၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်က စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် အမျိုးသမီးသက်မွေး အတတ်ပညာများဖြစ်သည့် Eco Print သင်တန်း၊ ခြင်းယက်လုပ်နည်းသင်တန်း များဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ (၄) ရက် အထိ သင်တန်းတစ်ခုလျှင် သင်တန်းသား (၂၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ခြင်းယက်လုပ်နည်း သင်တန်းကို မန္တလေးမြို့၊ အမျိုးသမီးသက်မွေးပညာသင်ကျောင်းမှ ဆရာမကိုယ်တိုင် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး Eco Print သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဆရာမ ကိုယ်တိုင်သင်တန်းပို့ချပေးသွားမည်ဖြစ်သည်။


သင်တန်းကို တက်ရောက်ခြင်းအားဖြင့် အမျိုးသမီးများအတွက် တနိုင်တပိုင် အိမ်တွင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်သွားနိုင်မည်ဖြစ်ပြီး အမျိုးသမီးများအတွက် အလုပ်အကိုင် ရှားပါးခြင်းများ လျော့ချပေးနိုင်မည်ဖြစ်သည်။ ဤသို့ဖြင့် မြန်မာနိုင်ငံအတွင်း အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပြီး စီးပွားရေးကျပ်တည်မှုများကို လျော့ချနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR