ကရင်ပြည်နယ်အမျိုးသမီးကော်မတီအစည်းအဝေးကို (၂-၇-၂၀၂၁) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ပြီး ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးအတွင်းရေးမှူးက ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီ များ ပြင်ဆင်ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ပြည်နယ်အမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန် များ၊  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်များအပေါ် ဖြေရှင်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများကအမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်ချက်များအားဆွေးနွေးကြပြီးကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ 


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR