ကရင်ပြည်နယ်အမျိုးသမီးကော်မတီအစည်းအဝေးကို (၂-၇-၂၀၂၁) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ပြီး ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးအတွင်းရေးမှူးက ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီ များ ပြင်ဆင်ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ပြည်နယ်အမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန် များ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်များအပေါ် ဖြေရှင်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများကအမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်ချက်များအားဆွေးနွေးကြပြီးကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
နောက်ဆုံးရသတင်းများ
ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အသိပညာပေးဟောပြောပွဲ
၁၀ စက်တင်ဘာ ၂၀၂၄
ဧရာဝတီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေး
၀၉ စက်တင်ဘာ ၂၀၂၄
ကလေးသူငယ်အသိပညာပေး ဟောပြောပွဲ (ဧရာဝတီတိုင်းဒေသကြီး)
၀၄ စက်တင်ဘာ ၂၀၂၄
လူမှုရေးပညာဘာသာရပ် အထောက်အကူပြုသင်တန်းဖွင့်လှစ်ခြင်း
၂၉ ဇူလိုင် ၂၀၂၄
အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ (မန္တလေး)
၂၄ ဇူလိုင် ၂၀၂၄