မူဝါဒ

မူဝါဒ

  • ၁။   အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝ ရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူ ဖြစ်စေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထုလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေး၊
  • ၂။   ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ် စေရေးနှင့် ဘေးဒဏ်ခံစားရသော ပြည်သူများ အတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝ ရရှိစေရေး
  • ၃။   လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူပြည်သားများသာတူညီမျှ ရရှိခံစားစေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊
  • ၄။   ပြည်သူလူထု၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း များနှင့် ပွင့်လင်းမြင်သာ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရန် ဦးတည်ဆောင်ရွက်ရေး။

အမျိုးအစား ဌာနအမည် ခေါင်းစဉ် ဖတ်ရန် ဒေါင်းလုပ်
လူမှုဝန်ထမ်းဦးစီးဌာန လူငယ်ရေးရာမူဝါဒ ဖတ်ရန် ဒေါင်းလုပ်
လူမှုဝန်ထမ်းဦးစီးဌာန မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ ဖတ်ရန် ဒေါင်းလုပ်