အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ၁-၁၀-၂၀၂၆ ရက်၊ နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၏ဇနီး၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နှင့် နေပြည်တော်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်လွင်မီသင်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် သက်ကြီး ပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

     ဦးစွာ နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် သက်ကြီးပုဂ္ဂိုလ်များအရေးကို အလေးထားဆောင်ရွက်နေမှုများကို ပြည်သူများ သတိပြုမိစေရန်နှင့် သက်ကြီးပုဂ္ဂိုလ်များအပေါ် လေးစားကြည်ညိုတတ်သည့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းနိုင်စေရန် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် (၁၉၉၉)ခုနှစ်ကတည်းက မပျက်မကွက် ကျင်းပခဲ့ရာ ယခုတွင် ၂၈ ကြိမ် ရှိလာပြီ ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်ကောင်းမွန်လာပြီး လူတစ်ဦးချင်း၏ မျှော်မှန်းသက်တမ်းမြင့်မားလာမှု၊ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာမှုနှင့် ရွှေ့ပြောင်းသွားလာသူ များပြားလာမှုများကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးတွင် လူကြီးနှင့် လူငယ်ဦးရေ အချိုးအစားပြောင်းလဲလာပြီး သက်ကြီးပုဂ္ဂိုလ်ဦးရေ မြင့်တက်လျက်ရှိရာ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်အနက် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဦးရေသည် ၆.၅ သန်းကျော်ရှိကြောင်း၊ ထို့ကြောင့် သက်ကြီးပုဂ္ဂိုလ်များကို ပြီးပြည့်စုံသည့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပြုစုစောင့်ရှောက်မှုနှင့် လူမှုရေးဝန်ဆောင်မှုများပေးရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ ဆောင်ပုဒ်အဖြစ် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့က "Older Persons Driving Local and Global Action Our Aspirations, Our Well-Being, Our Rights” “ဘဝချမ်းသာ အခွင့်အရေးများရရှိရေး သက်ကြီးသူများ ဦးဆောင်ပါဝင်ပေး” လို့ သတ်မှတ်ပေးခဲ့ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးအရ အထီးကျန်ဆန်ခြင်းကို လျှော့ချပေးနိုင်ရန်အတွက် စံနမူနာပြအဖြစ် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ တစ်ခုကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ဖွင့်လှစ်ပေးနိုင်ခဲ့ရာ ယခုအခါ သက်ကြီးပုဂ္ဂိုလ် ၄၈ ဦး၏ အသိပညာဗဟုသုတ၊ အတွေ့အကြုံနှင့် ဝါသနာပါရာလုပ်ငန်း များကို လုပ်ဆောင်နိုင်သော လူမှုအသိုက်အဝန်းတစ်ခုအဖြစ် ဖန်တီးဆောင်ရွက်ပေးထားပါ‌ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများအ‌နေဖြင့် ယခုနှစ် ဆောင်ပုဒ် ဖြစ်သည့် “The Age of Longevity: Rethinking Systems for Longer Lives” “သက်ရှည်ကျန်းမာ ခေတ်သစ်ဆီ စနစ်သစ်များဖြင့် လျှောက်လှမ်းမည်” ဆောင်ပုဒ်နှင့်အညီ သက်ကြီးပုဂ္ဂိုလ်များ၏ အရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

      ထို့နောက် သက်ကြီးပုဂ္ဂိုလ် ပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းကို ပြသခဲ့သည်။

     ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသည့် ဘိုးဘွားများအတွက် ဂါရဝလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။ ထို့နောက် တက်ရောက်လာသော ဘိုးဘွားများကိုယ်စား သက်ကြီး ပုဂ္ဂိုလ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

     အဆိုပါအခမ်းအနားတွင် ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် နေပြည်တော် သက်ကြီး ရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ သက်ကြီးပုဂ္ဂိုလ် ၃၆ ဦးအတွက် လူသုံးကုန်၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများနှင့် ဂါရဝပြုလှူဒါန်းငွေများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

 

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR