၂၀၂၅ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို (၂၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀:၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် အကြမ်းဖက်မှုပပျောက်ရေး မှတ်တမ်း Video Clip တို့အား ပြသခဲ့ပါသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊   ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များက ခန်းမအတွင်းခင်းကျင်းပြသထားသော အိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်ကျောင်းနှင့် မော်လမြိုင် (OSWSC)မှ သင်တန်းသူများ၏ အိမ်တွင်းမှုထုတ် ကုန်များနှင့်မုန့်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ခင်းကျင်းထားသည့် ပြခန်းများအား ကြည့်ရှု အားပေးကြပြီး  အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးကော်မတီ ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊   ပြည်နယ်အတွင်းရှိ အမျိုးသမီးလူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်းအင်အား (၅၄၀) ဦးကျော် တက်ရောက်ခဲ့ကြပါသည်။





နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR