၂၃-၉-၂၀၂၆ရက် နေ့လယ် ၁၃း၀၀ နာရီအချိန်တွင်  တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး အစည်း အဝေးခန်းမတွင် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၆)အား ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဌ လူမှုရေးရာဝန်ကြီး ဦးလှကြွယ် မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး ကော်မတီ အတွင်း ရေးမှူးဒေါ်ဆွေဆွေလင်းမှ အစည်းအဝေးတွင် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှုအခြေအနေ၊ သက်ကြီးရွယ်အိုသက်သေခံကတ်ပြားစာရင်း ကောက်ယူခြင်းပုံစံနှင့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပခြင်းတို့အား ရှင်းလင်း တင်ပြခဲ့ပြီးနောက် ကော်မတီအဖွဲ့ဝင်များမှလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြရာ လူမှုရေးရာ ဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်း၍ လမ်းညွှန်မှာကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR