၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွင်း တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်/အချုပ်ထောင် အသီးသီးတွင် ထိန်းသိမ်းထားရှိသော အကျဉ်းသူ/အချုပ်သူ ကိုယ်ဝန်ဆောင်မိခင်များနှင့် အကျဉ်းကျ/အချုပ်ကျ မိခင်နှင့်အတူပါလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား တစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀ိ/-နှုန်းဖြင့် ချင်းပြည်နယ်မှအပ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၃)ခုရှိ စုစုပေါင်း အကျဉ်းသူ/ အချုပ်သူကိုယ်ဝန်ဆောင် အကျိုးခံစားခွင့်ရှိသူဦးရေ(၄၀)ဦး၊ အကျဉ်းသူ/အချုပ်သူ မိခင်နှင့်အတူပါလာသည့် အသက် (၂) နှစ်အောက်ကလေး(၁၇၄) ဦး၊ စုစုပေါင်း အကျိုးခံစားခွင့်ရှိသူဦးရေ (၂၁၄) ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ၉,၆၃၀,၀၀၀ိ/- (ကျပ်ကိုးဆယ့်ခြောက်သိန်းသုံးသောင်း)တိတိအား ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR