မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးအစီအစဉ်ဖြင့် ကျား/ မရေးရာအမြင်ထည့်သွင်းစဉ်းစားမှု (Gender Mainstreaming) အသိပညာပေးဆွေးနွေးပွဲကို (၂၀-၁၂-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဒေါ်ဝင်းဝင်းမာ (လက်ထောက်ညွှန်ကြားရေးမှူး) က ကျား၊ မရေးရာ (Gender)နှင့် ကျား၊ မ ရေးရာ အမြင်ထည့်သွင်းစဉ်းစားမှု (Gender Mainstreaming) ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးပို့ထားသည့် Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းပြီး အသိပညာပေးဆွေးနွေးပွဲကို နေ့လယ် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။

အသိပညာပေး ဆွေးနွေးပွဲသို့ ခရိုင်/ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ကျား (၁၀) ဦး၊ မ (၂၅) ဦး၊ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြပါသည်။




နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR