၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျင်းပပြုလုပ်သည့် မြန်မာနှစ်ဆန်း (၁) ရက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် သက်ကြီးဘိုးဘွား (၁၈၀) ဦးအား ပူဇော်ကန်တော့ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပရခြင်းအား ရှင်းလင်းပြောကြားခဲ့ပြီး သက်ကြီးဘိုးဘွားများအား ဂါဝရတရားရှေ့ထား၍ ကန်တော့ကျိုုးဖြင့် ရှိခိုးကန်တော့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပူဇော်ကန်တော့ခံအဘိုးအဘွားများအား အာမိသပူဇာ ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြီးအဘိုး ၊ အဘွားများအားလုံး ကိုယ်စားအဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သခဲ့ပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR