ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရန်ကုန် တိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ် ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ (၂၄.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန် တွင် အမှတ် ၆၄၊ ကမ္ဘာအေးဘုရားလမ်း၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာဝင်း အတွင်းရှိ  ICT Training Center တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး (ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ)၊ ကော်မတီဝင်ဌာနဆိုင်ရာများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်လူမှုဝန်ထမ်းရုံးများမှ ခရိုင်ဦးစီးမှူးများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာ ကြသည့် ကော်မတီဝင် ဌာနဆိုင်ရာများမှ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပါသည်။ လူမှုရေးရာဝန်ကြီးမှ နိဂုံးချုပ်အနေဖြင့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ခဲ့ပြီး အစည်းအဝေးကို နံနက် (၁၀:၀၀) နာရီတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။















နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR