လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးမောင်မောင်အုန်း၊ မဲဆန္ဒနယ်အမှတ်(၅)၊ ဧရာဝတီတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အတွင်းရှိ ရေလှောင်တမံဆည်များ၊ ရေကာ ကွယ်ရေး တာများတွင် အမြင့်ဆုံးခံနိုင်ရည်ရှိ ရေမှတ်ထက် ကျော်လွန်ပါကအရေးပေါ် ရေပို ရေလွှဲစနစ်များရှိ/မရှိနှင့် ရှိပါက အဆင့်အလိုက် အန္တရာယ်ကာကွယ်စီမံထားမှုများကို သိရှိလိုခြင်း၊ ရေလှောင်တမံများနှင့်ရေကာတာများခိုင်ခံ့မှုကို ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပူးပေါင်းစစ် ဆေးမှု ရှိ/မရှိနှင့် သဘာဝဘေးအန္တရာယ်ကျ ရောက်သော ဒေသများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျပ် (၂၀)ဘီလီယံ သုံးစွဲသွား မည်ဟု ကြားသိရပြီး ယင်းငွေများကို ကြိုတင် စီမံမှု အနေဖြင့် အရေးပေါ် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်များ၊ အရေးပေါ် စီမံဆောင်ရွက်မှု လုပ်ငန်းစဉ်များ မည်သည့်အတိုင်းအတာထိ ရှိနေသည်ကို သိရှိလိုခြင်း

၂။ဦးအေးမင်းဟန် မဲဆန္ဒနယ်အမှတ်(၁) မွန်ပြည်နယ်၊
မေးမြန်းထားရှိတဲ့ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်းရှိ မြို့နယ်များတွင် ခိုကိုးရာမဲ့ တောင်းရမ်း စားသောက်နေသူများအား ပြုစု စောင့်ရှောက်၍၎င်းတို့ဘဝများ ပြန်လည်ရှင်သန် လာအောင် လုပ်ဆောင်ပေးမည့် စီမံကိန်းတစ်ရပ်  ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိ

၃။ဦးဌေးဦး အမှတ်(၂)မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး၊
မေးမြန်းထားရှိတဲ့ ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၅ခုနှစ်၊ ဇွန်လ(၅)ရက်နေ့ ပြဋ္ဌာန်းခဲ့သော မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပုဒ်မ ၄ အရ “မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ ”ကို မည်သည့်အချိန်တွင် ဖွဲ့စည်းမည်၊ မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာနည်းဥပဒေကို မည်သည့်အချိန်တွင် ရေး ဆွဲပြီးစီးပြဋ္ဌာန်းနိုင်မည်ကို သိရှိလိုခြင်း

၄။ဦးကျော်ကျော် မဲဆန္ဒနယ်အမှတ်(၄) ရခိုင်ပြည်နယ်၊
မြောက်ဦးမြို့တွင် ရေကြီးရေလျှံမှုများ နှစ်စဉ် ဆက်တိုက်ဖြစ်ပွားလျက်ရှိလာရာမြို့နေ ပြည်သူ လူထုအတွက် ရေကြီးနစ်မြုပ်ခံရမှု အန္တရာယ်မှ လွတ်ကင်းနိုင်စေရန် လိုအပ်ချက် များကို စနစ် တကျ လေ့လာမှုများ ပြုလုပ်ပြီး ရေတို၊ ရေရှည်စီမံချက်များဖြင့် ပြုလုပ်ဆောင် ရွက်ပေးသွားမည့် အစီအစဉ် ရှိ/မရှိ


၅။ဦးဇယ်ခေါင် အမှတ်(၃)မဲဆန္ဒနယ် ကချင်ပြည်နယ်၊
ကချင်ပြည်နယ်အတွင်းရှိအစိုးရအုပ်ချုပ်မှုနယ်မြေအတွင်း စစ်ရှောင်စခန်းများကို လစာရိက္ခာ တိုးမြှင့်ကူညီ ပံ့ပိုးပေးနိုင်ရေး၊ အလုပ်အကိုင် ရှာဖွေဖန်တီးနိုင်ရေး၊ နေစရာအခန်းများကို တိုးချဲ့ဆောက်လုပ်ပေးနိုင်ရေး၊ လုပ်ကိုင်စား သောက်ရန် သင့်တင့်သော မြေနေရာတွင် သင့်တင့်သော အကျယ်အဝန်းရှိ အိမ်၊ခြံမြေ ကွက်များ ဖော်ဆောင်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ


၆။ဦးဝင်းအောင် မဲဆန္ဒနယ်အမှတ်(၃) စစ်ကိုင်းတိုင်းဒေသကြီး၊
မေးမြန်းထားရှိတဲ့ လမ်းဘေးလေလွင့် ကလေး သူငယ်များဘဝ လုံခြုံရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ပညာသင်ကြားရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ မှတ်ပုံ တင် ရရှိရေးအတွက် အစီအမံများချမှတ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ


၇။ဒေါက်တာကျော်သန်းထွန်း မဲဆန္ဒနယ်အမှတ်(၃)မှ   မန္တလေးတိုင်းဒေသကြီး၊
လေလွင့်လူငယ်များအား ပြုပြင်ထိန်းသိမ်း ခြင်းနှင့် တာဝန်ပေးထမ်းဆောင်စေခြင်း တို့ဖြင့် အသွင်ပြောင်းကာ အနာဂတ်နိုင်ငံ တော်၏  သားကောင်းများအဖြစ်ဖန်တီးပေး နိုင်ရန်  စီစဥ်ဆောင်ရွက်ပေးနိုင်မှု  ရှိ/မရှိ 


အမှတ်စဉ်(၁) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၅)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်း မေးမြန်းထားရှိတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ရေလှောင်တမံဆည်များ၊ ရေကာကွယ်ရေးတာများတွင် အမြင့်ဆုံးခံနိုင်ရည်ရှိ ရေမှတ်ထက် ကျော်လွန်ပါက အရေးပေါ် ရေပို ရေလွှဲ စနစ်များ ရှိ/မရှိနှင့် ရှိပါက အဆင့်အလိုက်အန္တရာယ် ကာကွယ်စီမံထားမှုများကို  သိရှိလိုခြင်း၊ ရေလှောင်တမံများနှင့် ရေကာတာများ ခိုင်ခံ့မှုကို ပြည်တွင်းပြည်ပ ပညာရှင်များနှင့်ပူးပေါင်းစစ်ဆေးမှုရှိ/မရှိနှင့်သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျပ်(၂၀)ဘီလီယံ သုံးစွဲသွားမည်ဟု ကြားသိရပြီး ယင်းငွေများကို ကြိုတင်စီမံမှုအနေဖြင့် အရေးပေါ် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်များ၊ အရေးပေါ် စီမံဆောင်ရွက်မှုလုပ်ငန်းစဉ်များ မည်သည့် အတိုင်းအတာထိ ရှိနေသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအတွက်သုံးစွဲခြင်း

၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သဘာဝဘေး အန္တရာယ်ကျရောက်သောဒေသများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်   ရှာဖွေ ကယ်ဆယ်ရေး  လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကောလင်းမြို့နယ်အတွက် ဖိုင်ဘာစက်လှေ(၃)စီး ဝယ်ယူ ထောက်ပံ့ပေးခဲ့ခြင်း ကုန်ကျငွေကျပ်(၅)သန်း၊ ကလေးမြို့နယ်အတွင်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် စက်လှေ(၁၀)စီး ဝယ်ယူထောက်ပံ့ပေးခြင်း ကုန်ကျငွေကျပ် (၁၅.၁၁)သန်း၊ ကလေးမြို့နယ်ရှိမြစိမ်း၊ မြလင်းကျေးရွာ များမှ အိမ်ထောင်စု (၆၂)စုအား အသင့်ဆောက်လုပ်ပြီး နေအိမ်အစား ပြောင်းရွှေ့တည်ဆောက် စရိတ်အဖြစ် တစ်အိမ်လျှင် ငွေကျပ်(၀.၃၅)သန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂၁.၇)သန်း၊ ရခိုင်ပြည် နယ်၊ မြေပုံမြို့နယ်၊ ဝဘော်ကြီးကျေးရွာ၊ အလယ်ကျင်းကျေးရွာ၊ ပြင်ငမူချောင်းကျေးရွာများတွင် Cyclone Shelter (၃)လုံး၊ တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာ၊ ကုလားရောင်ကျေးရွာ၊ ဂျီပြင် ကျေးရွာများတွင်  Cyclone Shelter   (၃)လုံး၊  စုစုပေါင်း(၆)လုံးအတွက်  ငွေကျပ်သန်း (၆၀၀)နှင့် ကျောက်ဖြူမြို့နယ် ဘိုးဘွားရိပ်သာ စင်္ကြန်လမ်းအတွက် ငွေကျပ်(၂၇.၃၆)သန်း၊ ဆိုင်ကလုန်း မုန်တိုင်း ရွန်နု(ROANU)ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် ဘေးအန္တရာယ်များ ဖြစ်ပေါ်လာ ပါက အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးနိုင်ရန်အတွက် ဆန်(၁၅၀) အိတ်၊ ခေါက်ဆွဲ‌ခြောက် (၁၀၀)ဖာ ဝယ်ယူခြင်းနှင့် ဆိုင်ကလုန်းမုန်တိုင်းရွန်နု (ROANU) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  ဆောင်ရွက်ရန်ကုန်ကျငွေ ကျပ် (၅၃.၄၆၅)သန်း၊ သဘာဝဘေးသင့်ပြည်သူများသို့ထောက်ပံ့ရန် အတွက်ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုးအပြင် ထပ်မံတိုးမြှင့်ထောက်ပံ့မည့် ပစ္စည်းများဖြစ်သည့် ကျောင်း ဝတ်စုံ၊စတီးဓါး၊ဟင်းခတ်ဇွန်း၊ သောက်ရေခွက်တို့အား အမှတ်(၃)အကြီးစားစက်မှု လုပ်ငန်းမှ ဝယ်ယူခြင်းအတွက် ကုန်ကျငွေကျပ်(၄၀.၉၀၀)သန်း၊ SSB ဝယ်ယူခြင်း အတွက် ကုန်ကျငွေကျပ် (၆.၀၉၂)သန်း၊ စုစုပေါင်းငွေကျပ် (၇၆၉.၆၂၇)သန်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ပါသည်။

၂၀၁၆ခုနှစ်၊အယ်နီညိုကြောင့်ရေရှားပါးမှုနှင့်ပတ်သက်၍သုံးစွဲခြင်း 

၄။ ၂၀၁၆ခုနှစ်၊ ဧပြီ(၁၇)ရက်မှစ၍ မေ(၃၁)ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း အယ်လ်နီညို ကြောင့်ရေရှားပါးသောတိုင်းဒေသကြီး/ပြည်နယ်များသို့ သောက်သုံး ရေသန့်(၃၁၃၃၀)လီတာနှင့် သောက်သုံးရေ(၆၃၃၁၄၄)ဂါလံတို့ ဖြန့်ဝေပေးခဲ့ပြီး ကုန်ကျငွေကျပ်(၉.၄၅၅)သန်း၊သောက်သုံးရေများ ဖြန့်ဝေရာတွင် အသုံးပြုရန်အတွက် ရေပုံးဝယ်ယူခြင်း  ကုန်ကျငွေကျပ်(၂.၂)သန်း၊ရေတွင်း၊ရေကန် တူးဖော်ခြင်းများ၊ ရေသန့်စက်များ ထောက်ပံ့ခြင်းနှင့် ယာယီရေလှောင်ကန် ပြုလုပ်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရေတွင်း(၁၆၉)တွင်း၊ ရေကန် (၄၈)ခုတို့အား တူးဖော်ပေးနိုင်ခဲ့ပြီး ရေသန့်စင်စက်(၇)လုံးနှင့် မိုးကာစပေါင်း (၂၃၉)စတို့အတွက် ကုန်ကျငွေကျပ်(၂၀၆.၅၃၃)သန်း၊ ရေတွင်းများ ပြန်လည် သန့်စင်ရန်အတွက်ဆီဖိုးငွေကျပ်(၁.၆)သန်း၊ စုစုပေါင်းငွေကျပ် (၂၁၉.၇၈၈) သန်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ပါသည်။

ဘေးသင့်ပြည်သူများအတွက်သုံးစွဲခြင်း

၅။ ၂၀၁၆ခုနှစ်၊ဧပြီလမှဇွန်လအထိ ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် အချို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်းများကြောင့် ဘေးသင့် ပြည်သူများအတွက် ဆန်၊ အိမ်ဆောက်ပစ္စည်း၊ အစားအစာများ ထောက်ပံ့ခြင်း၊ ၂၀၁၆ခုနှစ်၊ ဇွန်လမှ ဇူလိုင်လအတွင်း တိုင်းဒေသကြီး/ ပြည်နယ်များတွင်ဖြစ်ပွားခဲ့သော ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း၊ တိုက်ပွဲရှောင်ပြည်သူများထောက်ပံ့ခြင်း၊ချင်းပြည်နယ်၊တွန်းဇံမြို့နယ်၊တွီးလီချောင်း ဖျားရှိ သဘာ၀မြေပြိုဆည် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများအတွက် ထောက်ပံ့ခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ရာ ကချင်ပြည်နယ်အတွက်ငွေကျပ်(၈၁.၀၈၁)သန်း၊ မန္တလေးတိုင်းဒေသကြီးအတွက် ငွေကျပ်(၃၀၄.၄၇)သန်း၊ ရှမ်းပြည်နယ်အတွက်ငွေ ကျပ်(၂၁၃.၈၃)သန်း၊ ဧရာဝတီတိုင်းဒေသကြီး အတွက် ငွေကျပ်(၈၀.၁၇၁)သန်း၊ ရခိုင်ပြည်နယ်အတွက် ငွေကျပ်(၄၁၂.၇၈၀)သန်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွက် ငွေကျပ်(၂၆၃.၈၇၃)သန်း၊ ပဲခူးတိုင်းဒေသကြီးအတွက် ငွေကျပ်(၇၇.၃၆)သန်း၊ မကွေးတိုင်းဒေသကြီးအတွက် ငွေကျပ်(၂၃၁.၀၁)သန်း၊ ကယားပြည်နယ်အတွက် ငွေကျပ်(၁.၅)သန်း၊ ချင်းပြည်နယ်အတွက် ငွေကျပ်(၂၆၉.၁၁၆)သန်း၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးအတွက် ငွေကျပ် (၃၅.၈၆၇)သန်းကိုလည်းကောင်း သုံးစွဲခဲ့သဖြင့် စုစုပေါင်း ငွေကျပ်(၁၉၇၁.၀၅၈)သန်းကိုလည်း ကောင်း၊ ထောက်ပံ့ရေးလုပ်ငန်းဆောင်ရွက်မှုများအတွက် သယ်ယူပို့ဆောင်ရေးစရိတ်ကုန်ကျငွေ၊ စက်သုံးဆီ စရိတ်များ၊ ခရီးစရိတ်များ၊ Fax ငွေလွှဲခများနှင့် ကြိုတင်အသုံး စရိတ်ပေးပို့ထားမှု အတွက် ကျပ်သန်း(၅၃.၅၉၉)သန်း သုံးစွဲခဲ့သဖြင့် စုစုပေါင်း ငွေကျပ်(၂၀၂၄.၆၅၇) သန်းကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ ပေးခဲ့ပါသည်။

လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက်သုံးစွဲခြင်း

၆။ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချိုင်ကျေးရွာတွင်် ပြောင်းရွှေ့နေအိမ်(၅၄)လုံးဆောက်လုပ်ရန် ထောက်ပံ့ခြင်းငွေကျပ်(၁၆.၂၀၀)သန်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီးမြောက် IDPs စခန်းရှိ(၈)ခန်းတွဲတန်းလျား ရှည်(၁၂)လုံး ပြုပြင်ရန်ထောက်ပံ့ခြင်း ကုန်ကျငွေကျပ်(၆၀.၀၀၀)သန်း၊ တရုတ်နိုင်ငံအစိုးရမှ  လှူဒါန်းသည့် Assembled Board  House များဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ခြင်းအတွက်  ကုန်ကျငွေကျပ် (၃၂.၅၇၂)သန်း ၊ ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများအတွက်ငွေကျပ် သန်း(၅၀)၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ IDPs စခန်းတွင် အိမ်ထောင်စု(၁၅၁)စု အတွက် အိမ်သာများ ဆောက် လုပ်ရန် ထောက်ပံ့သည့် ကုန်ကျငွေကျပ် (၁၅.၁၀၀)သန်း၊ မင်းဂံရပ်ကွက်ရှိအိမ်‌ြေခ(၁၅၁)လုံး မီတာတပ်ဆင်ရန်အတွက် ငွေကျပ်(၁၅.၁၀၀)သန်း၊ စုစုပေါင်းငွေကျပ်(၁၈၈.၉၇၂)သန်းကို အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ပါသည်။

၇။ သို့ဖြစ်ပါ၍ ငွေကျပ်ဘီလီယံ(၂၀) ထည့်သွင်းထားသည့် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ သဘာ၀ဘေးအန္တရာယ်ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများအတွက် သုံးစွဲ ငွေ ကျပ်(၇၆၉.၆၂၇)သန်း၊ ၂၀၁၆ခုနှစ်၊ အယ်နီညိုကြောင့်ရေရှားပါးမှုနှင့်ပတ်သက်၍ ငွေကျပ်(၂၁၉.၇၈၈ ) သန်း၊ ဘေးသင့်ပြည်သူများအတွက် သုံးစွဲငွေကျပ် (၂၀၂၄.၆၅၇)သန်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအတွက်သုံးစွဲငွေကျပ်(၁၈၈.၉၇၂)သန်း၊ စုစုပေါင်းငွေကျပ် (၃၂၀၃.၀၄၄)သန်း သုံးစွဲထားပါသည်။

ဟင်္သာတခရိုင်အတွင်းရှိ ဆည်၊ ရေလှောင်တမံများနှင့် ရေဘေးကာကွယ်ရေးတာများ၏အခြေအနေ

၈။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ကွန်ချောင်း ဆည်၏ လွန်ခဲ့သည့် (၁၀)နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ စီးဝင်းရေမှာ(၁၇၅၀၀၀)ဧက ပေဖြစ်ပြီး ဆည်၏ကန်ရေပြည့်ရေသို လှောင်ပမာဏမှာ(၉၈၄၀၀)ဧကပေဖြစ် ပါသည်။ စီးဝင်ရေစုစုပေါင်းမှ ပိုလျှံသော (၇၀၀၀၀)ဧကပေ ခန့်အား ကွန်ချောင်း ဆည်ပင်မရေပိုလွှဲနှင့် အကူရေပိုလွှဲများမှ ထုတ်နုတ်ပါသည်။ ကွန်ချောင်းဆည် ပင်မရေပိုလွှဲ(အလျား ၁၅၀ ပေ)မှ ထုတ်နုတ်နိုင်သည့် အမြင့်ဆုံးဒီဇိုင်းရေထု စီးနှုန်းမှာ (၂၀၀၀၀) ကုဗပေ/စက္ကန့် (တစ်ရက်လျှင် ၃၉၆၀၀ ဧကပေ)ဖြစ်ပြီး အကူ ရေပိုလွှဲအမှတ်(၁) (အလျား၁၅၀ပေ)၊ အကူရေပိုလွှဲအမှတ်(၂)(အလျား၁၅၀ပေ)နှင့် အကူရေပိုလွှဲအမှတ်(၃)(အလျား ၁၀၀ ပေ)တို့မှ ထုတ်နုတ်နိုင်သည့် အမြင့်ဆုံး ဒီဇိုင်းရေထု စီးနှုန်းမှာ(၁၅၁၀၀)ကုဗပေ/စက္ကန့် (တစ်ရက်လျှင် ၃၀၃၀၀ ဧကပေ) ဖြစ်ပါသည်။

၉။ ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊အင်္ဂပူမြို့နယ်၊ နန်ကသူဆည်၏ လွန်ခဲ့သည့် (၁၆)နှစ် အတွင်း နှစ်စဉ် ပျမ်းမျှစီးဝင်ရေမှာ (၂၀၅၉၀၀)ဧကပေဖြစ်ပြီး ဆည်၏ ကန်ရေပြည့် ရေသိုလှောင် ပမာဏမှာ(၄၀၀၀၀)ဧကပေဖြစ်ပါသည်။ နန်ကသူဆည် ပင်မရေပိုလွှဲ(အလျား ၁၈၀ ပေ)မှ ထုတ်နုတ် နိုင်သည့် အမြင့်ဆုံး ဒီဇိုင်းရေထုစီးနှုန်းမှာ(၂၀၅၆၆)ကုဗပေ/စက္ကန့် (တစ်ရက်လျှင် ၄၇၀၉၂ ဧကပေ) ဖြစ်ပြီး အကူရေပိုလွှဲအမှတ်(၁)(အလျား ၁၂၀ ပေ)၊အကူရေပိုလွှဲအမှတ်(၂) (အလျား ၁၉၄ ပေ) တို့မှ ထုတ်နုတ်နိုင်သည့် အမြင့်ဆုံးဒီဇိုင်းရေထု စီးနှုန်းမှာ (၁၈၅၄၆)ကုဗပေ/စက္ကန့် (တစ်ရက်လျှင် ၃၆၇၈၅ ဧကပေ)ဖြစ်ပါသည်။

၁၀။ ထူးကဲမိုးသည်းထန်စွာရွာသွန်းမှုကြောင့်အမြင့်ဆုံးခံနိုင်ရည် ရေမှတ်ထက် မကျော်လွန် စေရန် ရေပိုလွှဲများကို ဒီဇိုင်းထုတ်တည်ဆောက်ထားခြင်းဖြစ်ရာ ကွန်ချောင်းဆည်နှင့် နန်ကသူ ဆည်တို့၏ နှစ်စဉ်ပျမ်းမျှထုတ်နုတ်ရသည့် ပိုလျှံရေပမာဏကို ရေပိုလွှဲများ၏ ဒီဇိုင်းထုထည်စီးနှုန်း အရ လုံလောက်စွာ ထုတ်နုတ် နိုင်သည်ကို တွေ့ရှိရပါသည်။ ကွန်ချောင်းဆည်ရေပိုလွှဲများမှ စီးထွက်ပိုလျှံ ရေသည် အလုံချောင်းမှတစ်ဆင့် ကွန်ချောင်း၊ ယင်းမှတစ်ဆင့် ပရှဉ်းချောင်း (ဖားတရှဉ်းချောင်း)သို့ စီးဆင်းပြီးကြံခင်းနှင့် မြန်အောင်မြို့နယ်နယ်နိမိတ်အနီးတွင် ဧရာဝတီမြစ် အတွင်းသို့ စီးဝင်းရာ ရေစီးဆင်းရာ လမ်းကြောင်းတစ်လျှောက်တွင် ကျေးရွာနှင့်လူနေအိမ်ခြေများ ထိခိုက်ပျက်စီးမှုလည်းမရှိနိုင်ပါ။ နန်ကသူဆည် ရေပိုလွှဲမှစီးထွက်သောပိုလျှံရေသည်နန်ကသူ ချောင်းမှငဝန်မြစ်အတွင်း တိုက်ရိုက် စီးဝင်ပြီး ရေစီးဆင်းရာ လမ်းကြောင်းတစ်လျှောက်ကျေးရွာနှင့် လူနေအိမ်ခြေများ ထိခိုက်ပျက်စီးမှုလည်းမရှိပါ။

၁၁။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ပြီး ထိန်း သိမ်းထားသော ကွန်ချောင်း၊ နန်ကသူ၊ ကညင်၊ မမြ ရေလှောင်တမံများရှိပြီး အဆိုပါရေလှောင်တမံ များ၏ ရေဆင်းဧရိယာများအတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်း၍ စီးဝင်ရေများပြားစွာဝင်ရောက် ပြီး ကန်ရေပြည့်သိုလှောင်နိုင်သော ရေမှတ်ထက်ကျော်လွန်လာပါက ရေပိုလွှဲများမှ နိုင်နင်းစွာ လွှဲထုတ်နိုင်ရန် ဒီဇိုင်းပြုတည်ဆောက် ထားသည့်အပြင် ရေလှောင်တမံ တစ်ခုချင်း၏ နှစ်စဉ်ပျမ်းမျှ ရေစီးဝင်မှုအခြေအနေအရ အရေးပေါ်အကူရေပို လွှဲများကိုလည်း လိုအပ်သလို ထည့်သွင်းတည် ဆောက်ထားပါသည်။

၁၂။ ထို့ပြင် တွေ့ကြုံခဲ့ရသည့် ရေကြီးရေလျှံမှုဖြစ်စဉ်များအပေါ်အခြေခံ၍ ရေလှောင်တမံများ တွင် လက်ရှိသိုလှောင်ထားသော  ရေလှောင်ပမာဏနှင့်  မိုးရွာ သွန်းမှုများကြောင့်  နေ့စဉ် စီးဝင်ရေ ပမာဏ၊ ကန်ရေပြည့်သို့လှောင်နိုင်သော ပမာဏတို့အား ချိန်ဆတွက်ချက်ပြီး  တမံ၏ သိုလှောင်ရေ အား ကြိုတင်လျှော့ချ ထားရန်လိုအပ်လာပါက တမံ၏အောက်ပိုင်းတွင် နေထိုင်သောပြည်သူများ မထိခိုက် စေဘဲ ရေကြိုတင်လျှော့ချထားနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါသည်။

၁၃။ ဟင်္သာတခရိုင်အတွင်းရှိ ရေဘေးကာကွယ်ရေးတာများအား ဟင်္သာတမြို့၏ မြစ်ရေမှတ် (၄၇.၆၀)ပေအထိ ခံနိုင်ရည်ရှိရန် တည်ဆောက်ထားသော်လည်း ပြီးခဲ့သည့် ၂၀၁၅ခုနှစ်တွင် ဧရာဝတီ မြစ်၏ ဟင်္သာတမြို့တွင် အမြင့်ဆုံးတက်ခဲ့ သည့် စံချိန်တင်ရေမှတ်(၄၈.၁၅)ပေအထိ  ခံနိုင်ရည် ရှိစွာဖြင့် တောင့်ခံနိုင်ခဲ့ပြီးဖြစ် ပါသည်။ သို့ရာတွင် တည်ဆောက်ခဲ့သည့် နှစ်ကာလကြာမြင့်ပြီဖြစ်ပြီး မြေသားဖြင့် တည်ဆောက်ထားခြင်းကြောင့် ဌာနအနေဖြင့် အမြဲတမ်းသတိပြု ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါသည်။အန္တရာယ်ရှိသော အခြေအနေအထိ မြစ်ရေမှတ်များ မြင့်တက်လာ ခဲ့ပါက သဘာဝမြေမျက်နှာပြင် နိမ့်မြင့်အနေအထားနှင့် လူမှုစီးပွား ပတ်ဝန်းကျင်အရေးပါမှု အခြေအနေများအပေါ် မူတည်၍    အရေးကြီးဒေသများ ထိခိုက်မှုနည်းပါးစေရန် အရေးပေါ် ရေလွှဲပေါက်များကို ယခင်ကာလများက သတ်မှတ်ထားခဲ့သော်လည်း သက်ဆိုင်ရာဒေသ အလိုက် ရေဘေးအန္တရာယ် လုံခြုံရေး ကာကွယ်ဆောင်ရွက်လာခဲ့သည့်အတွက် အဆိုပါရေလွှဲပေါက်များ မရှိ တော့ပါ။ ဧရာဝတီမြစ်နှင့် သဘာဝအရ ရေစီးရေလာ ဆက်စပ်နေသောမြစ်များ၊ ချောင်းများသည်သာ ရေလွှဲပေါက်များဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ကွန်ချောင်း၊ နန်ကသူ၊ ကညင်၊ မမြ ရေလှောင်တမံများ တည်ဆောက်ရာတွင်ဒီဇိုင်းပုံစံတွက်ချက်ရေးဆွဲမှု၊ တည်ဆောက်အကောင်အထည် ဖော်မှုတို့ကို ဆည်းမြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာပညာရှင်များဖြင့်သာ တည်ဆောက်အကောင်အထည် ဖော်ခဲ့ပြီး တည်ဆောက်စဉ်ကာလ တစ်လျှောက်လုံးတွင်လည်း ဒီဇိုင်းပြုထားသည့်အတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ မြေကြီးလုပ်ငန်းနှင့် ကွန်ကရစ် လုပ်ငန်းများအတွက် တည်ဆောက်ရေးပစ္စည်းများ၏ အရည်အသွေးနှင့် တည်ဆောက်မှု အရည်အသွေးများကို အရည် အသွေးထိန်းချုပ် စစ်ဆေးရေးအဖွဲ့များဖြင့် ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းတည်ဆောက် ပြီးနောက်တွင်လည်းဌာနမှ သတ်မှတ်ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများ အတိုင်း တမံ၏ ကြံ့ခိုင်မှုအား အပတ်စဉ်စစ်ဆေးပြီး ပုံမှန်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။

၁၄။ ထို့အတူ ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုနှင့် လုံခြုံစိတ်ချနိုင်မှု အခြေအနေများကိုလည်း မိုးရာသီမရောက်မီကတည်းက ကြိုတင်စစ်ဆေးပြီး လိုအပ်သည့် ကြိုတင်ကာကွယ်မှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ မိုးရာသီ မြစ်ရေ မြင့်တက်လာချိန်တွင်လည်း (၂၄)နာရီ ရေကင်းချ၍ စောင့်ကြည်‌့စီမံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင် ရွက်မှုအနေဖြင့်    ဂျပန်အပြည်ပြည်ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေး   အေဂျင်စီ (JICA)နှင့် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ နယ်ယာလန်နိုင်ငံများမှ ပညာရှင် အဖွဲ့များ အခါအားလျော်စွာ လာရောက်၍ ရှေ့ပြေးစီမံကိန်း(PILOT PROJECT) များ ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာအကူအညီပေးခြင်း၊ သင်တန်း ပို့ချခြင်း များ စသည်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။



MOS

DSW

DDM

DOR