၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့တို့နှင့် ပူးပေါင်း၍ အခြေခံပန်းအလှပြင်သင်တန်းအား ၁၁-၆-၂၀၂၆ ရက်၊ ကြာသပတေးနေ့တွင် နေပြည်တော် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဇနီး၊ နေပြည်တော် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်လွင်မီသင်၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ် (၈) မြို့နယ်မှ သင်တန်းသား (၅၀) ဦး တို့တက်ရောက်ခဲ့ပါသည်။

ထို့နောက် သင်တန်းတက်ရောက်လာသူများ၏ ပန်းအလှဆင်ပြင်ဆင်မှုများအား တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ အားပေးစကားများပြောဆိုခဲ့ပြီး သင်တန်းဆရာမအား နေပြည်တော် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက က ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပြီး အခမ်းအနားအား ညနေ ၄:၀၀ နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR