၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ကရင်ပြည်နယ်၊ ဇွဲကပင်ခန်းမ၌ (၂-၇-၂၀၂၁) ရက်နေ့တွင်ကျင်းပခဲ့ပြီးပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့်ဇနီးနန်းဘေဘီမြင့်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ပြည်နယ်၊ခရိုင်၊မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဦးစောမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားပြီးကရင်ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးဦးကျော်စိုးကမြန်မာအမျိုးသမီးများနေ့ကျင်းပရခြင်း၏ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားအားကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီဆောင်ရွက် ခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR