးရေးနှင့် ဆက်စပ်လုပ်ငန်းများအနေဖြင့် ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ဂွ၊ တောင်ကုတ် ၊ အမ်း ၊ ပုဏ္ဏားကျွန်း မြို့နယ်များတွင် ဆည် (၁၀)ခု တည်ဆောက်ခြင်း၊ မြို့နယ် (၁၇)မြို့ နယ်တွင်                                 ကျေးလက်တိရစ္ဆာန်ကျန်းမာရေးနှင့် စီမံခန့်ခွဲရေးသင်တန်း၊ မျိုးမြှင့်တင် ခြင်း၊ မျိုးစေ့သိုလှောင်ရန်ဂိုဒေါင်၊ မျိုးစေ့သန့်စင်စက်၊ မျိုးစေ့ အခြောက်ခံစက် (၁) လုံးစီနှင့် ဓါတ်ခွဲခန်းအဆောက်အဦ(၁)လုံး တည်​ဆောက်ခြင်း၊ မျိုးသန့်ခြံ တည် ထောင်ခြင်း၊                                       သုတေသနခြံထူထောင်ခြင်း၊ ရေချိုငါးမွေးမြူရေးအထူးဇုန် (၂)ဇုန် ဖော် ထုတ်ခြင်း ။

       (၁၀)  အသေးစားစွမ်းအင်စီမံကိန်းများအနေဖြင့် ပေါက်တော၊မြေပုံ၊ကျောက်ဖြူ၊ တောင်ကုတ် မြို့နှင့် ခမောင်းဆိပ်မြို့နယ်တို့ရှိ ကျေးရွာ(၅)ရွာတွင် Solar Power Plant  ဖြင့်လျှပ်စစ် ဓါတ်အားပေးခြင်း စသည့်လုပ်ငန်းစီမံကိန်းများကို အဆိုပြုတင်ပြထား                                    ပါတယ်။ 

၇။ ထို့အတူ အိန္ဒိယနိုင်ငံကလည်း အိမ်ရာများလှူဒါန်းလိုကြောင်း ကမ်းလှမ်းမှုအရ ပထမနှစ် အတွက် ခွဲဝေရရှိမည့် အမေရိကန်ဒေါ်လာ(၅)သန်းအနက်မှ ကနဦးအနေဖြင့် အိန္ဒိယနိုင်ငံ အစိုးရပိုင် HINDUSTAN Prefab Limited မှ ထုတ်လုပ်သော Prefabricated Housing ယူနစ်(၂၅၀)လုံးကို ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ နံ့သာတောင်ကျေးရွာ (ရခိုင်တိုင်းရင်း သားများ)အတွက် (၄၂)လုံး၊ ရွှေဇားကျေးရွာ (ဟိန္ဒူဘာသာဝင်များ) အတွက် (၁၄၈)လုံး၊ ကြိမ်ချောင်းတောင်(မွတ်စလင်များ)အတွက် (၆၀)လုံးတို့ကို  အိန္ဒိယနိုင်ငံအစိုးရက ဆောက်လုပ် ပေးသွားမှာ ဖြစ်ပါတယ်။ 

၈။ တင်ပြပါ ဝန်ကြီးဌာနအသီးသီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ လျာထားစီမံကိန်းများကို မိမိတို့ဝန်ကြီးဌာနက ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြား၍ညှိနှိုင်းအစည်းအဝေးများပြုလုပ် ကာ ရွေးချယ်အတည်ပြု ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၉။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်၊ မြောက်ဦးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့် စပ်လျဉ်း၍  မြန်မာ-အိန္ဒိယနှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရ၏ ထောက်ပံ့ငွေအမေရိကန်ဒေါ်လာ(၂၅)သန်းကို ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးကို တိုက်ရိုက်အကျိုးရှိစေမည့် စီမံကိန်းလုပ်ငန်းများကို ရွေးချယ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ အကျိုးရှိစွာ စီမံခန့်ခွဲသုံးစွဲသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR