ဖေဖော်ဝါရီလ (၁၇) နေပြည်တော်

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရန်နှင့်  မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းရန်အတွက် ‌ဆွေးနွေးညှိနှိုင်း အစည်းအ‌‌ဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ  တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

 ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် ကိုယ်ဝန်ဆောင်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ ဝန်ဆောင်မှုများပေး၍ ဆောင်ရွက်နေရသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ အမျိုးသမီးကဏ္ဍမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ လူမှုရေး နယ်ပယ်မှာလည်း ကျယ်ဝန်းပါကြောင်း၊  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတော်အဆင့် ကျင်းပခဲ့ခြင်းသည် ကောင်းမွန်သည့်အစဉ်အလာဖြစ်ပါကြောင်း၊ အမျိုးသမီးများအင်အားသည် တိုင်းပြည်အင်အားဖြစ်ပါကြောင်း၊ ယခင်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားအား နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ် မတ်လ(၈) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အား Covid -19 အခြေအနေနှင့် ဆီလျော်သည့်ပုံစံဖြင့် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြရမည် ဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏ တန်ဖိုးထားရသော အထိမ်းအမှတ်အခမ်းအနားလည်း ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်တို့မှ ၂၀၂၁ ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရန် ဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့်  မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီအဆင့်ဆင့်ပြန်လည် ဖွဲ့စည်းရန်အတွက် အဆိုပြုဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်အကြံပြုခြင်းနှင့် ပြည်ထောင်စုဝန်ကြီး က လမ်းညွှန်မှာကြားခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 


Source: MOSWRR

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR