မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ မွန်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၄.၈.၂၀၂၂ ) ရက်နေ့တွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက လက်ရှိကူညီဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် တွေ့ကြုံရသည့်အခက်အခဲများ၊ ဆောင်ရွက်ပေးနိုင်မှုများကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ Volunteer စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
နောက်ဆုံးရသတင်းများ
ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အသိပညာပေးဟောပြောပွဲ
၁၀ စက်တင်ဘာ ၂၀၂၄
ဧရာဝတီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေး
၀၉ စက်တင်ဘာ ၂၀၂၄
ကလေးသူငယ်အသိပညာပေး ဟောပြောပွဲ (ဧရာဝတီတိုင်းဒေသကြီး)
၀၄ စက်တင်ဘာ ၂၀၂၄
လူမှုရေးပညာဘာသာရပ် အထောက်အကူပြုသင်တန်းဖွင့်လှစ်ခြင်း
၂၉ ဇူလိုင် ၂၀၂၄
အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ (မန္တလေး)
၂၄ ဇူလိုင် ၂၀၂၄