၃၀-၁-၂၀၂၆ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် ကျားမအခြေပြုအကြမ်းဖက် မှုဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ခရိုင်ရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးမတီဥက္ကဌ ဦးကျော်စွာထွန်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြား‌ရေးမှူး‌ ဒေါ်ခင်လှနွယ်က ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဖြစ်ပွားလာပါက‌ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကျားမအခြေပြုအကြမ်းဖက်မှုဆိုင်ရာများ‌ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ဆက်သွယ်‌ဆောင်ရွက်ရမည့် Case Manager ဖုန်းနံပါတ်များ၊ ချိတ်ဆက်ညွှန်းပို့နိုင်‌ကြောင်းနှင့် လူမှုဝန်ထမ်းလုပ်ငန်းစဉ်များကို အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR