လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုရေးပင်စင် ထောက်ပံ့ခြင်းအစီအစဉ်နှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးအား (၂၆.၄.၂၀၂၁)ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် Zoomမှတစ်ဆင့် ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ လူမှုဝန်ထမ်းဦးစီးမှူးများ တက်ရောက် ခဲ့ပါသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှလူမှုရေးပင်စင် ထောက်ပံ့သည့်အစီအစဉ်ကို ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ အသက် (၉၀)နှစ်နှင့်အထက် အဘိုး၊ အဘွားများကို တစ်ဦး တစ်လလျှင် (၁၀,၀၀၀)ကျပ် နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်မှ စတင်၍ အသက်(၈၅)နှစ်နှင့် အထက်သို့ အသက်လျှော့ချ၍ ထောက်ပံ့ခဲ့ရာ မျှော်မှန်းသက်တမ်းတိုးမြင့်လာခြင်းကြောင့် လက်ရှိ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် ဘိုးဘွားပေါင်း (၂၄၉,၂၄၁)ဦးအတွက် ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ရာတွင် နိုင်ငံတော်ဘတ်ဂျတ်ရန်ပုံငွေမှ သုံးစွဲ ထောက်ပံ့ နေရသည့်အတွက် အလေအလွင့်မရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လူမှုရေး ပင်စင်ထောက်ပံ့ခြင်း မှတ်တမ်းစာအုပ်များအား စာရင်းစစ်အစစ်‌ဆေးခံနိုင်ရေးအတွက် ပြင်ဆင် ထားရန်လိုပါကြောင်း၊ Social Pension Data Entry သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ငွေများအား အမှန်တကယ် အကျိုးခံစားခွင့်ရှိသူများထံသို့ ရောက်ရှိနိုင်ရေးဆက်စပ်ဌာနများနှင့် ညှိနှိုင်းဆောင်ရွက် သွားရန် လိုပါကြောင်း၊  လူမှုဝန်ထမ်း လုပ်ငန်းရပ်များသည် ရပ်တန့်နေ၍မရသည့်အတွက် လစ်ဟာမှုမရှိ စေရေး ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လူမှုရေးပင်စင် ဒုတိယသုံးလပတ်ထောက်ပံ့မှုအား ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်းနှင့် လက်တလောအခြေအနေများအရ သက်မှတ်ကာလထက်နောက်ကျ နေရသည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက အကျိုးခံစားခွင့်ရှိသူများ နားလည်အောင် ရှင်းလင်းပြောကြားပေးရန်လိုအပ် ကြောင်း၊ လူမှုဝန်ထမ်းဦးစီးမှူးများက မိမိတို့ ဆောင်ရွက်နေသည့် အခြေအနေများ၊ အခက်အခဲ များ ဆွေးနွေးတင်ပြရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR