ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းငွေ ဘိုးဘွားတစ်ဦးလျှင် ကျပ်(၁၅ဝဝဝ)စီကို လှူဒါန်းခဲ့ရာ (၁၁.၁၀.၂၀၂၂) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့ရှိ၊ ကန်တော်ကြီးမင်္ဂလာဘိုးဘွားရိပ်သာမှ ဘိုးဘွား (၃၀)ဦးနှင့် ဘိုကလေးမြို့ရှိ ဘိုးဘွား ချမ်းမြေ့ဘိုးဘွားရိပ်သာမှ ဘိုးဘွား (၂၇) ဦးကိုလည်းကောင်း၊ (၁၂.၁၀.၂၀၂၂) ရက်နေ့တွင် ဒေးဒရဲမြို့ရှိ မြတ်စေတနာဘိုးဘွားရိပ်သာမှ ဘိုးဘွား(၈)ဦးအားလည်းကောင်း ၊ ခရိုင်/မြို့နယ် လူမှုဝန်ထမ်းရုံးများ မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တာဝန်ရှိသူများ ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များမှ ကိုယ်စားလှယ်များပူးပေါင်း၍ လှူဒါန်းပေးအပ်ခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ (၉၉ဝဝဝဝ)ကျပ် ဖြစ်ပါသည်။


နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR