သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် (၁၀.၁.၂၀၂၂)ရက်နေ့မှ (၄.၃.၂၀၂၂)ရက်နေ့ အထိဖွင့်လှစ်ခဲ့သောသက်ကြီးရွယ်အိုများအတွက်ပြုစုစောင့်ရှောက်သူ(Caregiver) သင်တန်း(အခမဲ့) အပတ်စဉ်(၁၁) သင်တန်းဆင်းပွဲအခမ်းအနားအား (၄.၃.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်း လက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ထို့နောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဉီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပါသည်။

 အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၂၇)ဉီး တက်ရောက်ခဲ့ကြပြီး သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ(Caregiver) သင်တန်းအပတ်စဉ်(၁)မှ အပတ်စဉ်(၁၁)ထိ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းတက်ရောက်ပြီးသူ စုစုပေါင်း(၃၀၂)ဉီးရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR