တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု၊ တိုင်ကြားမှုယန္တရားနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၃၀.၉.၂၀၂၅ ရက်၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ဘုရင့်နောင်ခန်းမ၌ အမျိုးသမီး ကော်မတီအဖွဲ့ဝင် (၁၂) ဦးဖြင့် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူးက အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့် ပတ်သက်သည့် ကော်မတီဖွဲ့စည်းထားမှုများ၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၂၁၀၆ ၊ အပိုဒ် (၁၀) အရ အကောင်အထည်ဖော်ရမည့်အချက် (၃) ချက်၊ ဦးစားပေးကဏ္ဍ (၆) ရပ်၊ အကောင်အထည်ဖော်မည့်လုပ်ငန်းနယ်ပယ်နှင့် အခန်းကဏ္ဍများ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ကျား၊မဆိုင်ရာ အကြမ်းဖက်ဖြစ်ရပ်များဖြစ်ပေါ်ပါက ဆက်သွယ်တိုင်ကြားအကူအညီ ရယူနိုင်မှုတို့နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများအား Power Point ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ခရိုင်အမျိုးသမီးကော်မတီဝင်ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြချက်များပါ လုပ်ငန်းဆောင်ရွက်မှုများအား ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် လိုအပ်သည်များ ဖြည့်စွက်ခြင်းတို့အား ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌမှ ပြန်လည်ဆွေးနွေးကာ အစည်းအဝေးကို မွန်းလွဲ (၁၄:၄၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR