Naypyitaw State Academy (NSA) ၊ အင်္ဂလိပ်စာဌာနမှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/ သူ (၃)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ဌာနခွဲများ၊ မူလတန်းကြိုကျောင်းနှင့် နေပြည်တော်ကလေးပြုစုရေးဌာနသို့ ၁-၁၀-၂၀၂၄ ရက်မှ ၈-၁၀-၂၀၂၄ ရက်အထိ လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship Program) လာရောက်ခဲ့ပါသည်။ အဆိုပါလေ့လာခဲ့သည့် ကာလအတွင်းရရှိခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြသည့် အစီအစဉ်အား ၉-၁၀-၂၀၂၄ ရက်၊ နေ့လယ် ၁၃:၀၀ နာရီ အချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြပါသည်။ 

Naypyitaw State Academy (NSA) ၊ အင်္ဂလိပ်စာဌာနမှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/ သူ (၃) ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနတွင် လေ့လာခဲ့သည့် အကြောင်းအရာများ၊ ရရှိလာသည့် အကျိုးကျေးဇူးများ ရှင်းလင်းတင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship Program) ပြီးဆုံးသည့် Internship Completion Certificate လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မွန်းလွဲ ၁၅:၄၅ နာရီတွင် အတွေ့အကြုံရှင်းလင်းပွဲအစီအစဉ် ပြီးဆုံးခဲ့ပါသည်။ 


နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR