နောက်ခံအချက်အလက်များ
- အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်း - CEDAW ဆိုသည်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများအတွက် အဖွဲ့ဝင်နိုင်ငံ များမှလိုက်နာဖြည့်ဆည်းရမည့် လူ့အခွင့်အရေးဥပဒေဿများ၊ သဘောတရားများ၊ လုပ်ဆောင်မှု နှင့် တာဝန်ဝတ္တရားများအတွက် စံနှုန်းများကို သတ်မှတ်ပြဋ္ဌာန်းထားသည့် နိုင်ငံတကာလူ့အခွင့် အရေး စာချုပ်တစ်ခု ဖြစ်ပါသည်။
- အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်း - CEDAW ကို ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ သဘောတူချမှတ်ခဲ့ပြီး ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် စတင်အသက်ဝင် ခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၉ နိုင်ငံ ပါဝင်ဝင်ရာက်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုမှ သဘောတူထောက်ခံသည့် လူ့အခွင့်အရေးစာချုပ်များအနက် တစ်ခု ဖြစ်ပါသည်။
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအား အတည်ပြုပြီးနောက် (၁၈) နှစ်အကြာ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့တွင် UNCEDAW သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါသည်။
CEDAW ၏ စည်းမျဉ်းသုံးရပ်
- စစ်မှန်သော တန်းတူညီမျှမှု (Principle of Substantive Equality)
- ခွဲခြားပစ်ပယ်ခြင်းကင်းမှု (Principle of Non-Discrimination)
- အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဝတ္တရားများ (Principle of State Obligation)
ဖွဲ့စည်းတည်ဆောက်ပုံ
- အပိုဒ် (၁) - အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်မှု၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊
- အပိုဒ် (၂) – (၄) - နိုင်ငံတော်အစိုးရ၏ တာဝန်ဝတ္တရားများ၊
- အပိုဒ် (၅) – (၁၆) - အမျိုးသမီးများတန်းတူအခွင့်အရေးရရှိရေးအတွက် ဆောင်ရွက် ရမည့် အချက်များ၊
- အပိုဒ် (၁၇) – (၂၂)- CEDAW ကော်မတီနှင့် လုပ်ထုံးလုပ်နည်းများ၊
- အပိုဒ် (၂၃) – (၃၀)- CEDAW စာချုပ် စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ။
မြန်မာနိုင်ငံ၏ UNCEDAW အစီရင်ခံစာတင်သွင်းမှုအခြေအနေများ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်ရွက်မှုများအား ကွန်ဗင်းရှင်းအပိုဒ် (၁၈)နှင့်အညီ အစီရင်ခံစာများကို အောက်ဖော်ပြပါအတိုင်း တင်သွင်းခဲ့ပါသည်-
- ကနဦးအစီရင်ခံစာ (၁၉၉၉ ခုနှစ်)
- ဒုတိယနှင့်တတိယအကြိမ် ပူးတွဲအစီရင်ခံစာ (၂၀၀၇ ခုနှစ်)
- စတုတ္ထနှင့် ပဉ္စမအကြိမ် ပူးတွဲအစီရင်ခံစာ (၂၀၁၅ ခုနှစ်)
- ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏အခြေအနေနှင့် ပတ်သက်သည့် သီးခြားအစီရင်ခံစာ (၂၀၁၉ ခုနှစ်)
အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း စတုတ္ထ နှင့် ပဉ္စမအကြိမ် ပူးတွဲအစီရင်ခံစာကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ သွားရောက် ဖြေကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏အခြေအနေနှင့် ပတ်သက်၍ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေး (CEDAW) ကော်မတီ အစည်းအဝေးက မေးမြန်းလာသည့် မေးခွန်း (၁၂) ခုအပေါ် ပြန်လည်ဖြေကြားထားသည့် သီးခြား အစီရင်ခံစာကို CEDAW ကော်မတီသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် တင်သွင်းခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၂ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်သည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးကော်မတီ ၏ (၇၂) ကြိမ်မြောက် လုပ်ငန်းအဖွဲ့အစည်းအဝေး ကာလအတွင်း မြန်မာနိုင်ငံမှ တင်သွင်းသည့် သီးခြားအစီရင်ခံစာနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့်ကော်မတီအကြား ကျင်းပပြုလုပ်ခဲ့သော CEDAW ကော်မတီ ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က သွားရောက်ဖြေကြားခဲ့ပါသည်။
အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း