စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ရာ တက်ရောက်သူ စုစုပေါင်း (၉၇)ဦး တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘိုးဘွားရိပ်သာ(၇)ခု၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၁)ကျောင်း၊ စေတနာမူလတန်းညကျောင်း(၂) ကျောင်း၊ လူငယ်ရိပ်သာ(၁)ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများကို ထောက်ပံ့ကြေးငွေပေးအပ်ခဲ့ပါသည်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ ကိုယ်စား ကိုယ်စားလှယ်(၁)ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
နောက်ဆုံးရသတင်းများ
ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အသိပညာပေးဟောပြောပွဲ
၁၀ စက်တင်ဘာ ၂၀၂၄
ဧရာဝတီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေး
၀၉ စက်တင်ဘာ ၂၀၂၄
ကလေးသူငယ်အသိပညာပေး ဟောပြောပွဲ (ဧရာဝတီတိုင်းဒေသကြီး)
၀၄ စက်တင်ဘာ ၂၀၂၄
လူမှုရေးပညာဘာသာရပ် အထောက်အကူပြုသင်တန်းဖွင့်လှစ်ခြင်း
၂၉ ဇူလိုင် ၂၀၂၄
အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ (မန္တလေး)
၂၄ ဇူလိုင် ၂၀၂၄