ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁.၁၀.၂၀၂၄)ရက် ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ အ.ထ.က(၅) ကျောင်းရှိ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော သက်ကြီးပုဂ္ဂိုလ်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများမှ တောင်ကြီးမြို့ပေါ်ရပ်ကွက်(၂၂)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ် စုစုပေါင်း (၄၆၀)ဦးတို့အား တစ်ဦးလျှင် ကျပ် ၃၀၀၀၀/-နှုန်းဖြင့် စုစုပေါင်းဂုဏ်ပြုပူဇော်ကန်တော့ငွေကျပ် (၁၃.၈) သန်းအပြင် အလှူရှင်များမှ  လှူဒါန်းငွေများ အသီးသီးလှူဒါန်းကြပြီး အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာ ပြန်လည်ပို့သခဲ့ကာ အခမ်းအနားကို နံနက် (၁၁း၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

        အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာမှ အကြီးအကဲများ၊ ကန်တော့ခံအဘိုးအဘွားများ၊ ဖိတ်ကြားထားသော ဧည့်တော်များ စုစုပေါင်း အင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အဆိုးဆုံးရွားပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား

MOS

DSW

DDM

DOR