နိုင်ငံတော်အတွင်း အချိန်ကာလအလျောက်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျပြုလုပ်ထားနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာသည့်အခြေအနေတွင် ကယ်ဆယ်ရေးကူညီထောက်ပံ့ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းကောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ (၁၃-၈-၂၀၂၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၅) ဖြင့် " အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ" ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ(၁၂)ခုကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ (၁၉-၉-၂၀၂၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄/၂၀၂၅၊ ၅/၂၀၂၅၊ ၆/၂၀၂၅၊ ၇/၂၀၂၅၊ ၈/၂၀၂၅၊ ၉/၂၀၂၅၊ ၁၀/၂၀၂၅၊ ၁၁/၂၀၂၅၊ ၁၂/၂၀၂၅၊ ၁၃/၂၀၂၅၊ ၁၄/၂၀၂၅၊ ၁၅/၂၀၂၅ တို့ဖြင့် -
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊
ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကော်မတီ၊
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊
အသက်မွေးဝမ်းကြောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၊
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊
ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊
ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၊
လုံခြုံရေးလုပ်ငန်းကော်မတီ နှင့်
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ တို့အား ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမှုများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၇ အရ" ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့"ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ (၃၀-၉-၂၀၂၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈၃/၂၀၂၅ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၇ အရ " မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့"ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၏ (၃၀-၉-၂၀၂၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈၄/၂၀၂၅ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၇ အရ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမပါ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ "တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့"ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၏ (၃၀-၉-၂၀၂၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈၅/၂၀၂၅ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

