မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ(၃)ခု၊ အမျိုးအသမီးဂေဟာ (၁) ခု၊ ဘိုးဘွားရိပ်သာ (၄) ခု၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်း (၈၄) ကျောင်းတို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေများပေးအပ်ခြင်း၊ အခမ်းအနားကို ၂၄.၉.၂၀၂၆ ရက်၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန့်မ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကအဖွင့်အမှာစကားပြောကြားပြီး ထောက်ပံ့ကြေးများကို မွန်ပြည်နယ်အတွင်း လူမှုဝန်ထမ်းဦးစီး ဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီး လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၃) ခု၊ အမျိုးသမီးဂေဟာ (၁)ခု၊  ဘိုးဘွားရိပ်သာ (၄) ခုနှင့် လူငယ့်ရိပ်သာ (၁) ခုတို့အတွက် ထောက်ပံ့ငွေ (၇၈.၆၈) ကျပ်သန်းနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၈၄) ကျောင်းကို ထောက်ပံ့ငွေ (၈၉.၀၄)ကျပ်သန်း၊ စုစုပေါင်းထောက်ပံ့ငွေ (၁၆၇.၇၂၂) ကျပ်သန်းအား (၂၀၂၆-၂၀၂၇) ခု၊ ဘဏ္ဍာရေးနှစ်အတွက် စေတနာ့ ဝန်ထမ်းအဖွဲ့အသီးသီးသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

    ထို့နောက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားလုံးကိုယ်စား မုဒုံဘိုးဘွားရိပ်သာကြီးကြပ်မှု ကော်မတီစာရင်းစစ် ဒေါ်ဆုမြတ်သက်ထွန်းက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို နံနက် ၁၀:၃၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။


   အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ရုံးမှဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ ပရဟိတ ဂေဟာများမှ တာဝန်ရှိသူများ၊ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ စုစုပေါင်း အင်အား (၁၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။







နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR