၂၀၂၆ ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနား အား မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ တက်ရောက်၍ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးအောင်မှ ဂုဏ်ပြုအမှာစကားပြောကြားပြီး၊ အခမ်းအနားသို့ ကန်တော့ခံ တက်ရောက်လာသော မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုး ( ၉ ) ဦး နှင့် အဘွား ( ၂၆ ) ဦး တို့အား ကန်တော့ချိုးဖြင့် ကန်တော့ပြီးနောက် ဘိုးဘွားများအား ဝန်ကြီးချုပ်နှင့်ဇနီးမှလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌမှလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများမှလည်းကောင်း လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ပြီး‌နောက် ကန်တော့ခံတက်ရောက်လာသော ဘိုးဘွားများ၏ကိုယ်စား အဘိုး ဦးမြင့်ဆွေမှ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် မေတ္တာပို့သခြင်းများပြုလုပ်ပြီးနောက် ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌတို့မှ ဘိုးဘွားများအား ရင်းနှီးခင်မင်စွာဖြင့် မိတ်ဆက်ခဲ့ပြီး အခမ်းအနားအား နံနက် ( ၀၈း၃၀ ) နာရီအထိ  အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR