လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊ ရွှေအင်ကြင်း(၂)လမ်း၌ (၂၂-၉-၂၀၂၆) ရက်နေ့ (၁၁း၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သော လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ ဘေးသင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၅,၀၀ဝိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁၀၇၆၇၈/-)အိမ်ထောင်စု (၁) စာတို့အား (၂၃-၉-၂၀၂၆)ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် နဝဒေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။
Source: DDM









