ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူ‌ဇော်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်က ကျင်းပခဲ့ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ အသက် (၈၅) နှစ်နှင့်အထက် အဘိုး/အဘွားများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ စုစုပေါင်း (၂၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပထမဦးစွာ “နမောတသ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကာ တက်ရောက်လာကြသော အဘိုး/ အဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပါသည်။ ဆက်လက်၍ အဘိုး/အဘွားများအား ကန်တော့ငွေနှင့်လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုး/အဘွားများကိုယ်စား အဘိုး (၁) ဦးမှ ဆုတောင်းစကားပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် အဘိုး/အဘွားများအား ကုသိုလ်ဖြစ်ဆေးခန်းတွင် အခမဲ့ဆေးစစ်ခြင်း၊ ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် အသက် (၈၅)နှစ်အထက် အဘိုး/အဘွား (၂၄၇) ဦးအတွက် တစ်ဦးလျှင် အလှူငွေကျပ် (၅၀,၀၀၀) နှုန်းနှင့် လှူဖွယ်ပစ္စည်းတန်းဘိုး ကျပ်(၄၃,၀၀၀)နှုန်း စုစုပေါင်း (၉၃,၀၀၀) နှုန်းဖြင့် လှူဒါန်းမှု စုစုပေါင်းကျပ် (၂၂,၉၇၁,၀၀၀) လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။

 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR