ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

ဦးစီးဌာနသမိုင်းအကျဉ်း

     ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ အချိန်ကတည်းက စတင်ပေါ်ပေါက်ခဲ့သော ဌာနတစ်ခုဖြစ်ပါသည်။ ၁၉၄၅ခုနှစ်တွင် လူမှုရေးရာနှင့် ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးဝန်ရုံးပေါ်‌ပေါက်ခဲ့ပြီး စစ်ပြေးချေးငွေများ ပြန်လည်ကောက်ခံ ခြင်းနှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များကိုဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၈ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အချိန်တွင် ပညာရေး၊လူမှုရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပြီး မူလလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ခဲ့ပါသည်။(၁-၁၁-၁၉၅၁)နေ့တွင် ပညာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပြီး စစ်ပြေးချေးငွေပြန်လည် ကောက်ခံခြင်း၊ သောင်းကျန်းမှုကြောင့် ရပ်ရွာအိုးအိမ်များ စွန့်ပစ်ရသူများ၊ အိုးအိမ်ဖျက်ဆီးခံရသူ များကို ကယ်ဆယ်ထောက်ပံ့ခြင်းနှင့် ပြန်လည်နေရာချထားခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ (၁၇-၃-၁၉၅၂) နေ့တွင် လူနည်းစုရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်း၍ စစ်ပြေးချေးငွေများကောက်ခံခြင်း၊ ကယ်ဆယ် ရေးထောက်ပံ့မှုများ ဆောင်ရွက်ခြင်းနှင့် ပြန်လည်နေရာချထားခြင်းလုန်ငန်းများကို ဆောင်ရွက်ခဲ့ပါ သည်။(၃ဝ-၁-၂ဝ၁၈)ရက်နေ့တွင် "ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန" ဟုအမည်ပြောင်းလည်းဖွဲ့စည်းခဲ့ပါသည်။

      ၁၉၅၃ ခုနှစ်တွင် လူမှုဝန်ထမ်းလုပ်ငန်းများ ပေါ်ပေါက်လာရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၊ ၁၉၅၇ ခုနှစ်တွင် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါ သည်။ ၁၉၇၂ ခုနှစ်တွင် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံးညီ ညွတ်ရေးဝန်ကြီးဌာနကို ဖျက်သိမ်း၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပြီး လူမှုဝန်ထမ်းဝန်းကြီးဌာန လက်အောက်ခံဦးစီးဌာနအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ၁၉၉၂ ခုနှစ်တွင် လူမှုဝန်ထမ်းဝန်ကြီးဌာနအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဉီးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ပါသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • (က)  သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဒုက္ခသည်များအား လတ်တလော စားဝတ်နေရေး သက်သာချောင်ချိမှု ရရှိစေရေးအတွက် အထောက်အပံ့ပေးရန်၊
  • ( ခ)   သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးရန်၊

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ အဓိက လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • (က)ဘေးသင့်ပြည်သူများ လတ်တလော စားဝတ်နေရေး ပြေလည်စေရန် ထောက်ပံ့ခြင်း၊
  • (ခ)မြစ်နှင့်ပင်လယ်အတွင်း သဘာဝဘေးကြုံတွေ့မှုကြောင့် ပြည်တွင်း၊ ပြည်ပနယ်မြေ ရပ်ခြားသို့ ရောက်ရှိသွားသူများအား ထောက်ပံ့ခြင်း၊
  • (ဂ)လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကြောင့် ထွက်ပြေးတိမ်းရှောင်သူများအား ထောက်ပံ့ခြင်း၊
  • (ဃ) ငတ်မွတ်ဘေးကျရောက်သူများအား ထောက်ပံ့ခြင်း၊
  • (င)ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ခြင်း၊
  • (စ)သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

နိုင်ငံတော်၏ ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေးစနစ်များနှင့်အညီ ပြည်သူတို့၏ ဘေးဒုက္ခ ကြုံတွေ့ခံစားနေရမှုများအား ကူညီထောက်ပံ့ပေးခြင်း၊ အနာဂတ်လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘေးကင်းလုံခြုံသော ဝန်းကျင်ကောင်းဖြစ်လာစေရေးအတွက် အထောက်အကူ ပြုစေရန် ရည်ရွယ်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် အရာထမ်း(၁၁၂၀)ဦး၊ အမှုထမ်း (၅၈၁၄)ဦး၊ စုစုပေါင်း (၆၉၃၄)ဦးဖြင့် ဖွဲ့စည်းထားပြီး ဦးစီးဌာန(ရုံးချုပ်)တွင်အောက်ဖော်ပြပါ ဌာန (၇)ခုဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပါသည်-

  • ၁။ စီမံဘဏ္ဍာဌာန
  • ၂။ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးဌာန(အထက်မြန်မာပြည်)
  • ၃။ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးဌာန(အောက်မြန်မာပြည်)
  • ၄။ သဘာဝဘေးလျော့ပါးရေးဌာန
  • ၅။ ဖြည့်တင်းရေးဌာန
  • ၆။ ညှိနှိုင်းဆောင်ရွက်ရေးနှင့် သုတေသနဌာန
  • ၇။ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏

ဖွင့်ပြီး/ ဖွင့်ရန်ကျန်ဦးစီးမှူးရုံးများစာရင်း

စဉ် ဦးစီးမှူးရုံး ရှိရင်း ဖွင့်ပြီး ဖွင့်ရန်ကျန် မှတ်ချက်
တိုင်း/ပြည်နယ် ၁၅ ၁၅ -
ခရိုင် ၇၃ ၅၂ ၂၁
မြို့နယ် ၃၂၇ ၉၂ ၂၃၅
သင်တန်းကျောင်း ( ၁ ) ကျောင်း

ဘဏ္ဍာနှစ်အလိုက်ဝန်ထမ်းခန့်ထားမှုအခြေအနေ

"ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ယခင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန)"တွင် တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးချုပ်များ
၁။ ဦးအုန်းမြင့် ၁၉၇၂ ခုနှစ် မှ ၁၉၇၉ ခုနှစ်အထိ
၂။ ဦးသာဇံအောင် ၁၉၇၉ ခုနှစ် မှ ၁၉၈၉ ခုနှစ်အထိ
၃။ ဦးစောသိန်း ၁၉၈၉ ခုနှစ် မှ၁၉၉၉ ခုနှစ်အထိ
၄။ ဦးသန်းဦး ၁၉၉၉ ခုနှစ်မှ၂၀၀၉ ခုနှစ်အထိ
၅။ ဦးမြင့်ထွန်း ၂၀၀၉ ခုနှစ်မှ၂၀၁၀ ခုနှစ်အထိ (မီးသတ်ညွှန်ချုပ်ဖြစ်ပြီး ကယ်ဆယ်ရေး ညွှန်ချုပ်တာ၀န်ကို ပူးတွဲထမ်းဆောင်ခြင်း ဖြစ်ပါသည်။)
၆။ ဦးစိုးအောင် (၁၄-၁-၂၀၁၀) မှ (၄-၅-၂၀၁၅) နေ့အထိ
(၅-၅-၂၀၁၅)နေ့ မှ (၁၁-၅-၂၀၁၆)နေ့အထိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခြင်း ဖြစ်သည်။)
၇။ ဒေါက်တာကိုကိုနိုင် (၂၇-၅-၂ဝ၁၆) မှ (၂၆-၁၀-၂ဝ၂၂) နေ့အထိ
၃၀-၉-၂၀၂၀ နေ့မှစ၍ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် တာဝန်နှင့် ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် တာဝန်ကို ပူးတွဲ ထမ်းဆောင်ပါသည်။
8။ ဒေါ်လဲ့လဲ့အေး (၇-၁၂-၂ဝ၂၂) နေ့ မှ ယနေ့အထိ

MOS

DSW

DDM

DOR