စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ၂၀၂၆ ခုနှစ်၊ မတ်လ(၁၈) ရက်က ကျင်းပခဲ့ပါသည်။

        အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်မှ သင်တန်းနည်းပြဆရာမကြီး ဒေါ်ခင်နွဲ့ (ညွှန်ကြားရေးမှူး၊ငြိမ်း)ထံသို့ ဂုဏ်ပြု‌ချီးမြှင့်ငွေ သုံးသိန်းကျပ်တိတိကိုလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ အကနည်းပြဆရာ ဒေါ်ချိုတာလွင်ထံသို့ ဂုဏ်ပြု‌ချီးမြှင့်ငွေ သုံးသိန်း ကျပ်တိတိကိုလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ  ခြင်းတောင်းယက် နည်းပြဆရာမ ဒေါ်အေးမြတ်သီတာမိုးထံသို့ ဂုဏ်ပြု‌ချီးမြှင့်ငွေ သုံးသိန်းကျပ်တိတိကိုလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်မှ Eco Printနှင့် Tie Dye သင်တန်း သင်တန်းနည်းပြဆရာမ ဒေါ်နီလာလှိုင်ထံသို့ ဂုဏ်ပြု‌ ချီးမြှင့်ငွေ တစ်သိန်းကျပ်တိတိကိုလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးမှ သင်တန်းသူများကိုယ်စား သင်တန်းသူ (၂)ဦးအား သင်တန်းဆင်း လက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးမှ သင်တန်းဆင်း အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့ပါသည်။

      ဆက်လက်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းသူများမှ အကအလှများဖြင့်လည်းကောင်း ပုံပြင်၊ ပြဇာတ်၊ မူကြိုကဗျာများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

      ၎င်းနောက် သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR